ပြည်ပကုန်သွယ်မှုသတင်းများ
အဘူဒါဘီ အိမ်ရှေ့မင်းသား Sheikh Khaled Bin Mohamed Bin Zayed AI Nahyan သည် အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိလာကာ မွန်ဘိုင်းတွင် အင်္ဂါနေ့က ကျင်းပသည့် စီးပွားရေးအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်ရည်ရွယ်သည့် အရေးကြီးသော သဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှားမှ မကြာသေးမီက ကျင်းပခဲ့သော လေလံပွဲ၌ လေလံဆွဲသူများသည် ၎င်းတို့၏ မြင့်မားသောဈေးနှုန်းများကို လျှော့ချခဲ့ကြခြင်းကြောင့် ထိုင်းဆန်ဈေးသည် တစ်နှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ပြီး အိန္ဒိယဆန်တင်ပို့မှုမှာလည်း ယခုသီတင်းပတ်အတွင်း အရှုံးပေါ်ခဲ့ပြီး ရှစ်လတာကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့သည်။
အိန္ဒိယဆန်ကွဲ ၅% သည် ယခုသီတင်းပတ်တွင် တစ်တန်လျှင် ကန်ဒေါ်လာ၅၃၄ဖြင့် ဇန်နဝါရီလလယ်ကတည်းက အနိမ့်ဆုံးအနေအထားတွင်ရှိနေခဲ့ပြီး အစောပိုင်းက ကန်ဒေါ်လာ၅၄၀မှ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ဆန်တင်သွင်းမှုသည် ယခုနှစ် ပထမ ၈လအတွင်း မတ်ထရစ်တန်ချိန် ၂.၈သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၁၉% ပိုမိုများပြားခဲ့ကြောင်း နိုင်ငံ၏ စိုက်ပျိုးရေးဌာန DA ၏ အချက်အလက်များအရသိရသည်။
အစားအသောက်နှင့် အဖျော်ယမကာကုမ္ပဏီ Food Empire သည် ဗီယက်နမ်ရှိ အေးခဲ အခြောက်ခံထားသော အသင့်သောက်ကော်ဖီထုတ်လုပ်သည့်စက်ရုံသစ်တစ်ခုတွင် အမေရိကန် ဒေါ်လာသန်း ၈၀ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
အဆိုပါစက်ရုံသည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Binh Dinh ခရိုင်တွင်တည်ရှိပြီး Food Empire ၏ ဒုတိယမြောက်ကော်ဖီထုတ်လုပ်သည့်စက်ရုံဖြစ်လာမည်ဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် ၎င်း၏ပါဝင်ပစ္စည်းများလုပ်ငန်းကို ကြီးထွားလာစေရန်အတွက် ကွဲပြားသောမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ဗုဒ္ဓဟူးနေ့(စက်တင်ဘာလ ၁၁ ရက်)တွင် ပြောကြား ခဲ့သည်။
ပြည်တွင်းစက်မှုလုပ်ငန်းကိုကာကွယ်ရန်နှင့် မြှင့်တင်ရန်အတွက် အိန္ဒိယသည် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းလာသော သံမဏိထုတ်ကုန်အချို့အပေါ် အခွန်အခ ၁၂ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား စည်းကြပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံး သံမဏိထုတ်လုပ်သည့် တရုတ်နိုင်ငံနှင့် ဗီယက်နမ်တို့ကတင်ပို့သော သံမဏိပိုက်များနှင့်ပြွန်များကို လာမည့်ငါးနှစ်အထိ အခွန်ကောက်ခံမည်ဖြစ်ကြောင်း နယူးဒေလီမှ စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်သည့်အမိန့်တွင် ဖော်ပြထားကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ငှက်ပျောသီးစိုက်တောင်သူများ၏ ပြောကြားချက်အရ ငှက်ပျောသီးများ၏ ဝယ်လိုအားများမြင့်တက်လာကာ ဈေးနှုန်းများမှာလည်း တသမတ်တည်းမြင့်တက်လျက်ရှိကြောင်း သိရသည်။ Phatthalung ပြည်နယ် Bang Kaew ခရိုင်ရှိ ငှက်ပျောသီးများစိုက်ပျိုးရေးနှင့် ဘေးကင်းရေးကို အဓိကထားလုပ်ဆောင်သည့်အဖွဲ့အား ဦးဆောင်သူ Somchai Nunual က တစ်ကီလိုလျင် ၁၅ ဘတ်မှ ၃၀ ဘတ်အထိ ဈေးတက်လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ယခုကဲ့သို့ ဈေးနှုန်းများတိုးလာရခြင်းမှာ လူကြိုက်များလာမှုနှင့် မိုးရွာသွန်းမှုနည်းပါးလာခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။
လွန်ခဲ့သောလများအတွင်း နိုင်ငံခြားကုန်သွယ်မှု စံချိန်တင်မြင့်တက်လာမှုနှင့်အတူ လက်ကျန်လများတွင်လည်း ထိုအရှိန်ကို ဆက်လက်ထိန်းထားနိုင်ပါက ဗီယက်နမ်၏ ယခုနှစ် အပြန်အလှန်ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်က တင်ရှိထားသည့် အမေရိကန်ဒေါ်လာ ၇၃၂ ဘီလီယံစံချိန်ကို ချိုးဖြတ်နိုင်ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်လတွင် ပို့ကုန်သွင်းကုန်ပမာဏ သည် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံကျော်ခဲ့ကြောင်း သိရပါသည်။ သီးခြားအနေဖြင့် ဇူလိုင်လ တွင် ခန့်မှန်းအမေရိကန်ဒေါ်လာ ၇၀.၁၁ ဘီလီယံနှင့် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၇၀.၆၅ ဘီလီယံဖြစ်ကြောင်း သိရပါသည်။ ၂၀၂၂ ခုနှစ်တွင် ကုန်သွယ်မှုပမာဏသည် စံချိန်တင် အမေရိကန်ဒေါ်လာ ၇၃၂ ဘ
ဗီယက်နမ်စီးပွားရေးလုပ်ငန်း ၁၅ ခုမှ ပရိဘောဂထုတ်ကုန်များအား UK ၏ ဘာမင်ဂမ်မြို့ တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Source Garden Fair တွင် မိတ်ဆက်ပြသခဲ့သည်ဟု သိရပါသည်။ ယခုအကြိမ်သည် UK ၏ အကြီးမားဆုံး ဥယျာဉ်နှင့် အပြင်ပန်းအလှဆင်ပရိဘောဂကုန်စည်ပြပွဲတွင် ဗီယက်နမ်၏ ပထမဆုံးပါဝင်ဆင်နွှဲမှုဖြစ်ပြီး လက်ကားရောင်းချသူများ၊ လက်လီရောင်းချသူများနှင့် သုံးစွဲသူများ၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်း သိရပါသည်။ ပွဲတော်တွင် ဥယျာဉ်အလှဆင်ပရိဘောဂ၊ လက်မှုပညာထုတ်ကုန်များနှင့် အလှဆင်နည်းပညာများကို ပြသသည့် ကုမ္ပဏီပေါင်း ၇၀၀ မှ ၈၀၀ ကြား ပါဝင်ပြသခဲ့ပြီး UK နှင့်ဥရောပမှ ဝယ်ယူသူ
ဖိလစ်ပိုင်ပြည်တွင်းစားအုန်းဆီလုပ်ငန်းနယ်ပယ်သည် ဥရောပသမဂ္ဂဈေးကွက်တွင် ကြီးထွားရန်တောက်ပသည့် အလားအလာပိုင်ဆိုင်ထားကြောင်း ထိပ်တန်းရင်းနှီးမြှုပ်နှံသူများ၏ ပြောကြားချက်အရ သိရပါသည်။ Davao မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်စားအုန်းဆီကွန်ဂရက်တွင် ထိပ်တန်းဟင်းသီးဟင်းရွက်ဆီထုတ်လုပ်သည့် Aves Merchents Philippines Ine(AMPI) က ပြည်တွင်းစားအုန်းဆီထုတ်လုပ်မှုတွင် သိသာသည့်တိုးတက်မှုရှိကြောင်းနှင့် ဆက် လက်ကြီးထွားရန် အလားအလာပြသနေကြောင်း ပြောကြားခဲ့ပါသည်။ AMPI ၏ မန်နေဂျင်း ဒါရိုက်တာ Jose Leonardo Tanada က ဥရောပသမဂ္ဂတွင် ပြည်တွင်းထုတ်လုပ်သည့် အုန်းဆီ အတွက် ဝယ်လိုအားမြင
ထိုင်းနိုင်ငံ၊ စီးပွားကူးသန်းဝန်ကြီးအသစ်ဖြစ်သူ Pichai Naripthaphan က လူနေမှုကုန်ကျ စရိတ်မြင့်မားမှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အရေးပေါ်စီမံချက်များချမှတ်ရန်၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်(FTA)ဆွေးနွေးမှုများကို အရှိန်မြှင့်တင်ရန်နှင့် တရုတ်ထံမှသွင်း ကုန်များ ဖုံးလွှမ်းလာမှုကို တင်းကြပ်စွာထိန်းချုပ်ရန် ကတိပြုခဲ့ကြောင်း သိရပါသည်။ ၎င်း၏ ပထမဆုံးလုပ်ငန်းတာဝန်ယူသည့်နေ့တွင် Mr.Pichai က ၎င်းသည် စီးပွားကူးသန်းဒုတိယဝန်ကြီး (၂)ဦးနှင့်အတူ ဘေးကြပ်နံကြပ်ကာလရောက်နေသည့် ထိုင်းနိုင်ငံ၏စီးပွားရေးကို မောင်းနှင်ရန် အရေးပါသောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အတွက် အဆင်သင့်ဖြစ်နေ
အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) သည် ၂၀၂၄ ခုနှစ်အကုန်တွင် အစိုးရ၏ အရန်ရိက္ခာဆန်ကို တန်ချိန် ၂ သန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထားပြီး နိုဝင်ဘာလတွင် ဒေသတွင်း ရွေးကောက်ပွဲများမတိုင်မီ ဆန်ဝယ်လိုအား မြင့်တက်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ဇန်နဝါရီလမှ သြဂုတ်လအထိ စုစုပေါင်း တန်ချိန် ၂.၈ သန်း ရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလ၌ တင်သွင်းခဲ့သော ဆန်တန် ၂.၃ သန်းထက် ၁၉ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဦးစီးဌာန (DA) ၏ အချက်အလက်များ အရ သိရသည်။