ပြည်ပကုန်သွယ်မှုသတင်းများ
ဆန်အမျိုးအစားများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) လုပ်ဆောင်မှု နည်းပါးခြင်း၊ ကမ္ဘာ့ရောင်းလိုအား မြင့်တက်လာခြင်းနှင့် နှစ်ကုန်တွင် အိန္ဒိယမှ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ရုပ်သိမ်းနိုင်ခြင်း စသည့် ယှဉ်ပြိုင်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေသော ဆုံးရှုံးနိုင်ခြေရှိသည့် အချက်များစွာကြောင့် ထိုင်းဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် ဆန်တန်ချိန် ၈ သန်း အောက် လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ မဲခေါင်မြစ်ကမ်းရှိ ဆိပ်ကမ်းတစ်ခုတွင် စစ်ဆေးရေးဂိတ် အသစ်တစ်ခု ဖွင့်လှစ်လိုက်သည့်အတွက် ထိုင်းနိုင်ငံမှ သစ်သီးဝလံတင်ပို့သူများအနေဖြင့် ရေ ကြောင်းဖြင့် သစ်သီးဝလံများကို ပိုမိုအဆင်ပြေစွာ တင်ပို့နိုင်မည်ဖြစ်သည်ဟု ထိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ၅-၈-၂၀၂၄ ရက်၊ တနင်္လာနေ့၌ ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်နယ်များအနေဖြင့် e-auction ခေါ် အင်တာနက်ကွန်ယက်စနစ် အသုံးပြုလေလံစနစ်၌ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်း (FCI) ထံမှ အရန်ထားရှိသော ဆန်များကို ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၂၈၀၀ နှုန်းဖြင့် ပြည်တွင်းသို့ ဈေးဖွင့်ရောင်းချပေးမှု အစီအစဉ်အောက်မှ တိုက်ရိုက်ဝယ်ယူနိုင်သည်ဟု စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီး Pralhad Joshi က ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ၏ နယ်မြေဒေသများစွာ၌ ဇူလိုင်လအတွင်း စံချိန်တင်မြင့်မားသည့် အပူ လှိုင်းကျရောက်ခဲ့ရာ ၂၀၂၄ ခုနှစ်အတွက် အစေ့ထုတ်ပြောင်း ရိတ်သိမ်းထွက်ရှိမှုမှာ တန်ချိန် ၆ သန်းခန့် လျော့နည်းဖွယ်ရှိသည်ဟု ယူကရိန်း သီးနှံထုတ်လုပ်သူများသမဂ္ဂက ဩဂုတ်လ ပထမ သီတင်းပတ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် စားသုံးမှုပမာဏအများဆုံး ပဲမျိုးအစားဖြစ်သော ကုလားပဲ၏ ဈေးနှုန်းများသည် ပွဲတော်ရာသီကာလမတိုင်မီ ဝယ်လိုအားမြင့်မားလာမှုအရ လွန်ခဲ့သော ၁ လတာအတွင်း ၁၀% အထိ မြင့်တက်လာခဲ့သည်ဟု ပဲမျိုးစုံလုပ်ငန်းနယ်ပယ်မှ စီမံခန့်ခွဲမှုလုပ်ကိုင်သူများက ပြောကြားကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။
Royal Railway Comgodia (RRC) သည် ၎င်း၏ကုန်စည်ပို့ဆောင်ရေးစွမ်းရည်ကိုမြှင့်တင်ရန်အတွက် မလေးရှားနိုင်ငံမှ ရထားတွဲသစ် ၂၅တွဲကိုတင်သွင်းခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။
ထိုရထားတွဲများအားတင်ဆောင်လာမည့် သင်္ဘောသည် ဇူလိုင်လ ၂၈ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း Royal Railway ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စင်္ကာပူနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံသူ Temasek သည် ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် နည်းပညာ စသည့်ကဏ္ဍာများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတွင် လာမည့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားသည်။
၎င်းသည် US တွင် မယုံနိုင်လောက်အောင်နက်နဲပြီး ကျယ်ပြန့်သော အရင်းအနှီးဈေးကွက်တစ်ခုဖြစ်ကြောင်း Temasek ၏ မြောက်အမေရိကအကြီးအကဲ Jone Aterton က Reuters သို့ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်မှ ကုန်ပစ္စည်းတစ်ခုလျှင် လက်ရှိအခွန် ၆၅% အပြင် အရက်တစ်လီတာလျှင် ပကတိအခွန် VND ၁၆၅၀၀ (၀.၆၅ဒေါ်လာ) ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အဆိုပြု ထားကြောင်း အတိုင်ပင်ခံလုပ်ငန်းအစီအရင်ခံစာအရသိရသည်။
ယင်းကဲ့သို့ အခွန်စည်းကြပ်ခြင်းသည် အရက်သေစာသောက်စားမှုအား ပိုမိုပျံ့နှံ့စေခြင်းမရှိကြောင်း သေချာစေကာ အပြုသဘောဆောင်သော ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ ကိုလည်း ဆောင်ကြဉ်ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ပြောကြားခဲ့သည်။
နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့ (NEA) ၏အဆိုအရ နီပေါ်နိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယသို့ ၁၆.၉၃ဘီလီယ့တန်ဖိုးရှိ လျှပ်စစ်ဓါတ်အားတင်ပို့ခဲ့သည်။ အခြားတစ်ဖက် တွင် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားဝယ်ယူတင်သွင်းရန် Rs ၁၆.၈၁ဘီလီယံသုံးစွဲခဲ့သည်။ ထို့ကြောင့် NEA သည် ထိုသို့လျှပ်စစ်ဓါတ်အားအရောင်းအဝယ်ပြုလုပ်ခြင်းမှ Rs သန်း၁၂၀ကျော်အသားတင်ရရှိခဲ့သည်။
ပြန်လည်သုံးသပ်ကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၄၀ဘီလီယံနီးပါးရှိခဲ့ပြီး ပို့ကုန်စုစုပေါင်းမှာ ဒေါ်လာ ၂၂၆.၉၈ဘီလီယံနှင့် သွင်းကုန် စုစုပေါင်းမှာ ဒေါ်လာ ၂၁၂.၉ဘီလီယံဖြင့် နှစ်စဉ် ၁၅.၇% နှင့် ၁၈.၅% အသီးသီးမြင့်က်ခဲ့သည်။
ပို့ကုန်တန်ဖိုး၏ ပြည်တွင်းကဏ္ဍသည် ၂၇.၈% နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ၁၆.၉% မှ ၁၃၄.၉ ဘီလီယ့အထိမြင့်တက်လာခဲ့သည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် လက်ရှိဆန်တင်ပို့မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားမည်ဆိုပါက ယခုနှစ်တွင် ဆန်တင်ပို့မှုသည် စံချိန်တင်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ဆန်တင်ပို့သည့် GLE ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Vu Tuan Anh က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် ယခင်နှစ်၌ ကျရောက်ခဲ့သော အပူလှိုင်းဒဏ်ကြောင့် ဆန်အရည်အသွေးဆိုင်ရာ ပြဿာနာများ ဖြစ်ပေါ်ခဲ့ပြီး ဖြန့်ဖြူးမှု ကျဆင်းလာခြင်းကြောင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး စိုက်ပျိုးထုတ်လုပ်သူများနှင့် စားသုံးသူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ အချို့သော စူပါမားကတ်များသည် အထိတ်တလန့် ဆန်ဝယ်ယူမှုများကို တားဆီးရန်အတွက် ကန့်သတ်ချက်များ ချမှတ်ထားကြောင်းနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာပြီးနောက် စားသောက်ကုန် ဝယ်လိုအား တိုးလာခြင်းကြောင့် ဈေးနှုန်းများ တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။