ပြည်ပကုန်သွယ်မှုသတင်းများ
Stellantis နှင့် တရုတ်ဘတ်ထရီထုတ်လုပ်သူ CATL တို့သည် စပိန်တွင်အကြီစား ဥရောပ လစ်သီရမ်ဖော့စဖိတ် (LFP) ဘတ်ထရီစက်ရုံတည်ဆောက်ရန်အတွက် ဖက်စပ်လုပ်ငန်းတစ်ခု ဖွဲ့စည်းရန် ယူရို ၄.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃၁ ဘီလီယံ) ရင်းနှီးမြုပ်နှံရန် သဘောတူညီချက်အား ၁၁.၁၂.၂၀၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။စပိန်ဝန်ကြီချုပ် Pedro Sanchez ကအဆိုပါသဘောတူညီချက်အားချီးကျူးခဲ့ပြီး ကြေညာချက်နှင့်ပက်သက်၍ အလွန်ကျေနပ်ကြောင်းပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာပေါ် တွင်ပို့စ်တင်ကာ စပိန်နိုင်ငံ အပေါ် ၎င်းတို့၏ ကတိကဝတ်များနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ကင်းစင်သော အနာဂတ်ဖြစ်လာစေရေးတွန်အားပေးရန် နိုင်

၂၀၂၄ခုနှစ်တတိယသုံးလပတ်အတွင်း ဘရူနိုင်းနိုင်ငံ၏ အစားအသောက်နှင့် အဖျော်ယမကာ များရောင်းချမှုတန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၂.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန၏ ၁၁.၁၂.၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ကထုတ်ပြန်ချက်အရသိရသည်။ ပြည်တွင်း နေ့စဉ် Borneo Bulletin ၏ အဆိုအရ အဆိုပါအချက်အလက်များသည် ပြည်တွင်းဝယ်လိုအား ကျဆင်းမှုကို ဖော်ပြနေခြင်းဖြစ် ကြောင်းသိရသည်။ ထိုကဲ့သို့ အစားအသောက်နှင့် အဖျော်ယမကာ ရောင်းချရမှုကျဆင်း ရခြင်းမှာ အဓိကအားဖြင့် အမြန်အစားအစာဆိုင်များမှ ရောင်းချရငွေ ၁၁.၂ ရာခိုင်နှုန်း၊ အဖျော် ယမကာဝန်ဆောင်မှုလုပ်ငန်းများမှ ၈.၃ ရာခိုင်နှုန်း အခြားအစား အသောက်

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ကား (NEV) ထုတ်လုပ်သူများသည် နိုင်ငံတကာတွင် ၎င်းတို့၏ တည်ရှိမှုအားချဲထွင်လာသည်နှင့်အမျှ BYD သည် Peru နိုင်ငံ၏ လူစီးကားစျေးကွက် အတွင်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ ကုမ္ပဏီသည် မကြာသေးမီက Peru တွင်အမှတ်တံ ဆိပ်မိတ်ဆက်ပွဲကို စတင်ခဲ့ပြီး BYD Song Pro, Tang, Yuan Up, Seal နှင့် BYD Shark တို့အား Peru နိုင်ငံတွင်ဖြန့်ချီသွားမည်ဖြစ်ကြောင်း ၁၀.၁၂.၂၀၂၄ ရက်နေ့ကကြေညာချက်အရ သိရ သည်။ BYD သည် Peru လူစီးကားစျေးကွက်တွင် လျှပ်စစ်ဓာတ်အားကူးပြောင်းမှုကို တွန်းအား ပေးရန်အတွက် ဒေသတွင်းအရောင်းကိုယ်စားလှယ် Motorisa နှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများပြ

ထိုင်းနိုင်ငံစက်မှုဇုန်အာဏာပိုင်အဖွဲ့ (IEAT) သည် နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် Two Countries, Twin Parks အမည်ရသည့်ထိုင်း-တရုတ်ပူးပေါင်း ဆောင်ရွက်မှုအသစ်မှတစ်ဆင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအား ထိုင်းနိုင်ငံသို့ဆွဲဆောင်ရန် စီစဉ် နေကြောင်းသိရပါသည်။ စက်မှုဝန်ကြီး Akanat Promphan က ၎င်းတို့သည် ထိုင်းနိုင်ငံအား တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကဦးစားပေးရင်းနှီးမြှုပ်နှံရာနေရာဖြစ်စေရန် အလိုရှိ ကြောင်းနှင့် ထိုင်းအစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရေး စီမံကိန်း များရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ I

အဓိကဈေးကွက်များတွင် တင်ပို့မှု နှစ်ဆကြီးထွားမှုနှင့်အတူ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် ပုဇွန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံရရှိရန်ခန့်မှန်းရကြောင်း လုပ်ငန်း၏ အတွင်းလူများအဆိုအရ သိရပါသည်။ ထိုပမာဏသည် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည့်စံချိန် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံထက်လျော့နည်းသော်လည်း ၂၀၂၃ ခုနှစ်တွင်ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံနှင့်နှိုင်းယှဉ်ပါက အားကောင်းသည့် နာလံထူနိုင်မှုကို ပြသနေကြောင်း သိရပါသည်။ ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်၏ပထမ ၁၁ လတွင် ပုဇွန်တင်ပို့မှုမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း

ဟနွိုင်းဆောက်လုပ်ရေးကော်ပိုရေးရှင်းနှင့် VINA-MEC HR Joint Stock ကုမ္ပဏီတို့သည် အယ်ဂျီးရီးယားနိုင်ငံ၏ Copresud ကုမ္ပဏီနှင့် ဆောက်လုပ်ရေးကဏ္ဍတွင်ပူးပေါင်း ဆောင်ရွက်ရန်အတွက် ပမာဏသဘောတူညီချက်ရရှိခဲ့ကြောင်း သိရပါသည်။ ထိုမိတ်ဖက်ဖွဲ့မှုသည် အနာဂတ်တွင် မြောက်အာဖရိကနိုင်ငံ၌ မြို့ပြအင်ဂျင်နီယာစီမံကိန်းများအကောင်အထည်ဖော်ရာတွင် ပါဝင်လိမ့်မည်ဟု သိရပါသည်။ ဒီဇင်လာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဗီယက်နမ်ကုမ္ပဏီနှစ်ခုမှ ကိုယ်စားလှယ်အဖွဲ့သည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် ပြည်တွင်းမိတ်ဖက်များနှင့်တွေ့ဆုံရန် အယ်ဂျီးရီးယားနိုင်ငံသို့ လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အယ်ဂျ

ဗီယက်နမ်နိုင်ငံ လျှပ်စစ်ကားထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည့် VinFast သည် ၎င်းတို့၏ အသေးစားနှင့်အလတ်စားအရွယ်အစား ကားမော်ဒယ်များအတွက် ဝယ်လိုအားမြင့်တက်လာမှုကြောင့် ထုတ်လုပ်နိုင်စွမ်းကိုနှစ်ဆမြှင့်တင်ရန်အတွက် ဒုတိယမြောက်ပြည်တွင်းကားထုတ်လုပ် သည့်စက်ရုံကိုတည်ဆောက်မည်ဟု ဒီဇင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့သည်ဟု သိရပါသည်။ VinFast က စက်ရုံသစ်သည် Hai Phong ရှိ ၎င်းတို့၏လက်ရှိကားထုတ်လုပ်သည့်စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းကဲ့သို့ ကနဦးအဆင့်တွင် နှစ်စဉ်အစီးရေ ၃၀၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါသည်။ ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်၏ ပထမ ၁၁ လတွင် ကမ္ဘာတစ်ဝှမ်း မော်တော်ယာဉ် အစီးရေ ၆၇၀၀၀ ကျော်ရောင်းချခဲ့ရကြေ

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း သဘာဝရာဘာစေး တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅၆၈ သန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလကာလထက် ၂၆.၇ ရာခိုင်နှုန်းတိုးလာကြောင်း ၁၂-၁၂-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယခုနှစ် (၁၁) လအတွင်း ကုန်စည်တန်ချိန် ၃၄၂,၀၀၀ တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလ ၃၃၄,၁၇၇ တန်မှ ၂.၃၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ရာဘာညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ရာဘာစေးတစ်တန်သည် ၂၀၂၄ ခုနှစ် ပထမ (၁၁) လပတ်အတွင်းပျမ်းမျှ အမေရိကန်ဒေါ်လာ ၁,၆၆၂ ကုန်ကျပြီး ယခင်နှစ်ကာလထက် ဒေါ်လာ ၃၁၉ ခန့်ပိုမိုများကြောင်း ရာဘာအထွေထွေညွှန်ကြားရေးမှူးရုံးမှ ယာယီညွှန

စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန (MISTI)၊ ပြည်ထောင်စု ဝန်ကြီး Hem Vanndy က ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်ရင်းနှီးမြှုပ်နှံမှုအသင်း (CICA) နှင့် 86 Links Co., Ltd မှ ကိုယ်စားလှယ်အဖွဲ့အား ၁၁-၁၂-၂၀၂၄ ရက်နေ့ကတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနသည် ကမ္ဘောဒီးယား နိုင်ငံ၏ စက်မှုနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ပိုမိုများပြားသော တရုတ်ရင်းနှီး မြှုပ်နှံမှုများကို မြှင့်တင်ရန်ထောက်ပြခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား၏ အထူး စီးပွားရေးဇုန်များ (SEZs) နှင့် စက်မှုဇုန်များအ

ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်း (GFT) တင်ပို့မှုသည် ယခုနှစ် ပထမ (၁၁) လအတွင်း ၂၅.၂၃ ရာခိုင်နှုန်းတိုးတက်လာပြီး နိုင်ငံဝင်ငွေ ဒေါ်လာ ၁၂.၅၁ ဘီလီယံရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ကုန်သွယ်မှုအချက်အလက်များအရသိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စုစုပေါင်းနိုင်ငံခြားဝင်ငွေ၏ ၅၂.၃ ရာခိုင်နှုန်းသည် GFT ကုန်ပစ္စည်းတင်ပို့မှုမှရရှိခဲ့သည်။ အထည်လိပ်၊ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းအသင်း (TAFTAC) ၏ အထွေထွေအတွင်းရေးမှူး Ken Loo က လက်ရှိ GFT ကုန်ပစ္စည်းတင်ပို့မှုနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်တွင် ဆက်လက်တိုးတက် လာမည်ဟုယု

ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen သည် နိုင်ငံတော်၏ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အထူးသဖြင့် ဆန်စပါး၊ သီဟိုဠ်စေ့နှင့် ပီလောပီနံကဲ့သို့သော ကုန်ကြမ်းထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် Qatar Investment Authority (QIA) ကိုယ်စားလှယ်အဖွဲ့ကို ၁၂-၁၂-၂၀၂၄ ရက်နေ့က ဖိတ်ကြားခဲ့သည်။ Hun Sen နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားကောင်း လာစေရေးဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Sheikh Faisal bin Thani bin Faisal Al Thani ဦးဆောင်သော QIA ကိုယ်စားလှယ်အဖွဲ့အား က

Lao Agri-Food Expo 2024 အား လာအိုနိုင်ငံဗီယင်ကျန်းမြို့၌ ကျင်းပမည်ဖြစ်ပြီး လာအိုနိုင်ငံ၏ ရေရှည်တည်တံ့သော လယ်ယာထွက်ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့်အဓိက စားနပ်ရိက္ခာစံနှုန်းများကို အကောင်အထည်ဖော်ရန်နှင့် ပံ့ပိုးကူညီရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ကုန်စည်ပြပွဲသည် ဒေသခံတောင်သူများအား ဘေးကင်းပြီးဓာတုကင်းစင်သော ထုတ်ကုန်များထုတ်လုပ်နိုင်ရန်နှင့် စားသုံးသူများထံ ၎င်းတို့၏ အော်ဂဲနစ်ပစ္စည်းများကိုမိတ်ဆက် ရန်အတွက်ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း လာအိုစိုက်ပျိုးရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ အစီအရင်ခံစာအရ သိရသည်။ Lao Agri-Food Expo 2024 တွင် ကုန်စည်ပြပွဲများ၊ စီးပွားရေးအရော
