Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Dec 2024

      ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကော်ဖီထွက်ရှိမှု ပြန်လည်‌ကောင်းမွန်လာခြင်း ကြောင့် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် သိသာစွာ တိုးတက်လာ မည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ တစ်နှစ် နှစ်ကြိမ်ထုတ်ဝေသည့် နောက် ဆုံးထုတ် အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။

28 Dec 2024

        အိန္ဒိယနိုင်ငံတွင် ကုလားပဲ၏နေရာ၌ အဓိက အစားထိုးသုံးစွဲနိုင်သော စားတော်ပဲအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့် ကာလကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် နောက် ထပ် သက်တမ်း ၂ လ တိုးမြှင့်လျက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အစိုးရက ခွင့်ပြုပေးခဲ့ ကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

26 Dec 2024

             တရုတ်နှင့်ပင်လယ်ကွေ့အာရပ်ဒေသအကြား စီးပွားရေးဆက်ဆံမှုများ အားကောင်းလာသောကြောင့် အထူးသဖြင့်တရုတ်နိုင်ငံရှိ ဇီဝနည်းပညာနှင့်ကျန်မာရေးစောင့်ရှောက်မှုကဏ္ဏတို့တွင် ကြီးမားသောရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းကောင်းများကိုတွေ့ရှိခဲ့ရကြောင်း ဆော်ဒီအကျိုးတူအရင်းအနှီး ကုမ္ပဏီ KBW မှဆိုသည်။ ကဏ္ဏများစွာတွင်ပူးပေါင်းဆောင်ရွက် သွားရန် အခွင့်အလမ်းများစွာရှိကြောင်း KBW Venture ၏ ရင်းနှီးမြုပ်နှံမှုအရာရှိချုပ် Ekta Tolani မှ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ Abu Dhabi Finance Week တွင် မေးမြန်းခဲ့သော Xinhua သတင်းဌာန၏အင်တာဗျူးအရသိရသည်။ အထူးသဖြင့် ကျန်းမားရေးစောက်ရှောက်မှုနယ်ပယ်တွင်

26 Dec 2024

                အီရန်နိုင်ငံနှင့် တူရကီနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုအား ငါးနှစ်အတွင်း အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံအထိ မြှင့်တင်နိုင်ရန် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း အီရန်နိုင်ငံပိုင် သီတင်းအေဂျင်စီ IRNA ၏ ၁၁.၁၂.၂၀၂၄ ရက်နေ့ကဖော်ပြချက်အရသိရသည်။ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများတိုးမြှင့်ရေးကိုဦးတည်သည့် အဆိုပါ သဘောတူညီချက်ကို အီရန်လမ်းများနှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Farzaneh Sadegh နှင့် တူရကီကုန်သွယ်ရေးဝန်ကြီး Omer Bolat တို့မှ Tehran တွင်လက်မှတ်ရေးထိုးခဲ့ကြသည်။ ကုန်သွယ်မှု၊ဘဏ်လုပ်ငန်းနှင့်ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင

26 Dec 2024

               အမေရိကန်နိုင်ငံ၏ ‌ရေနံစိမ်းတင်ပို့မှုနှင့် တင်သွင်းမှုနှစ်မျိုးစလုံးသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကုန်ဆုံးခဲ့သောသီတင်းပတ်အတွင်း ကျဆင်းသွားခဲ့ကြောင်း အမေရိကန်စွမ်းအင်သီတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့ (EIA) ၏ ၁၁.၁၂.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ထုတ်ပြန်သောအစီအရင်ခံစာအရသိရသည်။ အမေရိကန်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုသည် ဒီဇင်ဘာ ၆ ရက်နေ့ကကုန်ဆုံးခဲ့သော သီတင်းပတ်တွင် တစ်နေ့လျင်စည်းပေါင်း ၅.၉၈၄ သန်းတင်သွင်းခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ကကုန်ဆုံးခဲ့သော သီတင်းပတ်ကထက် ၁.၃၀၆ သန်း တင်သွင်းမှုကျဆင်းခဲ့သည်။ အလားတူပင် ရေနံစိမ်းတင်ပို့မှုမှာလည်း ဒီဇင်ဘာ ၆ ရက်နေ့က ကုန်ဆုံးခဲ့သောသီတင

26 Dec 2024

    ကမ္ဘာ့အကြီးဆုံးဆန် တင်ပို့သူဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ဆန်သိုလှောင်မှုလက်ကျန်သည် ဒီဇင်ဘာလဆန်းပိုင်း၌ အစိုးရ၏ လျာထားချက်ပမာဏထက် ၅ ဆကျော်မြင့်တက်လျက် အမြင့် ဆုံးသို့ စံချိန်တင်ရောက်ရှိခဲ့ရာ ပြည်ပသို့ ဆန်တင်ပို့မှု ပိုမိုအားကောင်းလာမည့် အခြေအနေရှိပါသည်။

26 Dec 2024

              ရုရှားနိုင်ငံ၏စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ လက်ထောက်ဝန်ကြီးချုပ် Alexander Novak မှ ၁၁.၁၂.၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ပြည်ပစိန်ခေါ်မှုများကြားမှ ရုရှားနိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်သောတိုးတက်မှုကို ပြသလျက်ရှိကြောင်း  Novak မှ မှတ်ချက်ပြုခဲ့သည်။ ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အထိ ရုရှားနိုင်ငံ၏စီးပွားရေးသည် ခန့်မှန်းခြေအားဖြင့် ၁၂.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်က ၃.၆ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်း တိုးတက်မှုတို့ကိုလည်း ထည်သွင်းပြောကြားခဲ့သည်။ ခန့်မှ

26 Dec 2024

    ကမ္ဘောဒီးယားနှင့် ဆော်ဒီအာရေဗျတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းသစ်များ ရှာဖွေရန် ကြိုးပမ်းနေချိန်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေမည့် အခွင့်အလမ်းများကို ဖော်ထုတ်ခဲ့နိုင်ပြီး အထူးသဖြင့် စိုက်ပျိုး ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာ ၉ ရက်နေ့၌ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

26 Dec 2024

     အိန္ဒိယနိုင်ငံ၌ တမီနာဒူပြည်နယ်နှင့် အန္တရာပရာ‌ဒေ့ရှ်ပြည်နယ်တို့တွင် မတ်ပဲသီးနှံစိုက်ဧကများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် မတ်ပဲဈေးနှုန်းများ မြင့်တက်လာခဲ့‌ပါသည်။ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်မှ သီးနှံအသစ်များဝင်ရောက်လာချိန်အထိ ဈေးကွက်၌ မတ်ပဲများ ဈေးကောင်းရ ရှိလျက် မတ်ပဲကုန်သွယ်မှုကို အားကောင်းစေမည့် အခြေခံအကြောင်းတရားများ ဖြစ်ပေါ်စေလျက် ရှိသည်ဟု အိန္ဒိယကုန်သည်များက ပြောဆိုကြသည်။

26 Dec 2024

               Vingroup ကုမ္ပဏီခွဲဖြစ်သည့် VinFast သည် နိုဝင်ဘာလတွင်လျှပ်စစ်မော်တော်ယာဉ် အစီး ၁၆၀၀၀ ကျော်ရောင်းချခဲ့ရပြီး ပြည်တွင်းဈေးကွက်တွင် ယခုနှစ်အတွက် ၎င်းတို့၏ စုစုပေါင်းရောင်းချရမှုမှာ အစီးရေ ၆၇၀၀၀ ကျော်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်မော်တော်ကားနယ်ပယ်တွင် အကြီးမားဆုံးဈေးကွက်ဝေစုကိုပိုင်ဆိုင်ထားသည့် VinFast သည် နိုဝင်ဘာလတွင်လည်း အားကောင်းစွာရောင်းချခဲ့ရပြီး စက်တင်ဘာလရောင်းချရမှုထက် ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ပျမ်းမျှအားဖြင့် နိုဝင်ဘာလအတွင်း နိုင်ငံတစ်လွှားနေ့စဉ်အစီးရေ ၅၃၀ ကျော်ရောင်းချခဲ့ရကြောင်း

26 Dec 2024

     တောင်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအား ၎င်းတို့ ကိုယ်တိုင် ဆန်တင်ပို့ရန် ခွင့်ပြုပေးခြင်းအားဖြင့် ဆန်တင်ပို့မှုမြှင့်တင်ရန်ဟူသော အစိုးရ၏ မူဝါဒကို လက်တွေ့မကျဟု ထိုင်းဆန်တင်ပို့သူများအသင်း (TREA) မှ ဝေဖန်ခဲ့သည်။

26 Dec 2024

                ဗီယက်နမ်နိုင်ငံအခြေစိုက် VinFast ၏ကုမ္ပဏီခွဲဖြစ်သည့် V-Greenသည် အင်ဒိုနီးရှားတွင် VinFast လျှပ်စစ်မော်တော်ယာဉ်များအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံကျော်ရန်ခန့်မှန်းရသည့် အားသွင်းရုံများတည်ဆောက်ရန် Prime Group နှင့် နားလည်မှုသဝဏ်လွှာ(MoU)ရေးထိုးခဲ့ကြောင်းသိရပါသည်။ ထို MoU သည် V-Green ၏ VinFast အတွက် ကမ္ဘာလုံးဆိုင်ရာအားသွင်းရုံအခြေခံအဆောက်အအုံများ တိုးချဲ့ပေးရာတွင် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ရုံသာမက နိုင်ငံတကာကုမ္ပဏီများက V-Green နှင့် VinFast ၏ တည်ငြိမ်သော သယ်ယူပို့ဆောင်ရေးအာမခံချက်အပေါ် ယုံကြည်ချက်ရှိနေသည်ကို ပြသနေကြောင်းသိရပ

Pages