ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားထုပ်ပိုးမှုစင်တာ(CPC) ကို ကမ္ဘောဒီးယား စားသောက်ကုန်လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကိုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။ အထူးသဖြင့် ၎င်းသည်စားနပ်ရိက္ခာဖူလုံရေး၊ စွန့်ပစ်ပစ္စည်းများလျှော့ချခြင်းနှင့် ရေရှည်တည်တံ့သောစားနပ်ရိက္ခာပြုပြင်ရေးတို့တွင် ကမ္ဘောဒီးယား နိုင်ငံအား ဦးဆောင်သူအဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။ ဥရောပသမဂ္ဂ (EU) မှ ရန်ပုံငွေဖြင့် ရိန်သိမ်းချိန်အလွန်ငါးဖမ်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (CAPFISH-Capture) မှ တည်ထောင် ထားသော Food Technology Research and Innovation Platfo

တရုတ်နှင့် ဥရောပတွင် ဈေးကွက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် Ford ကားကုမ္ပဏီသည် လျှပ်စစ်မော်တော်ယာဉ်များအတွက် ကြီးမားသည့်ဈေးကွက်အလားအလာရှိသည့် အင်ဒိုနီးရှားတွင် ဈေးကွက်တိုးချဲ့ရန်စီစဉ်နေကြောင်းသိရပါသည်။ Ford သည် ကမ္ဘာ့အကြီး မားဆုံးနီကယ် ထုတ်လုပ်သည့်အင်ဒိုနီးရှားရှိ ၎င်းတို့၏အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ တန်ကြေးရှိသော နီကယ်ပြုပြင်ထုတ်လုပ်သည့်စက်ရုံအနီးတွင် လျှပ်စစ်မော်တော်ယာဉ် စက်ရုံ တည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံမည်ဟုသိရပါသည်။ Ford သည် ထိုအကြောင်းနှင့် ပတ်သတ်၍ တရားဝင်အတည်ပြုချက်မပြုသေးသော်လည်း အင်ဒိုနီးရှား အစိုးရသည် Volkswagen Group နှင့် Ford ပါဝင်သော ကမ္ဘာ့

မလေးရှားနိုင်ငံဆာရာဝပ်ပြည်နယ်နှင့် ကမ္ဘောဒီးယားတို့သည် အရင်းအမြစ်ကြွယ်ဝသော နှစ်ဦးနှစ်ဖက်အကြား အဓိကစီးပွားရေးကဏ္ဍများတွင်ကျားကန်၍ စီးပွားရေးဆက်နွယ်မှုတိုးမြှင့် ရန် ၎င်းတို့၏ဆန္ဒရှိမှုကိုဖော်ပြခဲ့ကြကြောင်းသိရပါသည်။ ပေါကြွယ်ဝသောရေနံ၊ ဓာတ်ငွေ့နှင့် သစ်အရန်ပိုင်ဆိုင်မှုများနှင့်လူသိများသည့် ဆရာဝပ်ပြည်နယ်သည် ကြွယ်ဝသောစိုက်ပျိုးရေး ထုတ်ကုန်များနှင့် ပေါ်ထွန်းလာသောစက်မှုလုပ်ငန်းများနှင့် ကမ္ဘောဒီးယားတို့ဖြင့် မိတ်ဖက်ပြုရန် အားကောင်းသောအခြေအနေတွင်ရှိနေကြောင်းသိရပါသည်။ ထိုအကြောင်းကို ဆရာဝပ်ပြည်နယ် ဝန်ကြီးချုပ် Tan Sri Abang Johari က ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Mane

ဗီယက်နမ်ဆောက်လုပ်ရေးဝန်ကြီး Nguyen Thanh Nghi နှင့် ကျူးဘားစိုက်ပျိုးမွေးမြူရေးဝန်ကြီး Ydael Jesus Perez Brito တို့သည် ဆန်ထုတ်လုပ်ခြင်း၌ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာလ၉ရက်နေ့က ဟနွိုင်းမြို့တွင်ကျင်းပခဲ့သောအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Nghi ကဗီယက်နမ်ဆောက်လုပ်ရေးဝန်ကြီးဌာန(MOC)၊ Vietnam-Cuba Intergovernmental Committee ၏ Vietnamese Subcommitte ၏ တာဝန်ခံအေဂျင်စီသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု လွယ်ကူချောမွေ့စေရေး ကြိုးပမ်းအားထုတ်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် ကျူးဘားအား

၂၀၂၄ ခုနှစ်၏ပထမ ၁၁ လတာကာလတွင် ဗီယက်နမ်သည်အနက်ရောင်ငရုတ်ကောင်း ၂၀၇၄၉၈ တန်နှင့် အဖြူရောင်ငရုတ်ကောင်း ၂၇၈၃၇ တန်ပါဝင်သော စုစုပေါင်းငရုတ်ကောင်း တန်ချိန် ၂၃၅၃၃၅ တန်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၂၂ ဘီလီယံရရှိခဲ့ပြီး အမေရိကန်သည် အဓိကတင်သွင်းသူဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံငရုတ်ကောင်းနှင့်ဟင်းခတ်အမွှေးအကြိုင်အသင်း (VASEP) ၏အဆိုအရ သိရပါသည်။ ၂၀၂၃ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၃.၅ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၄၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရပါသည်။ နိုဝင်ဘာလတစ်လတည်းတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၀၆.၅ သန်းတန်ဖိုးရှိသော

ယခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စပါးနှင့်ဆန် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁.၇၉ ဘီလီယံ ရရှိခဲ့သည်ဟု ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြပါသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဆန်စပါးဈေးကြီးမြင့်မှုကို လျှော့ချနိုင်ရန်၊ အရန်ဆန် ပြန်လည် ဖြည့်တင်းရန်နှင့် လူမှုဖူလုံရေးအစီအစဉ်များအရ ဆန်များဖြန့်ဖြူးခြင်းကို သေချာခိုင်မာစေရန် အတွက် ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဆန်တင်သွင်းရန်စီစဉ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ယခုနှစ်အတွက် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသော ဆန် မက်ထရစ်တန်ချိန် ၁၀ သန်း၏အောက်သို့ လျှော့ချလျက် ၂၀၂၅ ခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၇.၅ သန်းခန့်သာ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ယခုနှစ်၏ပထမ ၁၁ လတာကာလတွင် ဗီယက်နမ်၏စက်မှုကုန်ထုတ်လုပ်မှုအညွှန်းကိန်း (IIP) သည် ၂၀၂၃ တူညီသည့်ကာလထက် ၈.၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း အထွေထွေ စာရင်းအင်းရုံး(GSO)၏ အဆိုအရသိရပါသည်။ ထို ၁၁ လတာကာလတွင် ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍသည် ၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်း IIP ကြီးထွားမှုတွင် ၈.၅ ရာခိုင်နှုန်းအမှတ်ရှိကာ လျှပ်စစ်ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးမှုသည်၁၀.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး IIP တွင် ၀.၉ ရာခိုင်နှုန်းအမှတ်တိုးချဲ့နိုင်ခဲ့ကြောင်းသိရပါသည်။ အမြင့်ဆုံးမြင့်တက်မှုတွင် ရာဘာနှင့် ပလတ်စတစ်ထုတ်လုပ်ခြင်း (၂၅.၆ရာခိုင်နှုန်းမြင့်တက်)၊ ပရိဘ

ကမ္ဘာ့စားအုန်းဆီအများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၌ ထုတ်လုပ်မှု တိုးတက်ခြင်းမရှိပဲ ရပ်တန့်နေခြင်းကြောင့် စားအုန်းဆီဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်တွင် တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၀၀ မှ ၅၀၀၀ အကြားရှိနိုင်မည်ဟု စားအုန်းဆီထုတ်လုပ်သော နိုင်ငံများကောင်စီ (CPOPC) က ခန့်မှန်းထားကြောင်း မလေးရှားနိုင်ငံအခြေစိုက် New Straits Times သတင်းဌာနက ဖော်ပြပါသည်။

နိုင်ငံ၏ဆန်စပါးထုတ်လုပ်မှု ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် လယ်ယာထွက်ကုန် အကောက်ခွန် စည်းကြပ်မှု ဥပဒေ (Agricultural Tariffication Act) အား ဒီဇင်ဘာလ ၉ ရက်နေ့ တွင် သမ္မတ Marcos က အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ဖော်ပြချက် အရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၇၀၀၀၀၀ တင်ပို့လျက် ဝင်ငွေဒေါ်လာ ၄၄၅ သန်းခန့်ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလကုန်အထိ ဆန်တင်ပို့မှုစုစုပေါင်းမှာ တန် ချိန် ၈.၅ သန်းရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅.၃၁ ဘီလီယံရှိကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ် ဆန်ပို့ကုန်၏ ပျမ်းမျှဈေးနှုန်းမှာ ၁ တန်လျှင် ၆၂၇.၉ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူရှိ ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။
