ပြည်ပကုန်သွယ်မှုသတင်းများ
တရုတ်နိုင်ငံသည် ဗီယက်နမ်ဆန်ကို အများဆုံးတင်သွင်းသူဖြစ်ခဲ့ဖူးသော်လည်း ဆန်တင် သွင်းမှု ကျဆင်းလာခဲ့ရာ ယခုအခါ တရုတ်ဈေးကွက်သို့ ဆန်တင်ပို့မှုများ ပြန်လည်စတင်နိုင်မည်ဟု အပြုသဘောဆောင် ရှုမြင်ထားကြောင်း ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ဖော်ပြ ခဲ့သည်။
မလေးရှားနိုင်ငံတွင် ရေကြီးမှုများကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ် ခဲ့ပြီးနောက် ဆန်ပြတ်လပ်မှုမရှိစေရေးအတွက် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ ပြည်ပမှတင်သွင်း လာသော ဆန်ဖြူဈေးနှုန်းများကို လျှော့ချခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံ စိုက်ပျိုးမှုဧရိယာ တိုးချဲ့နိုင်ရန် ရည်ရွယ်လျက် ပထမဦးဆုံးအကြိမ် အစပြုလုပ်ဆောင်မှုအဖြစ် ပဲစင်းငုံနှင့် ပဲနီလေးတို့ကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်လျက် အစိုးရ၏ အနိမ့်ဆုံးအထောက်အပံ့ပြု အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် တောင်သူ များထံမှ ဝယ်ယူခြင်းကို တမီနာဒူ၊ ဘီဟာ၊ ဂျားခန်နှင့် ဂူဂျရတ် ပြည်နယ်များ၌ ဆောင်ရွက်သွားရန် အစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၅ ခု၌ ရေကြီးမှုများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ခြင်းက ရော်ဘာထုတ်လုပ်မှုတွင် ဘတ်ငွေ တန်ဖိုး ၂၀ ဘီလီယံ အထိ ထိခိုက်မှုဖြစ်စေခဲ့သည်ဟု ထိုင်းရော်ဘာအာဏာပိုင်အဖွဲ့ (Rubber Authority of Thailand) ကပြောကြားခဲ့ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောနှောအသုံးပြုသည့် ဇီဝဒီဇယ်အသုံးပြုမှု (B40) ကို အစိုးရ၏ ဇီဝဒီဇဘ်ဆီ အစီအစဉ်ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု စီးပွားရေးရာ ညှိနှိုင်း ရေးဝန်ကြီး Mr. Airlangga Hartarto ၏ ပြောကြားချက်ကို အင်ဒိုနီးရှား Tempo.co မဂ္ဂဇင်းဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံအနေဖြင့် ပါကစ္စတန်ဆန်များ တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းများကို အခြားပင်ရင်းဒေသများမှ တင်သွင်းသည့်ဆန်များအပေါ် စည်းကြပ်သော အခွန်နှုန်းများနှင့် အညီ ပြန်လည်ပြင်ဆင်ရန် သဘောတူညီခဲ့သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၏ နိုဝင်ဘာ ၃၀ ရက် နေ့၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ဆန်စပါးထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရင်ဆိုင်ရဖွယ်ရှိရာ လာမည့်လများတွင် စားသုံးသူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake က အသေးစားနှင့် အလတ်စား ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားခဲ့ကြောင်း သမ္မတအိမ်တော် သတင်း ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

ထိုင်းနိုင်ငံ၏ ယခုနှစ် ပို့ကုန်တင်ပို့မှုသည် ယခင်ခန့်မှန်းထားသည့် ၂% တိုးတက်မှုထက် မြင့်မားလျက် ၄% အထိ တိုးတက်မှုရရှိနိုင်ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ၁% မှ ၃% အထိ တိုးတက် လာနိုင်ကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီက ၃-၁၂-၂၀၂၄ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။
စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ပို့ကုန်တင်ပို့မှုများသည် ယခုနှစ်အစောပိုင်းက ထက် အောက်တိုဘာလတွင် ၁၄.၆% မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၁၀ လ၏ နှစ်ချုပ်အနေဖြင့် ၄.၉% တိုးလာကြောင်း သိရှိရသည်။
Leader Energy သည် 150 MW လေအားလျပ်စစ်ဓာတ်အားပေးစက်ရုံအတွက် သတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် အကောင်အထည်ဖော်ရေး သဘောတူစာချုပ် (IA) ကို လက်မှတ်ရေးထိုးခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင် အသွင်ကူးပြောင်းရေးတွင် အရေးပါသော ခြေလှမ်းတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုပရောဂျက် သည် Leader Energy ၏ လေအားလျှပ်စစ်တွင် စတင်ပူးပေါင်းဆောင်ရွက်မှုကို အမှတ်အသား ပြုခဲ့ပြီး အရှေ့တောင်အာရှတွင် ထိပ်တန်းစွမ်းအင် အသုံးပြုသူအဖြစ် ထင်ဟပ်စေသည်။ နေရောင်ခြည်၊ ရေအားလျှပ်စစ်၊ ဓာတ်အားလိုင်းများနှင့် ဘတ်ထရီသိုလှောင်မှုတို့နှင့်အတူ ကုမ္ပဏီသည် ပြန်လည်ပြည်ဖြိုးမြဲ အသုံးပြုနို

Zeekr သည် ယနေ့တွင် Zeekr 009 MPV (ဘက်စုံသုံးယာဉ်) အား စင်္ကာပူတွင် မိတ်ဆက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ နှစ် ၅၀၀ မြောက်ဆိုင်ဖြစ်သော စတိုးဆိုင်အား စင်္ကာပူမြို့တော်အတွင်း ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ Zeekr 009 အား စင်္ကာပူတွင် ထိုင်ခုံခုနှစ်လုံးပါသော ဗားရှင်းနှင့် ထိုင်ခုံရှစ်လုံးပါသော ဗားရှင်းဟူ၍ စင်္ကာပူဒေါ်လာ ၄၀၉၉၀၀ (အမေရိကန်ဒေါ်လာ ၃၀၅၀၅၀) နှင့် စင်္ကာပူဒေါ်လာ ၄၁၉၉၀၀ တို့ အသီးသီးဈေးနှုန်းရှိမည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ပုံမှန် Zeekr 009 အား ယွမ် ၄၃၉၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၅၄၀)၊ ယွမ် ၄၅၉၀၀၀ နှင့် ယွမ် ၄၆၉၀၀၀ ဟူ၍ အမျိုးအစားသုံးမျိုးဈေးနှုန်း အသီးသီးရှိမည် ဖြစ်သည်။ ထ

ယခုနှစ်တွင် ဗီယက်နမ်သည် တူနာငါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိနိုင်ပြီး ၂၀၂၃ ခုနှစ် တူညီသည့်ကာလထက် ၁၈ ရာခိုင်နှုန်းမြင့်တက်ရန် ခန့်မှန်းရကာ တူနာသည် ဗီယက်နမ်၏ အဓိကပင်လယ်စာပို့ကုန်များထဲတွင် အားကောင်းသည့်အခန်းကဏ္ဍတွင် ရှိနေကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏ အဆိုအရ ယခုနှစ်၏ပထမဆယ်လတွင်နိုင်ငံသည် တူနာငါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၈၂၁ သန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလတစ်လတည်းတွင် အမေရိကန်ဒေါ်လာ ၉၃ သန်းတန်ဖိုးတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်တူ

ထိုင်းနိုင်ငံနှင့် ဥရောပဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးအသင်း (EFTA) တို့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားပြီး ထိုင်းနိုင်ငံအတွက် တင်ပို့ရန်အခွင့်အလမ်းများ မြင့်တက်လာကာ ဥရောပ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်စေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်နေ့ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan က ထိုင်းနိုင်ငံနှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်စတိန်းတို့နှင့် ဖွဲ့စည်းထားသည့် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်းတို့အကြား ဆွေးနွ
