ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဖြစ်သူ Andi Amran Sulaiman ကနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင်ထုတ်လုပ်မှုရည်မှန်းချက်ဖြစ်သည် တန်ချိန် ၃၂ သန်းပြည့်မီသည့်အခါ ဆန်တင်သွင်းမှုမှ ကင်းလွတ်ခွင့်ရနိုင်သည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီး၏အဆိုအရ အစိုးရသည်ဖြစ်နိုင်ပါက အစားအစာကိုကိုယ်တိုင်လုံလောက်ဖူလုံနိုင်စွမ်းရှိရန် လတ်တလောရည်ရွယ်ထားကြောင်းသိရပါသည်။ Sulaiman က အကယ်၍ကိုယ်တိုင်ဖူလုံမှုရှိပါက တင်သွင်းရန်မလိုအပ်တော့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင်ဆန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်ထက် တန် ၁ သန်း မြင့်တက်လာနိုင်သည့်အတွက် ပြည်တွင်းစားသုံးမှုကို ဖူလုံစေနိုင်ကြောင်းနှင့် ထိ

ဟွန်ဒိုင်းမော်တာသည် မလေးရှားရင်းဂစ် ၂.၁၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးရှိသည့် ၎င်းတို့၏စက်ရုံကို မလေးရှားနိုင်ငံ၌ဖွင့်လှစ်မည်ဟုသိရပါသည်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဖြစ်သူ Tengku Datuk Seri Zafrul Abdul Aziz က ထိုစက်ရုံသည် ဟွန်ဒိုင်းမော်တာ၏ မလေးရှားတွင်အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ပံ့ပိုးနိုင်ကြောင်းနှင့် ငါးနှစ်အတွင်းကားမော်ဒယ် ၇ မျိုးကို ထုတ်လုပ်နိုင်ကြောင်းနှင့် စက်ရုံကို Kulim တွင် ၂၀၂၅ ခုနှစ်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မလေးရှားဝန်ကြီးချုပ်ဖြစ်သူ

ရှုပ်ထွေးသည့်ဈေးကွက်ကို ဗျူဟာမြောက်လိုက်လျောညီထွေဖြေရှင်းနိုင်မှုကြောင့် ဗီယက်နမ်နိုင်ငံ၏သစ်ပြုပြင်ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းနယ်ပယ်သည်၂၀၂၄ ခုနှစ်၏ တင်ပို့ရန်ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလီယံကို ကျော်ဖြတ်နိုင်သည့်လမ်းကြောင်း ပေါ်တွင်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်ပထမ ၁၁ လတာကာလတွင် ဗီယက်နမ်နိုင်ငံသည် သစ်တင်ပို့မှုမှတစ်ဆင့် ခန့်မှန်းဝင်ငွေအမေရိကန်ဒေါ်လာ ၁၄.၆ ဘီလီယံရရှိခဲ့ကြောင်းသိရပါသည်။ ကျွမ်းကျင်သူများက ဈေးကွက်၏တောင့်တင်းခိုင်မာသော နာလံထူနိုင်မှု၊လုပ်ငန်းများ၏ထုတ်လုပ်မှု အစီအစဉ်များဖန်

ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းရှင်းသော ပို့ကုန်များသည် ယခုနှစ်အစောပိုင်းကထက် အောက်တိုဘာလတွင် ၁၄.၆% မြင့်တက်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၆.၁၁.၂၀၂၄ ရက်နေ့၊ အင်္ဂါနေ့တွင်ပြောကြားခဲ့ပြီး လေ့လာသုံးသပ်သူများ၏ မျှော်လင့်ချက်ကိုကျော်လွန်ခဲ့ကြောင်း သိရသည်။ Reuters စစ်တမ်းတစ်ခုအရ စက်တင်ဘာလတွင် ၁.၁% တက်လာပြီးနောက် အောက်တိုဘာလတွင် ၅.၂% တိုးလာကြောင်းသိရသည်။ ပို့ကုန်စုစုပေါင်းမှာ ကန်ဒေါ်လာ ၂၇.၂၂ ဘီလီယံရှိပြီး သွင်းကုန်ပမာဏမှာ ၂၈.၀၂ ဘီလီယံရှိကာ ယခင်နှစ်ကထက် ၁၅.၉% တိုးမြင့်လာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးအဓိကမောင်းနှင်အားဖြစ်သော ပို့ကုန်

Rio Tinto Group သည် ဩစတြေးလျရှိ ၎င်း၏ Gladstone သန့်စင်စက်ရုံများမှ အလူမီနီယမ်တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ကြောင်း S & P Global ၏ အဆိုအရသိရသည်။ Rio Tinto ကုမ္ပဏီသည် သဘာဝဓါတ်ငွေ့ထောက်ပံ့မှုကို ကန့်သတ်လိုက်ပြီးနောက် မေလတွင်လည်း မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ကာ ကုမ္ပဏီထိန်းချုပ်နိုင်စွမ်းပြင်ပအခြေအနေများကြောင့် ကုမ္ပဏီအား အကြပ်အတည်းဖြစ်နိုင်ခြေများကို ကြေညာခဲ့သည်။ ထိုကန့်သတ်ချက်များကိုရုတ်သိမ်းလိုက်ပြီး လုပ်ငန်းများမှာလည်း ပုံမှန်နီးပါးဖြစ်နေပြီဖြစ်ကြောင်း ဈေးကွက်ရင်းမြစ်များကိုကိုးကားရန် S & P မှ ပြောကြားခဲ့သည်။ မကြာသေးမီရက်သတ္တပတ်အတွင်

အထွေထွေစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်(GFSA) ၏ ဒါရိုက်တာဘုတ်အဖွဲ့သည် လိုင်စင်ရဂျုံမှုန့်ကြိတ်ခွဲသည့် ကုမ္ပဏီများအား ကမ္ဘာ့ဈေးကွက်သို့ ဂျုံမှုန့်တင်ပို့ရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။ ကုမ္ပဏီများသည် ပြည်တွင်းဈေကွက်လိုအပ်ချက်ကို မထိခိုက်စေဘဲ ၎င်းတို့၏ပိုလျှံ ထုတ်လုပ်မှုစွမ်းရည်၏ ပုံသေရာခိုင်နှုန်းတစ်ခုသာ တင်ပို့ရောင်းချရန် ကတိပြုရမည့် ယန္တရားတစ်ခု၏အောက်တွင် ရှိရမည်ဖြစ်သည်။ GFAS ၏ အုပ်ချုပ်ရေးမှူး Ahmed Affaris က ဤဆုံးဖြတ်ချက်သည် လိုင်စင်ရဂျုံမှုန့်ကြိတ်ခွဲသည့် ကုမ္ပဏီများအတွက် GFSA ၏ စည်းမျဉ်းစည်းကမ်းနှင့် ကြီးကြပ်မှုအခန်းကဏ္ဍပေါ်တွင်အခြေခံပြီး နိုင်ငံတော်၏မျှော်

ဩစတြေးလျသည် ၂၀၂၄ ခုနှစ်ပထမ ၁၀ လအတွင်း ပြည်ပသို့ သိုးသားတန်ချိန် ၂၀၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး အများစုအား တရုတ်နိုင်ငံသို့တင်ပို့ကြောင်းသိရသည်။ Meat and Livestock Australi (MIA) ၏ အဆိုအရ ဩစတြေးလျနိုင်ငံသည် ပြီးခဲ့သည့်လေးပတ်အတွင်း သိုးအကောင်ရေ ၁ သန်းနီးပါးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၄၂% နှင့် ၂၀၂၂ ခုနှစ် အလားတူကာလကထက် ၇၂% တိုးလာကြောင်းသိရသည်။ ဩစတြေးလျ၏ သိုးသား ၉၅% မှ ၅၇% ခန့်ကို နှစ်စဉ်တင်ပို့လျက်ရှိပြီး ဩစတြေးလျ စားသုံးသူများသည် သိုးပေါက်အသားထက်အရွယ်ရောက် သိုးများ၏အသားများအား ပိုမိုနှစ်သက်ကြကြောင်း Mr Jackson မှ ပြောကြားခဲ့သည်။ ၂၀၂၃ ခု

အင်ဒိုနီးရှားနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၃၂ သန်းအထိ ထွက်ရှိနိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က နိုဝင်ဘာ ၂၆ ရက် နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှား စာရင်းအင်းဗျူရို (BPS) ၏ တွက်ချက်မှုများအရ တစ်နှစ်တာကာလအတွင်း နိုင်ငံ၏ဆန်ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်၌ တန်ချိန် ၃၁.၁၀ သန်း ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၃၀.၃၄ သန်းသို့ လျော့ကျမည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံသည် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတစ်ရပ်အဖြစ် လယ်သမားများအား ထိုင်းဘတ်ငွေ ၃၈ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Narumon Pinyosinwat က ၂၅-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ ယခုနှစ်ဆန်တင်ပို့မှုသည် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဆန်တန်ချိန် ၈ ဒသမ ၀၅ သန်း အထိ ရောက်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၅ ဘီလီယံ ရှိလာခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာနက ဖော်ပြပါသည်။

မလေးရှားစားအုန်းဆီဈေးနှုန်းများသည် ပြိုင်ဘက် ပဲပုပ်ဆီ ဈေးနှုန်းများ ခိုင်မာကောင်းမွန် ခြင်းနှင့် မလေးရှားတွင် ထုတ်လုပ်မှုကျဆင်းခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ ဒုတိယပိုင်းအချိန် အရောင်းအဝယ်ပြုကြရာ၌ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း Reuters ၏ ဖော်ပြချက်ကို Business Recorder သတင်းဌာနက ၂၇-၁၁-၂၀၂၄ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးလျက်ရှိသော ဆန်စပါးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဆန်ပိုမိုတင်သွင်းရန်အတွက် တီမောလက်စ် သံအမတ်ကြီး Ermenegildo Kupa Lopes အား နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖနွမ်းပင်မြို့၌ လက်ခံတွေ့ဆုံရာတွင် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က အဆိုပြုကမ်းလှမ်းခဲ့သည်။
