ပြည်ပကုန်သွယ်မှုသတင်းများ
ယခုနှစ်တွင် ပြည်ပခရီးသွား ၃၆သန်းလာရောက်လာပတ်ပြီး ၂၀၂၃ခုနှစ်ထက် ၂၈ရာခိုင်နှုန်းမြင့်တက်လာနိုင်ရန် မျှော်မှန်းရသောကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးသည် ၂.၇ ရာခိုင်နှုန်းကြီးထွားလာနိုင်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်သူ Paetongtarn Shinawatra က နိုဝင်ဘာလ ၂၁ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှ၏ စီးပွားရေးအင်အား ဒုတိယ အကြီးမားဆုံးနိုင်ငံသည် ၂၀၂၅ခုနှစ်တွင်လည်း စီးပွားရေးမှာ ခန့်မှန်းထားသည်ထက် ကြီးထွားလိမ့်မည်ဖြစ်ပြီး အစိုးရသည်လည်း အမေရိကန်ဒေါ်လာ ၂၇.၇၄ ဘီလီယံကျော်အသုံးပြုကာရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏စီးပွားရေးသည် နာလံထူလာသည့

အကယ်၍ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်က အကောက်ခွန်နှုန်းထားများကိုတိုးမြှင့်ပါက ထိုင်းနိုင်ငံ၏ စီးပွားရေးကိုထိခိုက်စေမည်ဖြစ်ပြီး ဘတ်ငွေကိုအားပျော့စေနိုင်သောကြောင့် နိုင်ငံ၏ ၂၀၂၅ခုနှစ်အတွက်ရည်မှန်းထားသည့် စီးပွားရေးကြီးထွားနှုန်းနှင့် လွဲချော်နိုင်ကြောင်း လေ့လာမှုအရသိရပါသည်။ ထိုင်းနိုင်ငံကုန်သည်များအသင်းတက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်သူ Thanavath Phonvichai က ထိုင်းနိုင်ငံ၏စီးပွားရေးသည် အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံခန့်ဆုံးရှုံးရန်အလားအလာရှိနေပြီး လာမည့်နှစ်အတွက်ရည်မှန်းထားသည့် GDP တိုးတက်နှုန်း ၃ရာခိုင်နှုန်းထဲမှ ၀.၉ ရာခိုင်နှုန်းခန့်လျော့ကျသွားနိုင်ကြောင်

ဗီယက်နမ်နိုင်ငံ၏ AVANEST Vietnam Nutrition JSC သည် ၎င်းတို့၏ ငှက်သိုက်ပထမအသုတ်ကို Mong Cai မြို့တော်ရှိ Bac Luan 2 နယ်စပ်တံတားဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ၂၀ရက်နေ့က တင်ပို့ခဲ့ကြောင်းသိရပါသည်။ ထိုတင်ပို့မှုတွင် အသင့်သောက်သုံးနိုင်သော ငှက်သိုက်ထုတ်ကုန်များနှင့် သန့်စင်ထားသောငှက်သိုက်များပါဝင်ကြောင်း သိရပါသည်။ ၎င်းတို့သည် ငှက်သိုက်ထုတ်ကုန်နှစ်မျိုးကိုတင်ပို့ရန် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအဖွဲ့၏ ခွင့်ပြုခွင့်ကုဒ်ကိုရရှိသည့် ပထမဆုံးဗီယက်နမ်လုပ်ငန်းဖြစ်ကြောင်းသိရပါသည်။ AVANEST Vietnam ၏မိတ်ဖက်မှာ တရုတ်နိုင်ငံရှိ Dongxing Zhenpin Preferred Tradi

ဗီယက်နမ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး To Lam ၏ နိုဝင်ဘာလ ၂၁-၂၃ ၌ မလေးရှားနိုင်ငံသို့သွားရောက်မည့် တရားဝင်ခရီးစဥ်အတွင်း နှစ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမှတ်တိုင်သစ်နှင့် အခွင့်အလမ်းသစ်များဖွင့်လှစ်နိုင်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ ဗီယက်နမ်နှင့်မလေးရှားတို့သည် အဓိကစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များဖြစ်ကြပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် ၁၉၇၃ခုနှစ်မှစ၍ ၎င်းတို့၏စီးပွားရေးနှင့်ကုန်သွယ်ရေးချိတ်ဆက်မှုမှာ ပုံမှန်ကြီးထွားမှုရှိခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်အကောက်ခွန်အထွေထွေဦးစီးဌာန၏ အချက်အလက်များအ

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးများရုံးတာဝန်ခံ Vongsey Vissoth သည် Hengkuk Industry ၏ ဒါရိုက်တာ Lee Kee Yun နှင့် Chung-Ang University Of Korea မှ ပါမောက္ခ Lee Changkeun တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ Kampong Thom ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပါသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ် Vongsey Vissoth က သီဟိုဠ်စေ့ထုတ်လုပ်မှုလုပ်ငန်းများတွင် Hengkuk Industry ၏ ရင်းနှီးမြှုပ်နှံမှုအား ထောက်ခံကြောင်းနှင့် ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အဓိကဦးစားပေးမူဝါဒဖြစ်သော စီးပွားရ

ဗီယက်နမ်နှင့် မွန်ဂိုလီးယား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၇ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁.၅ သန်းမှ ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၂သန်းသို့ သုံးဆအထိတိုးမြင့်လာခဲ့သည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့် မဟာဗျူဟာသိပ္ပံဒါရိုက်တာ Tran Cong Thang က နိုဝင်ဘာ ၂၀ရက်နေ့တွင် ဟနွိုင်း၌ကျင်းပသည့် ဗီယက်နမ်-မွန်ဂိုလီးယား စိုက်ပျိုးရေးလုပ်ငန်းဖိုရမ်တွင် ကိန်းဂဏန်းများကိုထုတ်ပြန်ခဲ့သည်။ အဆိုပါပွဲအား ဗီယက်နမ်-မွန်ဂိုလီးယား ချစ်ကြည်ရေးအသင်းနှင့် လယ်ယာစိုက်ပျိုးရ

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ပထမ ၁၀လအတွင်း သဘာဝရော်ဘာစေးတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၄၇၂သန်းရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၂၂.၅% တိုးတက်ခဲ့ ကြောင်းသိရသည်။ ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ရော်ဘာတင်ပို့မှုမှာ ၂၉၁၂၆၉တန်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၂.၆% တိုးလာခဲ့ကြောင်း ရော်ဘာညွှန်ကြားရေးမှူးဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ၂၀၂၄ခုနှစ်၊ ပထမ ၁၀လအတွင်း ရော်ဘာစေးတစ်တန်လျှင် ပျမ်းမျှအားဖြင့် ၁၆၂၁ဒေါ်လာကုန်ကျပြီး ယခင်နှစ်ထက် ၂၆၄ဒေါ်လာခန့်ပိုများလာကြောင်း ရော်ဘာအထွေထွေညွှန်ကြားရေးမှူးရုံးမှ ယာယီညွှန်ကြားရ

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်လာခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ထိုင်းနိုင်ငံသည် အာရှ၏ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာအချက်အချာကျသောနေရာတွင် တည်ရှိရုံမက တရုတ်နိုင်ငံ၏စီးပွားရေးအရလဲ အရေးပါသောနိုင်ငံအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၂၆.၃ ဘီလီယံသို့ ရောက်ရှိခဲ့သည်။

နိုင်ငံတစ်ဝှမ်း လက်လီဈေးကွက်ရှိ ဆန်ဈေးနှုူန်းများကို ပိုမိုထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လအတွင်း ဆန်တန်ချိန် ၃.၂၇ သိန်း တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တိုက်တွန်းထားကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းများ ဆက်တိုက် တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်အတွင်း ပြည်တွင်း ဆန်ထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၁၉ ဒသမ ၄ သန်းအောက် ကျဆင်းနိုင်ဖွယ်ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်းရန်နှင့် အရန်ထားရှိမှုကို မြှင့်တင်ရန်အတွက် ကြားကာလအစိုးရသည် ပုဂ္ဂလိကကုမ္ပဏီပေါင်း ၂၇၇ ခုသို့ စုစု ပေါင်း ဆန်တန်ချိန် ၁၄.၈၁ သိန်းကို တင်သွင်းရန် ခွဲဝေခွင့်ပြုပေးခဲ့ကြောင်း The Daily Star သတင်းဌာနက ဖော်ပြပါသည်။
မလေးရှားနိုင်ငံ အစိုးရသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် စားအုန်းဆီကြမ်းတင်ပို့မှု ပို့ကုန်အခွန်ကို ၈% မှ ၁၀% သို့ တိုးမြှင့်လိုက်ပြီး ရည်ညွှန်းဈေးနှုန်းကိုလည်း မြှင့်တင်ခဲ့ကြောင်း အစိုးရအင်ဂျင်စီတစ်ခုဖြစ်သည့် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့၏ ၁၉-၁၁-၂၀၂၄ နေ့ ထုတ်ပြန် သည့် စာစောင်တွင် ဖော်ပြချက်ကို ကိုးကားလျက် The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။
