Main menu

ပဲပိစပ်ဆီနှင့် နေကြာဆီဝယ်ယူမှုကျဆင်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုများ မြင့်တက် 

Powered by Drupal

           အိန္ဒိယနိုင်ငံ၏ နိုဝင်ဘာလအတွက် စားအုန်းဆီတင်သွင်းမှုများသည် ဈေးနှုန်းမြင့်တက်နေသောနေကြာဆီနှင့် ပဲပိစပ်ဆီများကို ကုန်သည်များဝယ်ယူမှုနည်းပါးလာသဖြင့် မြင့်တက်လျက်ရှိ ကြောင်း သိရပါသည်။ စားအုန်းဆီအများဆုံးတင်သွင်းပြီး ဟင်းသီးဟင်းရွက်ဆီ အကြီးဆုံးဝယ်ယူသည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ထိပ်သီး စားအုန်းဆီထုတ်လုပ်သည့်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံများကို အထောက်အကူပြုနေပြီး မလေးရှားနိုင်ငံ စားအုန်းဆီအနာဂတ်အတွက် များစွာအထောက်အကူပေးနေကြောင်း သိရပါသည်။ နိုဝင်ဘာလ တွင် အိန္ဒိယနိုင်ငံသည် စားအုန်းဆီတန်ချိန်ပေါင်း ၆၃၀၀၀၀ မက်ထရစ်တန်ခန့်တင်သွင်းခဲ့ပြီး အောက်တိုဘာလထက် . ရာခိုင်နှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ နိုဝင်ဘာလ အတွက် ပဲပိစပ်ဆီတင်သွင်းမှုသည် တန်ချိန် ၄၀၀၀၀၀တန်ခန့်တင်သွင်းခဲ့ပြီး အောက်တိုဘာလ ထက် ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်းနှင့် နေကြာဆီတင်သွင်းမှုသည် တန်ချိန် ၁၄၅၀၀၀ တန်ခန့် တင်သွင်းခဲ့ပြီး အောက်တိုဘာလထက် ၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ စားသုံးဆီစုစုပေါင်းတင်သွင်းမှုသည် နိုဝင်ဘာလတွင် တန်ချိန် .၁၈ သန်းတန်ခန့် ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၁၁.၅ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှုအချက်အလက်များအရ တန်ချိန် ၃၀၀၀၀ တန်ခန့်ရှိသော ပဲပိစပ်ဆီများကို နီပေါနယ်စပ်မှတစ်ဆင့် အကောက်ခွန်မဲ့တင်သွင်းမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံမှ စားအုန်းဆီဝယ်ယူသူများသည် စားအုန်းဆီဝယ်ယူမှုမြင့်တက်ခြင်းမှာ စားအုန်းဆီများသည် ပဲပိစပ်ဆီများထက် တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ခန့်ဈေးသက်သာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းလျက်ရှိကြောင်းနှင့် ပဲပိစပ်ဆီနှင့်နေကြာဆီများကို အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရှရှားနှင့် ယူကရိန်းနိုင်ငံများမှတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: The Economic Times                                                                               

DOCA (ရန်ကုန်)