ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံဈေးနှုန်းများမှာ လွန်ခဲ့သော ၄ - ၅ လ ကာလအတွင်း ၁၀% မှ ၁၅% အထိ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ကြေညာမည့် ဇွန်လ ၄ ရက်နေ့၏ နောက်ပိုင်း၌ ၂၀% မှ ၃၀% ခန့်အထိ ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်း Times of India သတင်းဌာနက ဖော်ပြပါသည်။
မလေးရှားနိုင်ငံသည် ၎င်း၏ ဆီမီးကွန်ဒတ်တာထုတ်လုပ်သော စက်မှုလုပ်ငန်းများအတွက် အနည်းဆုံး ရင်းဂစ် ၅၀၀ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၇ဘီလီယံ)အား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် Anwar Ibrahim က ၂၀၂၄ခုနှစ်၊ မေလ ၂၈ရက်နေ့ (အင်္ဂါနေ့) တွင် ပြောကြားခဲ့သည်။
သီရိလင်္ကာကျွန်းနိုင်ငံမှ လက်ဖက်ခြောက်ထုတ်လုပ်သော လုပ်ငန်းရှင်များသည် အလုပ်သမားများအား လုပ်ခလစာ ၇၀ရာခိုင်နှုန်းတိုးမြှင့်ပေးရန် အစိုးရ၏ ထုတ်ပြန်ခဲ့သည့် အမိန့်ကို ၂၀၂၄ခုနှစ်၊ မေလ ၂၇ရက်နေ့ (တနင်္လာနေ့)က ရှုတ်ချခဲ့ပြီး ၎င်းတို့၏လက်ဖက်ခြောက်သည် တစ်ကမ္ဘာလုံးတွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်အပြင် နိုင်ငံအတွက် ငွေကြေးအခက်အခဲများပေါ်ပေါက်လာစေရန် ဒေါ်လာငွေများလျော့နည်းသွားစေမည်ဟုပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးရာညှိနှိုင်းဆောင်ရွက်မှုဝန်ကြီး Airlangga Hartarto သည် အင်ဒိုနီးရှားနိုင်ငံတွင်ထုတ်လုပ်သည့် တောင်ကိုရီးယားနိုင်ငံလုပ် လျှပ်စစ်ကားများအား အမေရိကန်ဈေးကွက်သို့တင်ပို့ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများတွင် တောင်ကိုရီးယားအစိုးရ၏ ပံ့ပိုးမှုကိုရရှိရန် တောင်းဆိုခဲ့သည်ဟုသိရပါသည်။ Hartarto သည် တောင်ကိုရီးယားနိုင်ငံ၏ စွမ်းအင်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Ahn Duk-geun နှင့် ၂၂-၅-၂၀၂၄ ရက်နေ့က Seaul မြို့ တွင် တွေ့ဆုံခဲ့ပါသည်။
ဂျပန်ကုမ္ပဏီများသည် ဘိုင်အိုလောင်စာထုတ်လုပ်ခြင်း၊ အစိမ်းရောင်ထုတ်ပိုးခြင်း၊ AI နည်းပညာ လျှပ်စစ်ကားထုတ်လုပ်မှုတို့တွင် ထိုင်းနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံရန်နှင့် ၎င်းတို့၏ ထုတ်လုပ်ရေးစက်ရုံများကိုတိုးချဲ့ရန် စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်ဆရတ်သာဗီဆင်က ၂၃-၅-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားမှုကို ၎င်း၏ ၂၂-၅-၂၀၂၄ ရက်နေ့မှ ၂၄-၅-၂၀၂၄ ရက်နေ့ထိ (၃)ရက်တာကြာမြင့်ခဲ့သည့် ဂျပန်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် တိုကျိုတွင် ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည့် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
(၂၀၂၂-၂၀၂၃) ခုနှစ်တွင် ပင်လယ်ထွက်ကုန်များတင်ပို့ရောင်းချမှုမှာ အမေရိကန်ဒေါ်လာ ၈ဘီလီယံခန့်ရရှိခဲ့ပြီး အမေရိကန်နှင့်ဥရောပကဲ့သို့သော အဓိကဈေးကွက်များတွင် ဝယ်လိုအားကျဆင်းမှုကြောင့် (၂၀၂၃-၂၀၂၄) ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှု ၉ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၇.၃၇ဘီလီယံ)သို့ကျဆင်းသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရှိရသည်။ သို့သော်လည်း ပင်လယ်ထွက်ကုန်တင်ပို့သူများသည် ပြည်ပမှမှာယူမှုများအားကောင်းနေသောကြောင့် လာမည့် (၂၀၂၄-၂၀၂၅) ခုနှစ်အတွင်း ပင်လယ်ထွက်ကုန်များအား ပိုမိုတင်ပို့ရောင်းချနိုင်လိမ့်မည်ဟုယုံကြည်ထ
ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးသည် ၂၀၃၃ခုနှစ်တွင် (၃)ဆထိမြင့်တက်လာနိုင်ရန်မျှော်လင့်ရပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ကဲ့သို့ ထရီလီယံဒေါ်လာ စီးပွားရေးအင်အားရှိသည့်အုပ်စုထဲ ဝင်ရောက်နိုင်မည်ဟု ဖိလစ်ပိုင်နိုင်ငံ၊ ဘဏ္ဍာရေးအတွင်းရေးမှူး Ralph Recto က ပြောကြားခဲ့ပါသည်။ မနီလာမြို့တွင် ၂၇-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်စီးပွားရေးရှင်းလင်းညွှန်ကြားမှုအစည်းအဝေးတွင် Recto က ပြင်ပမှစိန်ခေါ်မှုများရှိနေသော်လည်း တိုင်းပြည်သည် အာဆီယံဒေသတွင်း၌ သာလွန်သည့်စီးပွားရေးရှိပြီး ၂၀၂၅ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅.၈ရာခိုင်နှုန်းမှ ၆.၃ရာခိုင်နှုန်း
ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) သည် ယခုနှစ်တွင် ဖူးခတ်ကမ်းခြေ၏ ခရီးသွားကဏ္ဍမှတစ်ဆင့် အနည်းဆုံးဘတ် ၄၀၀ဘီလီယံရရှိမည်ဟု ယုံကြည်ချက်ရှိနေပြီး ၂၀၂၄ခုနှစ်၏ ပထမသုံးလတာကာလတွင် ဖူးခတ်ကမ်းခြေကို ခရီးသွား ၃.၆သန်းကျော်လာရောက်လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ TAT ရုံး၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် Lerdchai Wangtiakoondee က ဇန်နဝါရီလမှ မတ်လအတွက် ဖူးခတ်ကိုလာရောက်လည်ပတ်ခဲ့သည့် ခရီးသွားအရေအတွက်မှာ ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၃၀ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဘဏ္ဍာငွေ ဘတ် ၁၃၇ဘီလီယံရရှိခဲ့ကြောင်း ၂၅-၅-၂၀၂၄ ရက်နေ့က မီဒီယာများကိုပြောကြားခဲ့ပါသည်။ ဖူးခတ်သည် ယခုအချိန်တွင် ခရီးသွားလ
တရုတ်နိုင်ငံသည် ပြည်တွင်းမှကုမ္ပဏီများကို ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်အတွက် တိုက်တွန်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးစင်္ကြန်ကိုအရှိန်မြှင့်တင်ရန်၊ စက်မှုဇုံလုပ်ငန်းစဥ်များအရှိန်ရလာစေရန်နှင့် မီးရထားလမ်း၊ ကားလမ်း၊ စွမ်းအင်နှင့်စိုက်ပျိုးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်အတွက် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ၎င်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sok Chenda Sophea နှင့် ၂၄-၅-၂၀၂၄ ရက်နေ့တွင် ဘေဂျင်း၌ တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အရှေ့တောင်အာရှ၏ မော်တော်ကားစျေးကွက်တွင် တတိယနေရာ၌ ကြာရှည်စွာရပ်တည်နေသော မလေးရှားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလအထိ သုံးလဆက်တိုက် မော်တော်ကားထုတ်လုပ်မှုတွင် ထိုင်းနိုင်ငံအားကျော်တက်ကာ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး မော်တော်ကားစျေးကွက်ဖြစ်လာခဲ့သည်။
မလေးရှားနိုင်ငံ၏ Automotive Association အဆိုအရ ယခုနှစ် ပထမသုံးလပတ်တွင် ကားအစီးရေ ၂၀၂၂၄၅စီးရောင်းချနိုင်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၅ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် စတားလင့်အင်တာနက်ဝန်ဆောင်မှု စတင်ထုတ်လွှင့်ပြီးနောက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီပီဒိုဒိုက ဘီလီယံနာသူဌေး Elon Musk ကို အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ဂျိုကိုဝီသည် Elon Musk ကို ဘာလီတွင်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရေဖိုရမ်တွင် ၂၀-၅-၂၀၂၄ ရက်နေ့က သီးခြားတွေ့ဆုံခဲ့ပြီး အဆိုပါအခမ်းအနားကို Elon Musk က ရေတိုစီမံခန့်ခွဲမှု၏ အရေးပါမှုနှင့်ပတ်သက်၍ ဟောပြောမည့်သူအနေဖြင့် တက်ရောက်ခြင်းဖြစ်ကြောင်းသိရပါသည်။ အစည်းအဝေးတွင် ဂျိုကိုဝီက Elon Musk ၏ Space XI ကားထုတ်လုပ်သည့် Telsa နှင့် ဥမင်လှိ
ထိုင်းနိုင်ငံ၏ ၂၀၂၄ခုနှစ်အတွက် ကားထုတ်လုပ်မှုရည်မှန်းချက်လျှော့ချရဖွယ်ရှိပြီး ကားထုတ်လုပ်မှုများကျဆင်းလျက်ရှိကြောင်းနှင့် စီးပွားရေးနှေးကွေးမှုသည် ကားရောင်းချရမှုများကို သက်ရောက်စေခဲ့ကြောင်း ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) အဆိုအရသိရပါသည်။ ယခုနှစ်အစောပိုင်းတွင် FTI သည် ပြည်ပသို့တင်ပို့ရန်အတွက် ကားအစီးရေ ၁.၁၅သန်း၊ ပြည်တွင်းရောင်းချရန်အတွက် အစီးရေ ၇၅၀၀၀၀၊ စုစုပေါင်းကားအစီးရေ ၁.၉သန်း၊ ယခင်နှစ်ထုတ်လုပ်မှုပမာဏ၏ ၃.၁၅ရာခိုင်နှုန်းတိုးမြှင့်ထုတ်လုပ်ရန် ရည်မှန်းချက်ထားခဲ့ပါသည်။ သို့သော် ဧပြီလတွင် စုစုပေါင်းကားထုတ်လုပ်မှုပမာဏသည် အစီးရေ ၁၀၄၆၆၇နှင့် ၁၁ရာခိုင်နှုန်းလျော