Main menu

ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်းရှိ စားအုန်းဆီ သတင်းများအပေါ် သုံးသပ်ချက် 

Powered by Drupal

     မလေးရှားတွင် စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် အောက်တိုဘာလထက် တန်ချိန် ၁.၉၄ သန်း (၅.၃%) ကျဆင်းခဲ့သော်လည်း နိုဝင်ဘာလ ထုတ်လုပ်မှုအနေဖြင့် ၂၀၁၇ ခုနှစ် နောက်ပိုင်း အများဆုံးဖြစ်သည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ပြောကြားပါသည်။ လက်ရှိထုတ်လုပ်မှု အရှိန်အဟုန်အရ မလေးရှား၏ စားအုန်းဆီ တနှစ်တာ စုစုပေါင်းထုတ်လုပ်မှု သည် ၂၀၂၅ နှစ်ကုန်တွင် ပထမဆုံးအကြိမ်အဖြစ် တန်ချိန် သန်း ၂၀ ကျော် ရှိလာမည်ဟု ခန့်မှန်း ထားပါသည်။ စားအုန်းဆီတင်ပို့မှုမှာ ၂၈.၁% ကျဆင်းပြီး တန်ချိန် ၁.၂၁ သန်း သာရှိခဲ့သဖြင့် နှစ်လ ဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် ပြန်လျော့ကျခဲ့သည်။ အင်ဒိုနီးရှား အစိုးရက စားအုန်းဆီ ပို့ကုန် ခွန်ကို နိုဝင်ဘာလတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၁၂၄ စည်းကြပ်ခဲ့ရာမှ ဒီဇင်ဘာတွင် ကန် ဒေါ်လာ ၇၄ သို့ လျှော့ချခဲ့ပါသည်။ သက်ရောက်မှုမှာ အင်ဒိုနီးရှားသည် စားအုန်းဆီကို ဈေးနှုန်း နိမ့်ကျစွာဖြင့် ရောင်းချနေခြင်းကြောင့် မလေးရှား၏ ဒီဇင်ဘာလ  စားအုန်းဆီ တင်ပို့မှု လျော့ကျဖွယ် ရှိနိုင်ပါသည်။ မလေးရှား စားအုန်းဆီကြမ်း (CPO) ကြို ပွိုင့်ဈေးကွက်သည် Dalian ဟင်းသီး ဟင်းရွက်ဆီများ ကျဆင်းမှုနှင့် ပို့ကုန်အားနည်းမှုကြောင့် ဈေးအနည်းငယ် ကျဆင်းခဲ့ပါသည်။ မုန်တိုင်းများကြောင့် မိုးရွာသွန်းမှုများပြားခဲ့၍ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ စားအုန်းဆီ စိုက်ခင်းများတွင် လုပ်သားနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် အထွက်နှုန်း ယာယီ လျော့ ကျခြင်း၊ ရိတ်သိမ်းချိန် နောက်ကျခြင်းကြောင့် ဆီအရည်အသွေး ကျဆင်းနိုင်ခြင်းတို့ဖြစ်ပေါ် နိုင်ပါ သည်။ တရုတ်နှစ်သစ်ကူး (Lunar New Year) နှင့် ၂၀၂၆ ခုနှစ်တွင်ကျရောက်မည့် ရမ်ဇာန် (Ramadan) ကာလများအတွက် ကြိုတင် ဝယ်လိုအား ကောင်းမွန်မည်ဟူသော မျှော်လင့်ချက်များ၊ အင်ဒိုနီးရှားနှင့် တူနီးရှားတို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် ဦးစားပေး ကုန်သွယ်မှု သဘောတူစာချုပ် (PTA) ချုပ်တွင် စားအုန်းဆီနှင့်စပ်လျဉ်း၍ ကုန်သွယ်မှု ဆိုင်ရာအခွန်နှုန်းထားများကို လျှော့ချပေးခြင်းဖြင့် အင်ဒိုနီးရှား စားအုန်းဆီသည် တူနီးရှား ဈေးကွက်သို့ ယခင်ကထက် အခွန်သက်သာစွာ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ခြင်း၊ အင်ဒိုနီးရှား၏ ဇီဝ လောင်စာဆီအတွက် B:40 မူဝါဒကြောင့် စားအုန်းဆီ ဝယ်လိုအားသည် ဆက်လက် အားကောင်း နေမည်ဟု ခန့်မှန်းထားခြင်းနှင့် အိန္ဒိယနိုင်ငံရှိ ဆီစက်များသည် ပြိုင်ဘက် ပဲပုပ်ဆီ (Soyoil) ဈေးနှုန်း မြင့်တက်မှုနှင့် ရူပီးငွေကြေး အားနည်းမှုကြောင့် ပဲပုပ်ဆီ ဝယ်ယူမှုအချို့ကို ပယ်ဖျက်ခဲ့ပြီး စားအုန်း ဆီကို ပိုမို ဦးစားပေးလာနိုင်သည့် ခန့်မှန်းချက်များက စားအုန်းဆီ  ဈေးနှုန်းကျဆင်းမှုကို ထိန်းချုပ် ထားပါသည်။ သို့သော်လည်း စားအုန်းဆီ၏ပြိုင်ဘက် အစားထိုးဆီများဖြစ်သည့် ပဲပုပ်ဆီ၊ နေကြာ ဆီနှင့် ပန်းနှမ်းဆီ (Canola Oil) တို့၏ ထောက်ပံ့မှုများကြောင့် ၂၀၂၆ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) ပျမ်းမျှ ဈေးနှုန်းသည်တစ်တန်လျှင် မလေးရှားရင်းဂစ် (MYR) 4,000 ဝန်းကျင်တွင် တည်ငြိမ် နေမည်ဟု သုံးသပ်ထားပါသည်။

Source: https://www.google.com, https://www.mpoc.org.my/