Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
23 May 2023

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၏ မေလ (၁၅)ရက်နေ့၌ ထုတ်ပြန်ထားသောအမိန့်တွင် စားအုန်းဆီကြမ်း (CPO) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၉၃.၂၃ အား ရည်ညွှန်းဈေးအဖြစ် သတ်မှတ်ခဲ့ရာ ယခင် မေလ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း သတ်မှတ်ထားသော ရည်ညွှန်းဈေး အမေရိကန်ဒေါ်လာ ၉၅၅.၅၃ ထက် ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ယခုရည်ညွှန်းဈေးအသစ်အရ စားအုန်းဆီကြမ်းတစ်တန်လျှင် တင်ပို့မှုအခွန်မှာ အမေရိကန်ဒေါ်လာ ၇၄ ဖြစ်၍ စည်းကြပ်ခွန်မှာ အမေရိကန် ဒေါ်လာ ၉၅ သာ ကောက်ခံတော့မည်ဖြစ်ရာ ယခင် (၁၅) ရက်ထက် အခွန်များလျော့ကျသွားကြောင်း ပါကစ္စတန်နိုင်ငံအခြေစိုက် Business Recorder သတင်းဌာနက  ဖော်ပြထားသည်။

23 May 2023

ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်အဆိုပြုလွှာအပေါ် တရုတ်နိုင်ငံအထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဦးစီးဌာန (GACC)က သဘောတူခွင့်ပြုခဲ့ရာ တရုတ်ပြည်တွင်း၌ ကမ္ဘောဒီးယား ငရုပ်ကောင်းများကို တိုက်ရိုက်ဝယ်ယူ ရရှိနိုင်တော့မည်ဖြစ်ပါသည်။

23 May 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်ပမှ ကြက်သွန်နီတင်သွင်းမှုကို မကြာမီခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန် Ms. Wahida Akhtar က ပြောဆိုပါသည်။

23 May 2023

ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းကမ်းလွန်ပင်လယ်၌ ဆောင်ရွက်လျက်ရှိသော မာလမ်ပါယာသဘာဝဓါတ်ငွေ့တွင်း (Malampaya gas field) လုပ်ငန်းစီမံကိန်းရှိ ဝန်ဆောင်မှုလုပ်ငန်း စာချုပ်အမှတ် ၃၈ (SC 38) အား ၁၅-၅-၂၀၂၃ နေ့တွင် ဖိလစ်ပိုင်အစိုးရ က သက်တမ်း ၁၅ နှစ် တိုးမြှင့်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

23 May 2023

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးရန် လိုအပ်ချက်အပေါ် ပြည့်မီမှုမရှိသဖြင့် ၃ နှစ်တာကာလအတွင်း သတ်မှတ်ထားရှိသော ပြည်နယ်အချို့၌ စိုက်ပျိုးထုတ်လုပ်မှုကို နှစ်စဉ်မြှင့်တင်လျက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဖူလုံမှုရရှိအောင် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရှိ သတင်းအရင်းအမြစ်များအရ သိရှိရသည်။

16 May 2023

စားအုန်းဆီထုတ်လုပ်မှု အထွက်နှုန်း သိသိသာသာကျဆင်းလာမည်ဟု ဧပြီလအတွင်း ခန့်မှန်းချက်များကြောင့်  အနာဂတ်မလေးရှားစားအုန်းဆီဈေးနှုန်းသည် မေလ ၉ ရက်နေ့တွင် ရက်သတ္တသုံးပတ်အတွင်း ၄ ရာခိုင်နှုန်းကျော် အမြင့်မားဆုံးဖြင့် တစ်ဟုန်ထိုးမြှင့်တက်လာခဲ့သည်။

16 May 2023

အိန္ဒိယနိုင်ငံတွင် ပန်းသီးတင်သွင်းမှုများသည် ပြည်တွင်း၌ ထုတ်လုပ်သောပန်းသီးများ၏ဈေးနှုန်းကို လျော့နည်းကျဆင်းစေခဲ့ပါသည်။ သို့ဖြစ်ရာ နိုင်ငံအတွင်းသို့ ပန်းသီးတင်သွင်းမှုကို ယခင်က ကင်းလွတ်ခွင့်ပြုထားရာမှ ယခုတားမြစ်ကန့်သတ်လိုက်ကြောင်း အိန္ဒိယအစိုးရက မေလ ၈ ရက်၊ တနင်္လာနေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။

16 May 2023

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၌ ရရှိခဲ့သော ပထဝီကုန်အညွှန်း အမှတ်အသားထုတ်ကုန် ရောင်းချရမှုတန်ဖိုး ဘတ်ငွေ ၄၈ ဘီလီယံထက် ပိုမိုလျက် ၂၀၂၃ ခုနှစ်တွင် ဘတ်ငွေ ၅ဝ ဘီလီယံသို့ တိုးတက်ရရှိမည်ဟု ခန့်မှန်းထားပါသည်။ ပထဝီကုန်အညွှန်းအမှတ်အသား (GI) ဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဈေးကွက်တန်ဖိုး ပိုမိုရရှိစေရန် ထုတ်ကုန်တစ်ခုအား နိုင်ငံတစ်ခု၊ ဒေသတစ်ခု သို့မဟုတ် နေရာဌာနတစ်ခုတွင် ထုတ်လုပ်ပြီး ထူးခြားသော ဝိသေသလက္ခဏာများ သို့မဟုတ် အရည်အသွေးများကို ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း ဖြစ်ပါသည်။ လက်ရှိကာလ၌ ထိုင်းနိုင်ငံတွင် GI မှတ်ပုံ

16 May 2023

အစိုးရက ထောက်ပံ့ပေးသည့် ဓာတ်မြေဩဇာများအား စက်မှုကုန်ထုတ်လုပ်ငန်းများသို့ လွှဲပြောင်းသုံးစွဲခြင်းကို တားဆီးရန်နှင့် အရည်အသွေးအာမခံချက်ရှိစေရန် လုပ်ဆောင်မှုအဖြစ် စံသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်သော ကုမ္ပဏီ ၁၁၂ ခု၏ လုပ်ငန်းလိုင်စင်များအား ဖျက်သိမ်းခဲ့ကြောင်းနှင့် လွန်ခဲ့သည့်ခြောက်လအတွင်း လုပ်ငန်းပေါင်း ၃၇၀ ကျော်ကို စစ်ဆေးခဲ့ပြီးနောက် အမှုဖွင့်အရေးယူမှု ၃၀ မှုရှိခဲ့ကြောင်း အိန္ဒိယ ဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာနက မေလ ၉ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

16 May 2023

စင်ကာပူဈေးကွက်၌ သံသတ္တုရိုင်းဈေးနှုန်းမှာ မေလ ၈ ရက်၊ တနင်္လာနေ့တွင် ကျဆင်းခဲ့ပြီး ဩစတေးလျနှင့် ဘရာဇီးတို့မှ တင်ပို့ရောင်းချမှု အားကောင်းလာမှုနှင့်အတူ ထိပ်တန်းသံမဏိ ထုတ်လုပ်သူတရုတ်၏ ဝယ်လိုအား နှေးကွေးနေသဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၀၀ အောက်ထိ ရောက်ရှိခဲ့သည်။

သံမဏိထုတ်လုပ်ရာ၌ အသုံးပြုသည့်ကုန်ကြမ်းအား အရောင်းအဝယ်အများဆုံးဖြစ်သည့် ဇွန်လအတွက် ကြိုတင်ချုပ်ဆိုသော စာချုပ်များ၏ စင်ကာပူအိတ်ချိန်းတွင် ဖြစ်ပေါ်သည့် ဈေးနှုန်းမှာ တစ်တန်လျှင် ၉၇.၀၅ ဒေါ်လာအထိ ၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

16 May 2023

အိန္ဒိယနိုင်ငံ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ အီသနောပေးသွင်းမှုနှစ် (Ethanol Supply Year – ESY) အတွက် စာချုပ်ချုပ်ဆိုထားသော အီသနောလီတာပေါင်း ၅၁၄ ကုဋေအနက် ဧပြီလ ၃၀ ရက်နေ့အထိ လီတာပေါင်း ၂၃၃ ကုဋေကို ရေနံထွက်ကုန်ဖြန့်ဖြူးရေးကုမ္ပဏီများက လက်ခံရရှိပြီးဖြစ်ရာ လောင်စာဆီ၌ အီသနောရောစပ်မှုကို ယခင်နှစ်ကာလတူတွင် ဆောင်ရွက်နိုင်မှု ၁၀% ထက် ပိုမိုလျက် ၁၁.၆၅% သို့ တိုးတက်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။ ယခု ESY နှစ်အတွက် ဓာတ်ဆီတွင် အီသနော ရောစပ်ပါဝင်မှုကို ၁၂% အထိ တိုးမြှင့်ရန် အိန္ဒိယအစိုးရက ရည်မှန်းထားသည်။

16 May 2023

၂၀၂၃ ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Morodok Techo အားကစားရုံ၏ ပရိဝုဏ်အတွင်း ဆိုင်ခန်းငယ်များ၌ ဈေးကွက်အသစ်များ ရှာဖွေမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဒေသထွက်စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်အမျိုးအမည်ပေါင်း ၂၀၀ ကျော်ကို ခင်းကျင်းပြသလျက်ရှိကြောင်း သိရှိရပါသည်။

Pages