Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
28 May 2024

     ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် ၂၀၂၄ခုနှစ်၊ ပထမသုံးလတာကာလတွင် ပြည်ပသို့ ပင်လယ်စာတင်ပို့မှုပမာဏအတွက် အမေရိကန်ဒေါ်လာ ၂ဘီလီယံနီးပါးထိရောက်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်၊ ပထမသုံးလတာကာလထက် ၈ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း (VASEP)၏ အဆိုအရသိရပါသည်။ ယခုကဲ့သို့ မြင့်တက်လာခြင်းသည် အဓိကဈေးကွက်များဖြစ်သော အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် ဟောင်ကောင်တို့ထံမှ မြင့်တက်လာသော ဝယ်လိုအားများကြောင့်ဖြစ်သည်ဟုသိရပါသည်။ VASEP သည် ၂၀၂၄ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉.၅ဘီလီယံတန်ဖိုးရှိသည့် ပင်လယ်စာထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်

27 May 2024

    အိန္ဒိယစားနပ်ရိက္ခာလုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့အစည်း (The Food Safety and Standards Authority of India-FSSAI) သည် သရက်သီးများ ပေါများသည့်ရာသီ ကာလတွင် သစ်သီးများကို ကယ်လ်ဆီယမ်ကာဘိုက် ရင့်မှည့်ဆေးကို အသုံးပြု၍ အချိန်မတိုင်မီ ရင့်မှည့်စေခြင်းအတွက် သတ်မှတ်ထားသည့် စံနှုန်းများကို တိကျစွာ လိုက်နာစေလိုကြောင်း ကုန်သည်များ၊ သစ်သီးရောင်းချသူများနှင့် စားသောက်ကုန်လုပ်ငန်းရှင်များကို တိုက်တွန်းပြော ကြားခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းက စားနပ်ရိက္ခာလုံခြုံစိတ်ချရမှုဆိုင်ရာဌာနများအား စားနပ် ရိက္ခာလုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအက်ဥပဒေ ၂ဝဝ၆၊ နည်းဥပဒေနှင့် စည်းမျဉ်းများတွင် ပြဌ

27 May 2024

     မလေးရှားနိုင်ငံတွင် ၂ဝ၂၄ ခုနှစ်မေလအတွင်း စားအုန်းဆီထုတ်လုပ်မှုကောင်းမွန်လာသဖြင့်  စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများသည် ရင်းဂစ် ၃,၇ဝဝ မှ ၃,၉၅ဝ ကြားရှိမည်ဟု မျှော်လင့်ရသည်ဟု မလေးရှားစားအုန်းဆီကောင်စီ (MPOC) ထံမှ သိရှိရကြောင်း The Edge Malaysia သတင်းဌာနမှ ၂၀-၅-၂၀၂၄ ရက်နေ့တွင် ဖော်ပြထားပါသည်။ အဆိုပါသတင်းဌာန၏ ဖော်ပြချက်တွင် စားအုန်းဆီထုတ်လုပ်မှု မြင့်တက်လာသော်လည်း စားအုန်းဆီသိုလှောင်မှုမှာ ယခုနှစ်ဒုတိယသုံးလပတ်တွင် တန်ချိန် ၂ သန်းအောက်သာ ကျန်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ သို့ရာတွင် အဓိကဝယ်ယူတင်သွင်း သောနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင်လည်း စားသုံးဆီသိ

27 May 2024

   ထိုင်းနိုင်ငံ၊ Surin ပြည်နယ်တွင် ဆယ်စုနှစ်တစ်ခုကြာ သိုလှောင်ထားသည့် ဆန်အိတ် ၁၅ဝ,ဝဝဝ ကို ဆေးသိပ္ပံဦးစီးဌာနက လူအများစားသုံးရန်လုံခြုံစိတ်ချရမှုရှိကြောင်း ကြေညာသည် နှင့်တစ်ပြိုင်နက် ပြည်သူများသို့ လေလံတင်ရောင်းချနိုင်ရေး ပြင်ဆင်ထားရန် ပြည်သူ့သိုလှောင်ရုံ အဖွဲ့အစည်း (PWO) သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Phumtham Wechayachai က ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆန်များကို ပုဂ္ဂလိကကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့်  ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခဲ့ပြီး သိုလှောင်ထားချိန်အတွင်း မီးခိုးမှိုင်း တိုက်မှုများမှ ဖြစ်ပေါ်လာနိုင်သော ကင်ဆာဖြစ်စေနိုင်သောဓာ

27 May 2024

      ၂၀၂၄ခုနှစ် ပထမသုံးလပတ်၌ ထိုင်းနိုင်ငံ၏ လတ်ဆတ်သော သရက်သီးတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဘတ် ၁.၆ သန်းခန့်အထိ ၁၃၀% မြင့်တက်လာခဲ့ကြောင်း၊ အလားတူကာလအတွင်း၌ပင် ကောက်ညှင်းဆန်တင်ပို့မှုသည် ဘတ် ၁ သန်းခန့်အထိ ၁၃ % မြင့် တက်ခဲ့ကြောင်း သိရှိရသည်။

27 May 2024

      ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှာ စံချိန်တင်ထွက်ရှိခဲ့ပြီး အအေးခန်းသိုလှောင်ရုံများ၌ ထားရှိနိုင်မည့်ပမာဏထက် ကုန်ဝင်ရောက်မှု ပိုလျှံနေသဖြင့် ကြက်သွန်နီ တင်သွင်းခွင့် တားမြစ်ပိတ်ပင်ထားခြင်းကို ဇူလိုင်လအထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel Jr. က ၂၀-၅-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

27 May 2024

      အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ကန်ထိုမြို့ (Can Tho) ရှိ ဆန်စပါးတင်ပို့မှုနှင့် စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိသည်ဟု အဆိုပါမြို့သို့ ရောက်ရှိနေသော အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ၂၀-၅-၂၀၂၄ နေ့တွင် မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး Nguyen Van Hieu နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။

27 May 2024

     အိန္ဒိယပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ညီမျှမှုမရှိပဲ လိုအပ်ချက် ဖြစ်ပေါ်မှုကြောင့် ပဲမျိုးစုံ ဈေးနှုန်းများသည် သီးနှံရာသီအသစ်၌ စိုက်ပျိုးထွက်ရှိမှုမှ ဈေးကွက်သို့ စတင်ဝင်ရောက်လာမည့် အောက်တိုဘာလအထိတိုင်အောင် ဆက်လက်မြင့်တက်ပြီး စားသောက် ကုန်ဈေးနှုန်းများ ဖောင်းပွမှုအပေါ် ဖိအားများသက်ရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြသည်။

27 May 2024

     ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် ဧပြီလတွင် ၁၀၉၂၁၉တန်ရှိပြီး အမေရိကန်ဒေါ်လာ ၂၉ဒသမ ၄သန်းတန်ဖိုးရှိခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ပမာဏနှင့် တန်ဖိုးအဆတစ်ရာကျော်တိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရသိရသည်။

      အပူစွမ်းအင်အတွက် ဝယ်လိုအားတိုးမြင့်လာခြင်းကြောင့် နိုင်ငံအများအပြားတွင်  ကျောက်မီးသွေးတင်သွင်းမှုအများဆုံးသောနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂.၄၃သန်းတန်ဖိုးရှိသော ကျောက်မီးသွေး ၅၃၄၀၄တန်ခန့်တင်သွင်းထားပြီးဖြစ်သည်။

27 May 2024

     ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို နက်ရှိုင်းစေမည့် နောက်ဆုံးလက္ခဏာဖြစ်သည်။

        ရှီ၏ဖိတ်ကြားချက်အရ ပူတင်သည် ကြာသပတေးနေ့မှစတင်၍ တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

27 May 2024

      အဆင့်သတ်မှတ်ချက်အပြောင်းအလဲများသည် အာရှမော်တော်ကားထုတ်လုပ်သူများအတွက် အဓိကတိုက်ပွဲဖြစ်လာသည်ဟု ဂျပန်အခြေစိုက် အွန်လိုင်းသတင်းမဂ္ဂဇင်းက မှတ်ချက်ပြုခဲ့သည်။

       ကာလကြာရှည်စွာ တတိယနေရာသို့ရောက်ရှိခဲ့သော မလေးရှားနိုင်ငံ၏ ရောင်းအားကိန်းဂဏန်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ဆက်တိုက် ထိုင်းနိုင်ငံ၏ ထိပ်ဆုံးမှရပ်တည်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

27 May 2024

        Amazon သည် cloud ဝန်‌ဆောင်မှုများတိုးချဲ့ရန်အတွက် စင်္ကာပူတွင် ဒေါ်လာ ၉ဘီလီယံရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်းကြေညာခဲ့သည်။ မေလ ၇ရက်နေ့တွင် ကျင်းပသည့် Amazon Web Services (AWS) ASEAN Summit ၌ Seattle အခြေစိုက် နည်းပညာကုမ္ပဏီကြီးသည် မလေးရှားနှင့်ထိုင်းနိုင်ငံရှိ cloud ဝန်ဆောင်မှုများတွင် ‌‌ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံမှုများကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ယခုကဲ့သို့ အစီအစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

Pages