ပြည်ပကုန်သွယ်မှုသတင်းများ
ပြည်တွင်းဈေးကွက်၌ ပဲမျိုးစုံဈေးနှုန်းများ ကျဆင်းမည့် လက္ခဏာမရှိသည့် အခြေအနေတွင် အိန္ဒိယအစိုးရသည် ရောင်းလိုအားမြှင့်တင်ရေး ဆောင်ရွက်ချက်အဖြစ် ကုလားပဲတင်သွင်းမှုအပေါ် အခွန်ကောက်ခံခြင်းကို ဖယ်ရှားခဲ့သည့်အပြင် စားတော်ပဲများအား တင်သွင်းခွင့်ပြုသည့် ကာလကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည် မေလ၅ရက်နေ့က ပြင်သစ်နိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ် ခရီးသွားရောက်ခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသွားမည်ဟု သိရပါသည်။ ဥရောပသမ္မဂ္ဂ နှင့် တစ်ဖြည်းဖြည်းတိုးပွားလာသော ကုန်သွယ်ရေး အငြင်းပွားမှုများ ကိုဆွေးနွေးရန် ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီးရောက်လာသော သမ္မတရှီက တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံများ၏ ကွဲပြားခြားနားသော လူနေမှုစနစ်များ အကြား ငြိမ်းချမ်းစွာအတူတကွရှိမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့အတွက် နိုင်ငံတကာလူမှုအဖွဲ့အစည်း၏ စံပြတစ်ခု ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ကမ္ဘာ့အကြီးမားဆုံး သစ်ကြမ်းပိုးခေါက်တင်ပို့သည့် နိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံ ဆက်လက်ရပ်တည်နိုင်ရန်အတွက် ၂၀၂၁ခုနှစ်တွင် ထုတ်ပြန်ထားခဲ့သည့် မဟာဗျူဟာကို ပြုပြင်ထုတ်ပြန်ရန် လိုအပ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်တွင် သစ်ကြမ်းပိုးခေါက်တန်ချိန်(၉၀၀၀၀)နီးပါးဖြင့် အမေရိကန်ဒေါ်လာသန်း၂၆၀ကျော်တင်ပို့ခဲ့ပြီး ၂၀၂၂ခုနှစ်ထက် ပမာဏအားဖြင့် ၁၄.၆ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း တန်ဖိုးအားဖြင့် ၁၀.၇ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် သစ်ကြမ်းပိုးခေါက်တစ်တန်ကို ၂၉၁၈အမေရိကန်ဒေါ်လာရှိခဲ့ပြီး ၂၀၂၂ခုနှစ်ထက် ၂၂.၁ရာခိုင်နှုန်းစျေးနှုန်းကျဆင်းခဲ့ကြောင်းသိရပ
သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) မှ အစီရင်ခံဖော်ပြချက်အရ ၂၀၂၄ ခုနှစ် မတ်လအတွင်း သဘာဝရော်ဘာဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရော်ဘာအခြောက် တန်ချိန် ၆၉၃၂၂ တန်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလ၌ တင်ပို့ခဲ့မှု ၆၅၉၂၁ တန်အပေါ် ၅.၁% တိုးတက်လာကြောင်း ကမ္ဘောဒီးယား ရော်ဘာညွှန်ကြားမှုဦးစီးဌာန၏ ၂၃-၄-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြပါသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း စုစုပေါင်း ရော်ဘာတန်ချိန် ၄၁၄၃၁၇ ခန့်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၇ သန်းကျော်ရရှိခဲ့သည်ဟု ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရှိရကြောင်း Vietnam News က ဧပြီလ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ ယခင်နှစ် ကာလတူ၌ တင်သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက ဧပြီလလယ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ သီးနှံလုပ်ငန်းဌာန (BPI) ၏ အချက်အလက်များအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Boro စပါးခေါ် နွေစပါးအား စိုက်ပျိုးထားရှိမှုမှာ စိုက်ခင်းအများစု၌ စပါးအစေ့အဆန်တည်မှု အောင်မြင်မှုသည့် အဆင့်တွင်ရှိသော်လည်း အပွင့်ပွင့်သည့်အဆင့်၌ ကျန်ရှိနေသာ ၂၀% ခန့်သည် နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော အပူလှိုင်းကျရောက်မှု အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။
တရုတ်နိုင်ငံသည် လာမည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့အကြီးဆုံး ဆန်စပါးထုတ်လုပ်သူနှင့် စားသုံးသူဖြစ်သည့် တရုတ်နိုင်ငံ၏ ဒေသအချို့တွင် ကောက်စောစပါးသီးနှံများ ပျက်စီးနိုင်သဖြင့် စိုးရိမ်မှုများ မြင့်တက်လာသည်။
ကမ္ဘောဒီးယားသီဟိုဠ်စေ့များအသင်း (CAC) သည် သီဟိုဠ်စေ့အစို တစ်ကီလိုဂရမ်လျှင် ကမ္ဘောဒီးယား ငွေကြေး ၅၀၀၀ ရီယယ်အထိ တိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပြီး ၁၅ နှစ်တာ ကာလအတွင်း စံချိန်သစ်တင်ခဲ့ကြောင်း၊ သုံးလအတွင်း တန်ချိန် ၄ သိန်းကျော် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော်ကို တင်ပို့ခဲ့ပြီး ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းတွင် သီဟိုဠ်စေ့အစိုဈေးနှုန်းမှာ ၄၀၀၀ ရီယယ်မှ ၄၆၀၀ ရီယယ်ကြားရှိ ကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဒေါ်လာ ၅၄၃ သန်း တန်ဖိုးရှိသော သီဟိုဠ်စေ့များ တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃% တိုးတက်ခဲ့ကြောင်း၊ ယင်းကာလအတွင်း သီဟိုဠ်စေ့ထုတ်လုပ်မှု စုစုပေါင်းတန်ချိန် ၄၇၄၀၀၀ အနက် ၄၂၄၀၀၀ တန် အား ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း၏ အစီရင်ခံစာအရ သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Yao Wen သည် ဘင်္ဂလားဒေ့ရှ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး Dr Md Abdus Shahid နှင့် ဧပြီလ ၂၉ ရက်နေ့၌ တွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် ၂ဝ၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထံမှ သရက်သီးများကို တင်သွင်း သွားလိုကြောင်း ပြောကြားခဲ့ပါသည်။