ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံ၌ ၂၀၂၄ ခုနှစ် မတ်လအတွင်း နေကြာဆီတင်သွင်းမှုမှာ ယခင်လကထက် ၅၁% မြင့်တက်ခဲ့ကြောင်း၊ ပြိုင်ဖက် စားအုန်းဆီထက် ဈေးနှုန်းသက်သာမှုရှိသဖြင့် စားသုံးဆီ ပြန်လည် သန့်စင်ထုတ်လုပ်သည့် စက်ရုံများသည် စားအုန်းဆီအစား နေကြာဆီကို ပိုမိုတိုးတက် ဝယ်ယူလာခြင်းဖြစ်သည်ဟု ကုန်သည်လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ၂-၄-၂-၂၄ နေ့တွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ၂ဝ၂၂-၂၃ (အောက်တိုဘာ-စက်တင်ဘာ) ဈေးကွက် ရာသီနှစ်အတွက် ပြုလုပ်သောဆွေးနွေးပွဲတွင် ပြည်တွင်းရှိလယ်သမားများသို့ သတ်မှတ်ထားသော ဆန်စပါးထုတ်လုပ်မှု အထောက်အပံ့ထက် ကျော်လွန်ပေးအပ်ခဲ့သဖြင့် သက်သာခွင့်ပေးရန် အိန္ဒိယ နိုင်ငံက ၅ ကြိမ်မြောက် ဆက်တိုက်တောင်းဆိုမှုအဖြစ် အရေးဆိုခဲ့ပါသည်။
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ဘာစမာတီဆန်မူပိုင်ခွင့်နှင့်ပတ်သက်၍ အငြင်း ပွားလျက်ရှိကြပါသည်။ အိန္ဒိယစိုက်ပျိုးရေးသုတေသနသိပ္ပံ (Indian Agricultural Research Institute - IARI) က ပါကစ္စတန်နိုင်ငံအား အိန္ဒိယနိုင်ငံမှ မူပိုင်ခွင့်ပိုင်ဆိုင်ထားသည့် ဘာစမာတီ ဆန်စပါးများကို တရားမဝင်စိုက်ပျိုးနေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ထိုသို့ပြောဆိုခြင်းမှာ အိန္ဒိယ နိုင်ငံရှိ လယ်သမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံ၌ ၈-၄-၂၀၂၄ နေ့အထိ အရန်ရိက္ခာဆန် တန်ချိန် ၂၉၀၀၀၀ အပါအဝင် ဆန်လက်ကျန်စုစုပေါင်းမှာ ၁၀၉၆၉၆၄ တန်ရှိပြီး ပြည်တွင်းစားသုံးရန်လိုအပ်ချက်ကို ၅.၄၈ လကြာ အထိ တည်ငြိမ်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မလေးရှား လယ်ယာစိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာဖူလုံရေး ဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် အိန္ဒိယ၏ဆန်တင်ပို့မှု ကန့်သတ်ချက်များကြောင့် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာမည်ဟု ဆန်တင်ပို့သူများအနေဖြင့် မျှော်လင့်ထားကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၌ ပြောင်းသီးနှံအစား ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးရန် အစိုးရက ဆွဲဆောင် တွန်းအား ပေးလျက်ရှိသော်လည်း ယခင်နှစ်တွင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့်အတိုင်း ၂၀၂၄ ခုနှစ်၌လည်း ဆက် လက်၍ စံချိန်တင်တိုးတက်ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ရိုဘတ်စတာကော်ဖီ၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ကော်ဖီစိုက်ပျိုးသည့် တောင်သူများက ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချခြင်းမပြုပဲ သိုလှောင် ထိန်းသိမ်းထားသဖြင့် အိန္ဒိယပြည်တွင်းဈေးကွက်၌ ကော်ဖီစေ့များ ဝယ်ယူရရှိရန် ခက်ခဲလျက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စာချုပ်များအတိုင်း ပြည့်မီစွာတင်ပို့နိုင်ရေး ရုန်းကန်ဆောင်ရွက်နေရကြောင်း သိရှိရသည်။ အိန္ဒိယပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်ရောင်းဝယ်မှုရှိသည့် ပြုပြင်ခြင်း မပြုရသေး သော ခူးဆွတ်ပြီး ရိုဘတ်စတာ ချယ်ရီသီးများ၏ ဈေးနှုန်းသည် ၅၀ ကီလိုဂရမ်ဝင် ၁ အိတ်လျှင် ဧပြီလ ပထမရက်သတ္တပတ် အစောပိုင်းတွင် ရူပီးငွေ ၈၅၀၀ - ၈၉၅၀ နှုန်းထားရှိရ
ဝန်ကြီးချုပ် Anthony Albanese သည် အင်္ဂါနေ့တွင် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေး၏ CEO ဖိုရမ်တွင် သြစတြေးလျနိုင်ငံနှင့် အရှေ့တောင်အာရှ၏ စီးပွားရေးဆက်ဆံမှုကိုမြှင့်တင်ရန် ဘဏ္ဍာရေးနှင့် အခြားမက်လုံးများအစုံအလင်ကို ထုတ်ဖော်ပြသမည်ဖြစ်သည်။
တိုယိုတာမော်တာ၏ ဥက္ကဋ္ဌနှင့် စီအီးအိုအဖြစ် ကိုဂျီဆာတိုတာဝန်စယူသည့် ပထမဆုံးနှစ်တွင် ကုမ္ပဏီသည် တန်ဖိုးအားဖြင့်သာမက ဝင်ငွေရရှိမှုတွင်ပါ စံချိန်တင်မြင့်တက်ခဲ့ပါသည်။ (၁-၃-၂၀၂၄) ရက်နေ့တွင် တိုယိုတာသည် စျေးကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၉၅)ဘီလီယံတန်ဖိုးရှိသည့် ပထမဆုံးဂျပန်ကုမ္ပဏီဖြစ်လာခဲ့ပြီး ၂၀၂၃ခုနှစ်၊ မတ်လအကုန်ပိုင်းထက် (၂)ဆတန်ဖိုးတက်လာခဲ့ပါသည်။ တိုယိုတာ၏ စျေးကွက်တန်ဖိုးအသစ်သည် ၁၉၈၇ခုနှစ်တွင် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ NTT တင်ရှိထားသည့် စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါသည်။ Telsa ကုမ္ပဏီသည် စျေးကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၅၃၀.၆)ဘီလီယံဖြင့် ကမ္ဘာ့စျေးကွက်တွင် တန
တရုတ်ကားကုမ္ပဏီ SIAC Motor က ပိုင်ဆိုင်သည့် အိန္ဒိယနိုင်ငံရှိ MG Motor India ကုမ္ပဏီသည် အိန္ဒိယသံမဏိကုမ္ပဏီကြီး JSW Group အပါအဝင် ဗျူဟာမြောက် ရင်းနှီးမြုပ်နှံသူအသစ်များကိုခေါ်ယူခဲ့သည်။
JSW Group သည် ကုမ္ပဏီသို့ အိန္ဒိယရူပီး ၂၆.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂၉သန်းခန့်) စုစုပေါင်းရှယ်ယာလွှဲပြောင်းကြေး ၂၆ရာခိုင်နှုန်းပေးဆောင်ခဲ့သည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၂၀၂၃ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ(၄၃၃.၃) ဘီလီယံဖြင့် အရှေ့တောင်အာရှတွင် အဆင့်ငါးနေရာရပ်တည်နေခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ဒေသတွင်းအရေးပါသည့် နိုင်ငံအနေဖြင့် တိုးတက်လျက်ရှိနေသော်လည်း ဗီယက်နမ်နိုင်ငံ၏ လျှင်မြန်စွာတိုးတက်လာမှု ကြောင့် လက်ရှိအရှိန်ကို မြှင့်တင်ရန်လိုအပ်နေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ GDP သည် ၂၀၂၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၄၆၉.၇)ဘီလီယံရှိလာမည်ဟု IMF က ခန့်မှန်းထားပြီး အင်္ဂလန်နိုင်ငံ၊
Telsa မှ အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ (၂) ဘီလီယံမှ (၃)ဘီလီယံထိ ရင်းနှီးမြှုပ်နှံမည့် လျှပ်စစ်ကားစက်ရုံတည်ဆောက်မည့်နေရာအတွက် လေ့လာရန်အဖွဲ့ကို ဧပြီလ နောက်ဆုံးပတ်တွင် စေလွှတ်သွားမည်ဖြစ်သည်။ Telsa သည် ၎င်းတို့၏ အဓိကစျေးကွက်ဖြစ်သည့် အမေရိကန်နှင့်တရုတ်နိုင်ငံတို့တွင် ယှဥ်ပြိုင်ဘက်ကုမ္ပဏီများစွာရှိသောကြောင့် ၂၀၂၄ခုနှစ်၊ ပထမ(၃)လပတ်ကာလ ရောင်းအားကျဆင်းလာသည့်အချိန်တွင် အိန္ဒိယနိုင်ငံစျေးကွက်သို့ဝင်ရောက်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်လတွင် အနည်ဆုံးအမေရိကန်ဒေါ်လာသန်း (၅၀၀) ရင်းနှီးမြှုပ်နှံထားခဲ့ပြီး (၃)နှစ် အတွင်း လျှပ်စစ်ကားထုတ်လုပ်မ