ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ လတ်တလောကာလတွင် အတည်ပြုခဲ့သည့် ပီလောပီနံလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဗီယက်နမ်နိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်၌ ပီလောပီနံ စိုက်ဧရိယာ၏ ၅ဝ% ခန့်ကို လည်းကောင်း၊ ၂ဝ၅ဝ ပြည့်နှစ်တွင် ပီလောပီနံ စိုက်ဧရိယာ၏ ၇ဝ% မှ ၈ဝ% ခန့်ကိုလည်းကောင်း ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သူများလက်ဝယ်နှင့် ဈေးကွက်အတွင်း ကုန်လက်ကျန် ပြတ်လပ်မှုကြောင့် ကွမ်းသီးဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ကွမ်းသီးလုပ်ငန်းနယ်ပယ်၌ လုပ်ကိုင်နေကြသူများအနေဖြင့် မကြာသေးမီနှစ်များတွင် ရာသီဥတုပြောင်းလဲမှုနှင့် ခြောက်သွေ့မှု တို့မှ ကုန်ထုတ်လုပ်မှုအပေါ် သက်ရောက်ခြင်းကို ကြုံတွေ့နေရကြောင်း သိရှိရသည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ အိမ်ရှေ့စံမင်သားနှင့်ဝန်ကြီးချုပ်ဖြစ်သူ မိုဟာမက်ဘင်ဆယ်မန်သည် ယခုနှစ်ကုန်တွင် မလေးရှားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးလာရောက်ရန် ဆန္ဒရှိနေကြောင်း ဆော်ဒီနိုင်ငံသို့သုံးရက်ကြာအလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မလေးရှား ဝန်ကြီးချုပ် အန်ဝါးအီဗရာဟင်က (၂၈.၄.၂.၂၄) ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ ဆော်ဒီနိုင်ငံတွင်ကျင်းပ ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် အထူးအစည်းဝေး တက်ရောက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား၊ မလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါးနှင့် အီဂျစ်၊ ဂျော်ဒန်၊ပါကစ္စတန်တို့မှ ဝန်ကြီးချုပ်များသီးခြား တွေ့ဆုံစဥ်၌ အိမ်ရှေ့မင်းသားက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မစ္စတာအန်
(၃)ပတ်တာကျင်းပခဲ့သည့်ဆွမ်ခရမ်ပွဲတော်ကို နိုင်ငံခြားသားခရီးသွား (၁.၉)သန်း လာရောက် လည်ပတ်ခဲ့ကြပီး ခရီးသွားကဏ္ဍမှဝင်ငွေဘတ်(၁၄၀)ဘီလီယံ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန အဆိုအရသိရပါသည်။ ဧပရယ်(၁)ရက် နေ့မှ (၂၁) ရက်နေ့ထိ၂၁ရက်ကြာကျင်းပခဲ့သည့်ပွဲတော်မှ ဘတ်(၁၄၀) ဘီလီယံ ရရှိခဲ့ခြင်း သည်မူလခန့်မှန်းထားသည့် ဘတ်(၁၃၂) ဘီလီယံ ကိုကျော် လွန်ခဲ့ခြင်း ဖြစ်ကြောင်း ခရီးသွား လာရေးနှင့် အားကစားဝန်ကြီး Sudawan Wangsupakitkosol က ၂၄.၄.၂၀၂၄ ကပြောကြား ခဲ့ပါသည်။ တည်းခိုနေထိုင်ခြင်းကဏ္ဍမှ ဘတ်(၄၂.၀၆)ဘီလီယံ၊ အစားအသောက်နှင့် အဖျော် ယမကာမှ ဘတ်(၃၃.၀၆)ဘီလီယံ၊ လူသု
သံမဏိနှင့်စက်ယန္တရားများ ကဲ့သို့သော အိန္ဒိယ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့မှု သည် တစ်နှစ်ထက်တစ်နှစ် ၁၀.၇ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၁.၂၈ ဘီလီယံ) အထိ မြင့်တက်ခဲ့သည်။ ပင်လယ်နီကိုဖြတ်၍ တင်ပို့မှုတွင် ပို့ဆောင်ရေးအခက်အခဲကြောင့် ပြဿနာ များဆက်လက်ဖြစ်ပေါ်နေသော်လည်းတင်ပို့မှုများတိုးတက်လာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ပထမ(၃)လတာ ကာလတွင် ပြည်ပသို့ သီဟိုဠ်စေ့ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ(၅၄၃)သန်းရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်း၏ အစီအရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့စုစုပေါင်းထုတ်လုပ်မှုတန်ချိန်(၄၇၄၀၀၀)ထဲမှ တန်ချိန် (၄၂၄၀၀၀)ကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သီဟိုဠ်စေ့အသင်း ဥက္ကဋ္ဌ က နိုင်ငံတကာစျေးကွက်တွင် ဝယ်လိုအားမြင့်တက်လာခြင်းကျေးဇူးကြောင့် ယခုကဲ့သို့တင်ပို့မှု တန်ဖိုးမြင့်တက်လာခြင်းဖြစ်ကြောင်း၊ အချို့သီဟိုဠ်စေ့ထုတ်လုပ်သည့် နိုင်ငံများမှာ
ဗီယက်နမ်အစိုးရသည် မြို့တော်ဟနွိုင်းကို တရုတ်နိုင်ငံနှင့်ဆက်သွယ်ရန်အတွက် ၂၀၃၀ ခုနှစ်တွင် ဗီယက်နမ်မြောက်ပိုင်း၌ မြန်နှုန်းမြင့်ရထားလမ်းနှစ်ခုကို တည်ဆောက်ရန် စီစဥ်နေကြောင်း ဧပြီ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအစီအစဥ်သည် သယ်ယူပို့ဆောင်ရေး အားကောင်းစေရန်၊ယာဥ်ကြောပိတ်ဆို့မှုများကို လျှော့ချရန်နှင့်စီးပွားရေးတိုးတက်မှုကို မြင့်တင်ရန် ရည်ရွယ်သည့် မြစ်နီမြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
မလက္ကာရေလက်ကြား၏ အဓိကပင်လယ်လမ်းကြောင်းပေါ်ရှိ မလေးရှားနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းသည် လာမည့်ဆယ်စုနှစ်များအတွင်း ၎င်းတို့၏စွမ်းရည်ကို နှစ်ဆတိုးမြှင့်ရန်စီစဥ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များပြောင်းလဲလာခြင်း၊ အရှေ့တောင်အာရှ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် ပြိုင်ဆိုင်မှုများတိုးလာခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံကိုလိုက်၍ ၎င်း၏စွမ်းဆောင်ရည်ကို လာမည့်ဆယ်စုနှစ်များအတွင်း နှစ်ဆတိုးရန် စီစဥ်လျက်ရှိသည်။ မလေးရှားနိုင်ငံ၏ ဆိပ်ကမ်းဖြစ်သော Port Klang မှာ ကမ္ဘာ့ (၁၂) ခုမြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး (၂၀၂၁) ခုနှစ်တွင် စွမ်းရည် သတ်မှတ်ချက်အရ
အယ်နီညိုသက်ရောက်မှုနှင့် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုကန့်သတ်ချက်များကြောင့် ၂၀၂၄ခုနှစ်၊ ဒုတိယ(၃)လပတ်ကာလတွင် တစ်ကမ္ဘာလုံး ဆန်စျေးတက်နိုင်သည်ဟု ထိုင်းနိုင်ငံဆန်တင်ပို့သူများက ခန့်မှန်းကြပါသည်။ ပြည်တွင်းဆန်စျေးနှုန်းမြင့်တက်လာမှုကို တုံ့ပြန်ရန်နှင့် ရာသီဥတုအခြေအနေများကြောင့် ဆန်ပြတ်လပ်မှုဖြစ်ပွားမည်ကို စိုးရိမ်မှုတို့ကြောင့် အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ပြည်ပသို့ ဆန်ဖြူတင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး ဆန်မွှေးနှင့် ပေါင်းဆန် တင်ပို့မှုတို့ကိုကန့်သတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့ဆန်စျေးသည် (၁၅) ရာခိုင်နှုန်းမှ (၂၅)ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ပါသည်။ ထိုင်းန
အီတလီနိုင်ငံအခြေစိုက် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ဒူကာတီမော်တာကုမ္ပဏီသည် အာရှတိုက်တွင် ပထမဆုံးစက်ရုံကို ထိုင်းနိုင်ငံ၌ဖွင့်လှစ်ခဲ့ပြီး ၎င်းတို့၏ တင်ပို့မှုအချက်အချာနေရာအဖြစ် အသုံးပြုသွားရန် ရည်ရွယ်လျက်ရှိပါသည်။ ဘတ်သန်းလေးရာရင်းနှီးမြှုပ်နှံထားသည့် အဆိုပါစက်ရုံသည် တစ်နှစ်လျှင် မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀၀၀ထုတ်လုပ်သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် အရည်အသွေးမြင့်မော်တော်ဆိုင်ကယ်များအတွက် အရေးကြီးသောစျေးကွက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အာရှပစိဖိတ်ဒေသသို့တင်ပို့ရာ အခြေစိုက်နေရာအဖြစ် ပြုလုပ်သွားရန်အလိုရှိကြောင်း ဒူကာတီမော်တာကုမ္ပဏီ၏ အလုပ်အမှု ဆောင်အဖွဲ့အကြီးအကဲ Claudio Dome
ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် EU စိုက်ပျိုးရေးကော်မရှင်နာ Janusz Wojciechowski က ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှုတိုးမြှင့်ရန်နှင့် တရုတ်- EU ကုန်သွယ်ရေးတင်းမာမှုများမဖြစ်စေရန်အတွက် အစားစာတင်ပို့မှုကို ထိန်းကျောင်းသွားမည်ဟုပြောကြားခဲ့သည်။ “အစားအသောက်ကုန်သွယ်မှုမှာ တရုတ်သွင်းကုန်အတွက် အတားအဆီးတွေမရှိပါဘူး” ဟု Wojciechowski က တနင်္လာနေ့ ရှန်ဟိုင်းတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
Elon Musk သည် ယခင်က Twitter ဟုခေါ်သော ၎င်း၏ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်တွေ့ဆုံရန် အိန္ဒိယသို့ သွားရောက်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။ Elon Musk သည် မကြာမီတွင် အိန္ဒိယနိုင်ငံအတွင်း၌ အဓိကရင်းနှီးမြုပ်နှံမှုအစီအစဥ်များကိုလည်း စတင်သွားမည်ဟုကြေညာဖွယ်ရှိသည်။
ပြီးခဲ့သောလတွင် အိန္ဒိယသည် ဒေါ်လာသန်း၅၀၀ (ပေါင်၃၉၉သန်း) ရင်းနှီးမြုပ်နှံခဲ့ပြီး သုံးနှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုကိုစတင်ရန် ကတိပြုသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်သူများအတွက် လျှပ်စစ်ကားများ (EV) တင်သွင်းခွန်ကိုဖြတ်တောက်ခဲ့သည်။