ပြည်ပကုန်သွယ်မှုသတင်းများ
ပြည်တွင်းရောင်းချမှုနှင့် တင်ပို့မှုထိုးကျခဲ့သောကြောင့် ၂၀၂၄ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းကားထုတ်လုပ်မှုသည် ရည်မှန်းချက်ဖြစ်သည့် အစီးရေ ၁.၇ သန်းရရှိရန်မဖြစ်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) အနေဖြင့် ယခုနှစ်တွင် ရည်မှန်းချက်ကို ဒုတိယအကြိမ်အဖြစ် ပြန်လည်စိစစ်သတ်မှတ်ရန် ယူဆရကြောင်းသိရပါသည်။ ထိုကျဆင်းမှုနှင့်ပတ်သက်၍ အောက်တိုဘာလကုန်ပိုင်းတွင် FTI ၏ မော်တော်ကားလုပ်ငန်းအသင်းမှ အဖွဲ့ဝင်များက ဆွေးနွေးကြမည်ဖြစ်ပြီး ရည်မှန်းချက်အသစ်ကို နိုဝင်ဘာလတွင်ကြေညာရန် မျှော်လင့်ရကြောင်း အသင်း၏ ဒုတိယဥက္ကဋ္ဌနှင့် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Surapong Paisitpatanapong ကပြောကြ

စားအုန်းဆီကြမ်း (Crude Palm Oil-CPO) စျေးနှုန်းများသည် လတ်တလောကာလတွင် အားကောင်းနေသော်လည်း၊ ၎င်းအခြေအနေသည် ၂၀၂၄ ခုနှစ်အကုန်တွင် ပျောက်ကွယ်သွားဖွယ်ရှိသည်ဟု Fitch Solutions ကုမ္ပဏီမှ နိုင်ငံတကာ စီးပွားရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Business Monitor International-BMI) က ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်း ဌာနက ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက နိုင်ငံသည် ၂၀၁၈-၂၀၂၃ ကာလအတွင်း ငါးလုပ်ငန်းထုတ်ကုန်တင်ပို့မှုမှ ပိုငွေရခဲ့ကြောင်းနှင့် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၀.၆၅ ဘီလီယံမှ ၀.၇ ဘီလီယံသာရှိသောကြောင့် ယခုလိုပိုငွေရခဲ့ခြင်းဖြစ်ကြောင်း ၂၄-၁၀-၂၀၂၄ ရက်နေ့ကပြောကြားခဲ့ပါသည်။ ငါးလုပ်ငန်းထုတ်ကုန်နှင့်ပတ်သက်၍ သွင်းကုန်များမှာ နိုင်ငံတွင် မရရှိသော်လည်း ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များက လိုအပ်သော ငါးအရင်းမြစ်များဖြစ်ကြောင်းသိရပါသည်။ အင်ဒိုနီးရှား၏ ငါးလုပ်ငန်းထုတ်ကုန်များတင်ပို့မှုသည် ၂၀၁၈ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံရှိရာမှ ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒ

ထိုင်းနိုင်ငံ၌ အရေးပေါ်အခြေအနေဆိုင်ရာ စားသုံးဆီအရန်သိုလှောင်ထားရှိမှုကို မြှင့်တင်နိုင်ရန်အတွက် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကို အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပြီး လက်လီ အရောင်းဆိုင်များ အနေဖြင့်လည်း ဘူးသွင်းစားအုန်းဆီများ၏ ဈေးနှုန်းကို ထိန်းသိမ်းရာတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

အမေရိကန်သို့ နှမ်းစေ့တင်ပို့မှု မူဝါဒအခြေအနေများကို ၂၃-၁၀-၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် အစိုးရမှ အသိပေးခဲ့သည်။ နည်းဥပဒေအသစ်သည် ယခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန (DGFT)မှ အိန္ဒိယဆီထွက်ကုန်နှင့် ထုတ်ကုန်ပို့ကုန်မြှင့်တင်ရေးကောင်စီအား ပို့ကုန်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရန် အခွင့်အာဏာအဖြစ် သတ်မှတ်ထားကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။ သီးခြားသတိပေးချက်တစ်ခုတွင် DGFT သည် ပို့ကုန်ထုတ်ကုန်များဆိုင်ရာအခွန်အများ (RoDTEP) ပြန်လည်အပ်နှံခြင်းဆိုင်ရာ အနှစ်ချုပ်တာဝန်များနှင့် အခွန်များတင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကိုအသိပ

ဗီယက်နမ်လူမျိုးများသည် ၂၀၂၄ခုနှစ် တတိယသုံးလပတ်တွင် အွန်းလိုင်းဈေးဝယ်၌ VND ၈၄.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ) သုံးစွဲခဲ့ပြီး ၁၈.၂% မြင့်တက်ခဲ့ကြောင်း e-commerce ဈေးကွက်သုတေသနပလပ်ဖောင်း Metric ဖော်ပြချက်အရသိရသည်။ Shopee ၊ Tiktok Shop ၊ Lazada ၊ Tiki နှင့် Sendo အပါအဝင် ဗီယက်နမ်ရှိ အဓိက Online ဈေးဝယ်ပလက်ဖောင်းငါးခုတွင် အလှကုန်ပစ္စည်း အမျိုးသားဖိနပ်၊ ကုန်မျိုးစုံနှင့် ဖက်ရှင်ပစ္စည်းများသည် အရောင်းရဆုံး အမျိုးအစားများထဲတွင်ပါဝင်သည်။ VND ၂၀၀၀၀၀ (၈ဒေါ်လာ) အောက်ဈေးဖြင့် ရောင်းချသောပစ္စည်းများသည် အွန်လိုင်းဈေးဝယ်ခြင်းမှရရှိသော ဝင်ငွေ၏ထက်ဝက်ကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉% တိုးလာခြင

ကမ္ဘောဒီးယားနိုင်ငံ၌ ပီလောပီနံအစို ဈေးကွက်သည် ပို့ကုန်တင်ပို့မှုတွင် သိသာထင်ရှားသော တိုးတက်မှုဖြစ်သည့် ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ၁၆၀ ရာခိုင်နှုန်းကျော် မြင့်တက်မှုဖြင့် ခိုင်မာအားကောင်းလာကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။
တရုတ်နိုင်ငံ၌ ကောက်ပဲသီးနှံထုတ်လုပ်မှုတည်ငြိမ်စေရေး အစဉ်တစိုက်ကြိုးပမ်းကြရန် တိုက်တွန်းထားပြီးဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် ကောက်ပဲသီးနှံ စုစုပေါင်း တန်ချိန်သန်း ၇၀၀ ကျော်ရရှိမည်ဟု မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto သည် ကိုယ်ပိုင်စွမ်းအားဖြင့် စားနပ်ရိက္ခာဖူလုံရေးကို ရှေ့လာမည့် ၄ နှစ်အတွင်း အမှန်တကယ်အကောင်အထည်ပေါ်အောင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ဆောင်ရွက်ရာ၌ နောက်ကွယ်မှ စည်းလုံးညီညွတ်စွာဖြင့် ပါဝင်လုပ်ဆောင်ရန် Red and White Cabinet ခေါ် အနီအဖြူကြား အစိုးရအဖွဲ့ရှိ ဝန်ကြီးများအား ညွှန်ကြားထားကြောင်း Antara News သတင်းဌာနက ဖော်ပြခဲ့သည်။

ဘရာဇီးနိုင်ငံ၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်သီးနှံရာသီကာလထက် ၆ ရာခိုင် နှုန်း တိုးတက်လျက် ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တန်ချိန် ၁၆၁ သန်းအထိ စံချိန်တင်ရောက်ရှိနိုင် ကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှု ဌာန (FAS) က နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြခဲ့သည်။

၂၀၂၄ခုနှစ်၏ ပထမ ၉လတွင် ကမ္ဘောဒီးယားသို့ စံချိန်တင် ပြည်ပခရီးသွား ၄.၈ သန်းလာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၂% မြင့်တက်လာကြောင်း ခရီးသွားဝန်ကြီးဌာနက ၂၃-၁၀-၂၀၂၄ ရက်နေ့၏ ထုတ်ပြန်ချက်အရသိရပါသည်။ ထိုအရေအတွက်သည် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ပထမ ၉လတာအရေအတွက်၏ ၉၉.၇% ကိုရောက်ရှိခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ယခုနှစ်ပထမ ၉လတွင် ကမ္ဘောဒီးယားသို့ ပြည်ပခရီးသွားအများဆုံး လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး ၎င်းတို့နောက်တွင် ဗီယက်နမ်၊ တရုတ်၊ လာအိုနှင့် အမေရိကန်တို့က ရပ်တည်နေကြောင်းသိရပါသည်။ ခရီးသွားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်

အောက်တိုဘာလ ၂၃ရက်နေ့တွင် ဘယ်ဂျီယမ်နိုင်ငံ၊ ဘရက်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်-ဘယ်ဂျီယမ် စီးပွားရေးဖိုရမ်သည် နှစ်နိုင်ငံလုံးမှ လုပ်ငန်းများအတွက် အခွင့်အလမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများရှာဖွေစေနိုင်ခဲ့ကြောင်းသိရပါသည်။ ဖိုရမ်တွင် ဘယ်ဂျီယမ်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Andries Goyffay က ဗီယက်နမ်သည် အနာဂတ်စီးပွားရေးကြီးထွားမှုကိုမြှင့်တင်ရာတွင် အဓိကနေရာတွင် ရှိနေခြင်းနှင့်အတူ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသောနိုင်ငံထဲမှ တစ်ခုဖြစ်လာကြောင်း၊ စီးပွားရေးတည်ငြိမ်မှု၊ မဟာဗျူဟာမြောက်တည်နေရာ၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသို့ အားကောင်းစွ
