ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံမှ ပုံမှန်တင်သွင်းနေသော်လည်း Dinajpur ရှိ Hili ဆိပ်ကမ်းမှ ကြက်သွန်နီဈေးသည် သုံးရက်အတွင်း တစ်ကီလိုလျှင် TK ၁၀~၁၂ ခန့်အထိမြင့်တက်လာခဲ့သည်။ ယခုကဲ့သို့ တိုးလာရခြင်းမှာ ပြည်တွင်းရောင်းလိုအားကျဆင်းခြင်းနှင့် တင်သွင်းလာသော ကြက်သွန်နီဝယ်လိုအားမြင့်မားလာခြင်းတို့ကြောင့်ဖြစ်သည်။ လက်ကားရောင်းချသူများနှင့် စားသုံးသူများသည် တတ်နိုင်သော နှုန်းဖြင့် ကြက်သွန်နီဝယ်ယူနိုင်စွမ်းကိုထိခိုက်စေပြီး ရုတ်တရက်ဈေးတက်ခြင်းအတွက် စိတ်ပျက်မိကြောင်းပြောကြားကြသည်။ အိန္ဒိယရှိ Diwali ဈေးကွက်ပိတ်မှုကြောင့် ဈေးနှုန်းများသည် ယာယီအကျိုးသက်ရောက်မှုရှိကြောင်း တင်သွင်းသူများက ရှင်းပြခဲ့ကြပြီး တစ်ပတ်အတွင်း တည်

လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTAs) များသည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှတွင် စိုက်ပျိုးရေးထွက်ကုန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာစေပြီး ကမ္ဘာပေါ်တွင် အဋ္ဌမမြောက်အကြီးဆုံးတင်ပို့သူဖြစ်လာကြောင်း ကုန်သွယ်ညှိနှိုင်းရေးဦးစီးဌာနမှသိရသည်။ ၂၀၂၄ခုနှစ်၏ ပထမရှစ်လတွင် ထိုင်းနိုင်ငံလယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉.၈ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၈% မြင့်တက်လာခဲ့သည်။ FTA မိတ်ဖက်နိုင်ငံများသို့ ထိုင်းနိုင်ငံ လယ်ယာထွက်ကုန်တင်ပို့မှု၏ ၆၉% ဖြစ်သည်။ အဓိကတင်သွင်းသော နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံမှ ၃၁%၊ အာဆီယံမှ ၁၅%၊ ဂျပန်နိုင်ငံမှ ၁၁%နှင့် တောင်ကိုရီးယားနိုင်ငံမှ

ဒီဂျစ်တယ်စီးပွားရေးများ လျင်မြန်စွာပြောင်းလဲနေသော်လည်း စီးပွားရေးခေါင်းဆောင်များနှင့် နည်းပညာကျွမ်းကျင်သူများသည် ကမ္ဘောဒီးယားနိုင်ငံရှိ The Indian Business Chamber in Cambodia (IBCC) မှစီစဉ်ကျင်းပသော “ Navigating The Digital Future ” ခေါင်းစဉ်ဖြင့် အိန္ဒိယစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးများတွင် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Devyani Uttam ၊ IBCC ဥက္ကဋ္ဌ Babulal Parihar ၊ ခရီးသွားလာရေးဝန်ကြီးဌာန၊ အတွင်းရေးမှူး So Visothy ၊ National Bank of Cambodia ( NBC ) ၏ ဘဏ်လုပ်ငန်း

ကမ္ဘောဒီးယားနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးများတိုးတက်လာစေရေးအတွက် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီးများဖြစ်ကြသော NTT Docomo နှင့် Nippon Electric Company ( NEC ) တို့သည် အရှေ့တောင်အာရှနိုင်ငံအတွင်း ကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်ရန်အတွက် မိတ်ဖက်များအဖြစ် စတင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ Orex Sai ဟုခေါ်သော ဖက်စပ်လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံရှိ စီးပွားရေးအဆောက်အအုံတစ်ခုတွင် 5G ကွန်ရက်ကို စတင်ဖွင့်လှစ်ရန်စီစဉ်ထားပြီး ၂၀၂၅ခုနှစ်၊ မတ်လတွင် စတင်အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကြီးထွားလာသည်နှင့်အမျှ ဆက်သွယ်ရေးအခြေခံအဆောက်အအုံဖွံဖြိုးတိုးတက

ထိုင်းနိုင်ငံသည် တရုတ်၊ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့နောက် ကမ္ဘောဒီးယားနိုင်ငံ၏ စတုတ္ထအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်သတ်မှတ်ထားသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃.၁၆၉ ဘီလီယံရှိပြီး ၂၀၂၃ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၂.၄ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ကုန်သွယ်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များအရ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄၅.၅ သန်းတင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံမှ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၂.၂၅၃ ဘီလီယံကျော်တင်သွင်းခဲ့ကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံသိ

တရုတ်ကားထုတ်လုပ်သူများသည် ဒဏ်ခတ်ထားသော သွင်းကုန်ခွန်များကိုကျော်ကာ ဈေးကွက်သစ်များတွင် ဝယ်လိုအားကိုဖြည့်ဆည်းရန် ၎င်းတို့၏ပြင်ပထုတ်လုပ်မှုစွမ်းရည်ကို နှစ်ဆကျော်လုပ်ဆောင်နိုင်မည်ဟု Bloonberg သတင်းဌာနမှဆိုသည်။ တရုတ်နိုင်ငံတွင် ကားများ၏ အဓိကအစိတ်အပိုင်းများကို ပြည်ပသို့တင်ပို့ခြင်းနှင့် တပ်ဆင်ခြင်းတို့ပြုလုပ်ခြင်းသည် အစဉ်အလာအားဖြင့် နိုင်ငံခြားဈေးကွက်ကိုထိတွေ့ရန် တရုတ်ထုတ်လုပ်သူများ၏ ဦးစားပေးချဉ်းကပ်ခြင်းဖြစ်သည်။ သို့သော် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တူရကီမှ အခွန်များစည်းကြပ်နေပြီဖြစ်ရာ လုပ်ငန်းစဉ်ပြည့်ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများတိုးလာနေကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သော အစီရင်

ကမ္ဘောဒီးယားသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ( FDI ) ဒေါ်လာ ၄၃၃သန်းရရှိနိုင်အောင်ကြိုးစားလျက်ရှိပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားဖွံဖြိုးတိုးတက်ရေးကောင်စီ (CDC) ဒုတိယထွေထွေအတွင်းရေးမှူး Sar Senera ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှုပရောဂျက် ၂၈ခုကို မှတ်ပုံတင်ထားကြောင်းမှတ်ချက်ပြုခဲ့သည်။ ၂၀၂၄ခုနှစ်၏ ပထမ (၉) လအတွင်း CDC သည် ရင်နှီးမြှုပ်နှံမှုစီမံကိန်းစုစုပေါင်း ၃၁၅ခု၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၃ သန်းခန့်ရှိခဲ့သည်။ Sar Senera က နိုင်ငံအတွင်းသို့ FDI စီးဆင်းမှုအောင်မြင်မှုရရှ

ဒေသတွင်းစီးပွားရေးမတည်ငြိမ်မှုများကြားတွင် ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများမြှင့်တင်ရန်ရည်ရွယ်၍ “Stung Bot-Ban Nong Ian” အစီအစဉ်များကို ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ထိုင်းတော်ဝင်အစိုးရ (RTG) တို့က ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြသည်။ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် Anutin Charnvirakul သည် နှစ်နိုင်ငံနီးကပ်သော ပထဝီအနေအထား၊ ယဉ်ကျေးမှုများနှင့် အိမ်နီးချင်းကောင်းများဖြစ်ရေး အစဉ်အလာကောင်းများရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ အဆိုပါ ခိုင်မာသောဆက်ဆံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတူညီချက်များကိုတည်ဆောက်ရာတွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကျိုးစီ

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမ ၉လတာကာလတွင် သီဟိုဠ်စေ့ ၂သန်းကျော်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၆၂.၅၃% မြင့်တက်ခဲ့ကြောင်း အထွေထွေ စိုက်ပျိုးရေးဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထိုသို့မြင့်တက်လာခြင်းသည် လတ်ဆတ်သော သီဟိုဠ်စေ့အတွက် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်မှ ဝယ်လိုအား အားကောင်းလာမှုကို ညွှန်ပြနေကြောင်းသိရပါသည်။ သို့သော် သီဟိုဠ်စေ့ခြောက်တင်ပို့မှုမှာ တန်ချိန်၈၆၀၀၀၀ဖြင့် ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၂.၅၄% ကျဆင်းခဲ့ကြောင်းသိရပါသည်။ လတ်တလောတွင် ကမ္ဘောဒီးယားတွင် သီဟိုဠ်စိုက်ခင်းဟတ်တာ ၇၀၀၀၀၀ နီးပါးရှိကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စိုက်ပျိုးသူများအသင်း၏ ဥက္

ဆွီဒင်နိုင်ငံတွင် အရည်အသွေး မပြည့်မီသဖြင့် အာဏာပိုင်များက သိမ်းဆည်းရမိထားသော ဆန်စာရင်းတွင် ဗီယက်နမ်ဆန်အမည်အား ဖော်ပြထားခြင်းမရှိကြောင်း ယင်းနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်မှုရုံး၏ ပြောကြားချက်အရ သိရသည်။
အင်ဒိုနီးရှားအစိုးရသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် လူဦးရေ တိုးပွားလာမှုတို့ကြားတွင် နိုင်ငံ၏ စားနပ်ရိက္ခာ လုံလောက်မှု ခိုင်မာတောင့်တင်းစေရန် စပါးဧရိယာ ဟက်တာ ၃ သန်း အသစ်တိုးချဲ့ စိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။
ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား၏ ဥရောပသမဂ္ဂ (EU) သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၂၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၀% နီးပါးမြင့်တက်ခဲ့ကာ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၇၄၃သန်းတန်ဖိုးရှိခဲ့ပြီး ၁.၆% ကျဆင်းခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ စပိန်နှင့် ဂျာမနီသည် EV တွင် ကမ္ဘောဒီးယား၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၂၂သန်းနှင့် အမေရိကန်ဒေါ်လာ ၇၈၄သန်း အသီးသီးရှိကြောင်းသိရပါသည်။ EU ရှိ အခြားကုန်သွယ်ဖက်နိုင်ငံများမှာ ပြင်သစ်၊ ဘယ်ဂျီယမ်နှင့် နယ်သာလန်တို့ဖြစ်ကြောင
