Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Oct 2024

    ဗီယက်နမ်နိုင်ငံတွင် လတ်ဆတ် ကွမ်းသီးနုများ၏ ဈေးနှုန်းများသည် တရုတ်နိုင်ငံမှ အဓိက ဝယ်လိုအားမြင့်မားမှုကြောင့် စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

     ပြည်နယ်များဖြစ်သော Quang Ngai ၊ Dak Lak ၊ Tay Ninh ၊ Tien Giang နှင့် Kien Giang တို့တွင် ကွမ်းသီးတစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀,၀၀၀ မှ ၈၅,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၂၀) ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မြောက်ပိုင်းဒေသများဖြစ်သည့် Bac Ninh နှင့် Nam Dinh တို့တွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၀၀၀၀ အထိပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

28 Oct 2024

     အိန္ဒိယနိုင်ငံ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်ချမှတ်ကျင့်သုံးခဲ့သော ဆန်တင်ပို့မှုဆိုင်ရာ တားမြစ်ကန့်သတ်ချက်များအားလုံးကို အစိုးရက အောက်တိုဘာ ၂၃ ရက်နေ့တွင် ပယ် ဖျက်ပေးခဲ့ပြီး ဆန်ကွဲတင်ပို့မှု တားမြစ်ချက်ကိုမူ ဆက်လက်ထိန်းသိမ်းထားကြောင်း၊ အစိုးရသည် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများပါဝင်သော အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၁၆ ရက်နေ့၌ ကျင်းပလျက် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ထားရှိမှုများအား ဖယ်ရှားပေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖြေလျှော့ခဲ့ခြင်းဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

24 Oct 2024

         ရုရှားနိုင်ငံသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဂျုံတန်ချိန် ၃.၈ သန်း စံချိန်တင်တင်ပို့ခဲ့ကြောင်း Dhaka ရှိ ရုရှားသံအမတ်ကြီး Alexander Mantytskiy ၏ ပြောကြားချက်အရသိရသည်။ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စံချိန်တင်တင်ပို့မှုမှာ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအရည်အသွေးစံနှုန်းများနှင့်ကိုက်ညီသည့် ရုရှားဆန်စပါးထောက်ပံ့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁.၈ ဆတိုးမြင့်လာခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရုရှားသတင်းအေဂျင်စီ Interfax ကိုကိုးကား၍ Mantytskiy က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစဉ်အလာအရ ရုရှားနိုင်ငံမှ ပဲစေ့ခြောက်နှင့် မုန့်ညှင်းစေ့များအပြင် ယခ

24 Oct 2024

        ဩစတြေးလျသည် ကမ္ဘောဒီးယားနှင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပြီး ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တိုးတက်ရန် ပူးပေါင်းပါဝင်မည်ဟု အခိုင်အမာပြောဆိုခဲ့ကြောင်းသိရပါသည်။ ထိုပြောဆိုမှုကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Derek YIP က ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Sun Chanthol နှင့် CDC ရုံးချုပ်၌ ၁၇-၁၀-၂၀၂၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ သံအမတ်ကြီးက ကမ္ဘောဒီးယား၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှ

24 Oct 2024

          ယခုနှစ်၏ ပထမ(၉)လတာကာလတွင် ကမ္ဘောဒီးယား-ဗီယက်နမ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၅.၈၁ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၁.၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့်အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။ ထိုကာလတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၂.၇၂ ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များအား ဗီယက်နမ်သို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၀၉ ဘီလီယံတန်ဖိုးရှိသော ထုတ်ကုန်များအား ပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် ကမ္ဘောဒီးယားထုတ်ကုန်များ(အထူးသဖြင့် စိုက်ပျိုးရေးထုတ်ကုန်ကြမ်းများ)တင်ပို့ရာ ဒုတိယအကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း သိရပ

24 Oct 2024

         ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) နှင့် ကမ္ဘောဒီးယား Oknha အသင်းတို့သည် ကမ္ဘောဒီးယားအစားအစာနှင့် စိုက်ပျိုးရေးထုတ်ကုန်များအား ပြင်သစ်နှင့်ဥ‌ရောပသမဂ္ဂသို့တင်ပို့ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Sun Chanthol နှင့် ပြင်သစ်နိုင်ငံမှ Smart Eden ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းနှင့် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်လာသော ကမ္ဘောဒီးယား Oknha အသင်း၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Hun Lak တို့က ပူးတွဲသဘာပတိအနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိ

24 Oct 2024

         အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဒုတိယဝန်ကြီးဖြစ်သူ Sudaryono က အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကုန်သွယ်ရေး၊ လေ့ကျင့်ရေးနှင့် နည်းပညာပါဝင်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍ၌ ပူး‌ပေါင်းဆောင်ရွက်မှုပိုမိုအရှိန်မြှင့်တင်ရန် ဂျပန်ကိုဖိတ်ခေါ်ခဲ့ကြောင်းသိရပါသည်။ အောက်တိုဘာလ ၁၅ရက်နေ့တွင် Sudaryono သည် ဂျပန်နိုင်ငံစိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဒုတိယဝန်ကြီးဖြစ်သူ Yoichi Watanabe  နှင့် တိုကျိုမြို့တွင် တွေ့ဆုံခဲ့ကြောင်းသိရပါသည်။ ဆွေးနွေးမှုတွင် Sudaryono က အင်ဒိုနီးရှားသည် များစွာသော စိုက်ပျိုးမွေးမြူရေးကုန်ပစ္စည်းများထုတ်လုပ်ရန် အလားအလာရှိသော

24 Oct 2024

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၉)လတာကာလတွင် အမေရိကန်ဒေါ်လာ ၃၉၇သန်းတန်ဖိုးရှိသည့် ရော်ဘာထုတ်ကုန်တန်ချိန် ၂၄၈၅၃၅တန်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ပမာဏ ၂.၄၂ ရာခိုင်နှုန်းနှင့် ဝင်ငွေ ၂၃.၄၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံ့ရော်ဘာအထွေထွေညွှန်ကြားရေးမှူးရုံး၏ ၁၈-၁၀-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် စုစုပေါင်းမြေဧရိယာ ၄၀၇၁၇၂ဟတ်တာတွင် ရော်ဘာပင်များစိုက်ပျိုးထားပြီး ထိုစိုက်ခင်းပမာဏ၏ ၇၈.၆ ရာခိုင်နှုန်းသည် ရော်ဘာစေးထုတ်ယူနိုင်ရန် အရွယ်ရောက်ပြီဟုသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Lim Heng က ၂

24 Oct 2024

          ဗီယက်နမ်နိုင်ငံရှိ ကွမ်းသီးဈေးနှုန်းများသည် တရုတ်နိုင်ငံမှ ဝယ်လိုအားအားကောင်းခြင်းကြောင့် အမြင့်ဆုံးသို့ စံချိန်တင်မြင့်တက်ခဲ့သည်။ Quang Ngai ၊ Dak Lak ၊ Tay Ninh ၊ Tien Giang နှင့် Kien Giang ကဲ့သို့သော ပြည်နယ်များတွင် ကွမ်းသီးတစ်ကီလိုလျှင် VND ၈၀၀၀၀- VND ၈၅၀၀၀ဖြင့်ရောင်းချလျက်ရှိသည်။ Bas Ninh နှင့် Nam Dinh ကဲ့သို့သော မြောက်ပိုင်းဒေသများ တွင်ဈေးနှုန်းများအကန့်အသတ်ကြောင့် တစ်ကီလိုဂရမ်လျှင် VND ၉၀၀၀၀အထိရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ကွမ်းသီးအဓိကစားသုံးသူဖြစ်ပြီး ဟိုင်နန်သည် နိုင်ငံကွမ်းသီးထွက်ရှိမှု၏ ၉၀ရာခိုင်နှုန်းကိုကိုယ်စားပြုပြီး ဝမ်နင်းကောင်ကတီက ထက်ဝက်ပိုပ

24 Oct 2024

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ်၏ ကိုးလတာကာလအတွင်း တရုတ်နိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုမှာ ကန်ဒေါ်လာ ၆၉၇သန်းတန်ဖိုးရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၄% တိုးလာခဲ့သည်။ တင်သွင်းလာသော တရုတ်လယ်ယာထွက်ကုန်များကို ရိုးရာဈေးကွက်များတွင်သာရောင်းချခဲ့သော်လည်း ယခုအခါ ၎င်းတို့အား MM Mega နှင့် Co.opmart ကဲ့သို့သော အဓိကလက်လီအရောင်းဆိုင်များစုတွင် တွေ့ရှိနိုင်သည်။ အဓိကတင်သွင်းသောသီးနှံများမှာ ပန်းသီး၊ စပျစ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးတို့ပါဝင်ပြီး တရုတ်နိုင်ငံမှတင်သွင်းခြင်းသည် ၁၀~၃၀% ဈေးသက်သာကြောင်းသိရသည်။ လက်လီရောင်းချသူ Farmer’s Market ၏ တွဲဖက်တည

24 Oct 2024

         သုံးစွဲမှုတိုးလာခြင်းနှင့် နိုင်ငံတကာကျောက်မီးသွေးဈေးနှုန်းများကျဆင်းခြင်းတို့ကြောင့် စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှုသည် မြင့်မားခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် ကျောက်မီးသွေးစုစုပေါင်း မက်ထရစ်တန်ချိန် ၄၇.၅၉ သန်းတင်သွင်းခဲ့ပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလထက် ၁၃% တိုးလာကြောင်း နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များအရသိရသည်။ မကြာသေးမီရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံ၌ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍသည် ကြီးထွားလာခဲံပြီး ဓာတုဗေဒကဏ္ဍမှ ကျောက်မီးသွေးဝယ်လိုအားမှာလည်း တိုးလာကြောင်း လေ့လာသုံးသပ်သူများက Reuter သ

24 Oct 2024

         သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၉၁၇သန်းဖိုးရှိပြီး တစ်လတာအတွင်း အမြင့်ဆုံးဖြစ်ကာ တစ်နှစ်ထက်တစ်နှစ် ၃၈% မြင့်တက်လာခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံသို့တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၇၀၀ရရှိခဲ့ပြီး အဓိကတင်ပို့သည့်ပစ္စည်းများမှာ ငှက်ပျောသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးတို့ဖြစ်သည်။ လက်ရှိအချိန်ထိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံနီးပါးရှိပြီး ယမန်နှစ် အလားတူကာလထက် ၃၄% တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံသည် တင်သွင်းမှု ၃၈% မြင့်တက်ခဲ့ပြီး ထိပ်တန်းဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ထိုင်းနိုင်ငံသည် ဒေါ်

Pages