Main menu

Da Nang တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေခဲ့သည့် နိုင်ငံခြားလုပ်ငန်းများ

Powered by Drupal

            Royal Schiphol Group ၏ နိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူ များနှင့် နယ်သာလန်နိုင်ငံမှ NACO International Aviation Consultancy မှ စီမံကိန်းမန်နေဂျာ များသည် ဗီယက်နမ်နိုင်ငံရှိ Chu Lai Open စီးပွားရေးဇုန်နှင့် Chu Lai လေဆိပ်တို့တွင် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများကိုရှာဖွေရန် နိုဝင်ဘာလ ၁၄ ရက်နေ့က Da Nang မြို့တော်သို့ အလုပ် သဘောခရီးလာရောက်ခဲ့ကြောင်း သိရပါသည်။ မြူနီစပယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ Tran Nam Hung က ဇုန်သည် Da Nang မြို့‌တော်တောင်ဘက်တွင် စီးပွားရေးဧရိယာအင်ဂျင်တစ်ခု ဖြစ်ပြီး စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ခေတ်မီမြို့ပြစနစ်နှင့် ခရီးသွားကဏ္ဍတို့ ဆီသို့ ဦးတည်နေကြောင်း ပြောကြားခဲ့ပါသည်။ တာဝန်ရှိသူ၏အဆိုအရ ဇုန်တွင် မြို့ပြသစ်၊ စက်မှု ဧရိယာများ၊ လေဆိပ်မြို့‌တော်၊ ကမ်းရိုးတန်းမြို့ပြဇုန်များနှင့် ဂေဟခရီးသွားဖွံ့ဖြိုး တိုးတက်ရေးတို့ ပါဝင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဧရိယာရှိ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ သည်  ကောင်းမွန်စွာချိတ်ဆက်ထားပြီး ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များ ပြည့်မီကြောင်း သိရပါ သည်။ ၎င်းတွင် တောင်ပိုင်း-မြောက်ပိုင်းရထားလမ်း၊ Da Nang-Quang Ngai အဝေးပြေးလမ်းမ၊ နိုင်ငံ‌တော်အဝေးပြေးလမ်း 1A ၊ ကမ်းရိုးတန်းလမ်းမနှင့် လက်ရှိ ဆောက်လုပ်နေသည့်  မြောက်ပိုင်း- တောင်ပိုင်းအမြန်ရထားလမ်းတို့ပါဝင်ကြောင်း သိရပါသည်။ Hung က စီးပွားရေးဇုန်များ၊ အကောက်ခွန်မဲ့ဧရိယာများ၊ အများပြည်သူဝန်ဆောင်မှုစင်တာများ၊ စီးပွားရေးဝန်ဆောင်မှု အချက် အခြာများ၊ စက်မှုဥယာဉ်များ၊ သိုလှောင်ရုံများ၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် အသေးစိတ်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။ Chu Lai လေဆိပ်တိုးချဲ့ မှုနှင့် အဆင့်မြှင့်တင်မှုနှင့်ပတ်သတ်၍ Hung က ၂၀၂၅ ခုနှစ်မျှော်မှန်းချက်နှင့်အတူ ၂၀၂၁-၂၀၃၀ အတွက် နိုင်ငံတော်လေဆိပ်စနစ် အထူးအစီအစဉ် အောက်တွင် Chu Lai လေဆိပ်ကို International Civil Aviation Organization ၏ 4F စံနှုန်းနှင့် ကိုက်ညီရန် စီမံထားကြောင်း ပြောကြားခဲ့ပါသည်။ အစီအစဉ်တွင် လေကြောင်းထောက်ပံ့ ပို့ဆောင်ရေးအချက်အချာ၊ လေယာဉ် မောင်းလေ့ကျင့်ရေးစင်တာနှင့် လေယာဉ်ပြုပြင်ထိန်းသိမ်း ရေးအဆောက်အအုံတို့ တည်ထောင်ရန် ပါဝင်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)