Main menu

ဆန်တန်ချိန် ၆သိန်းခွဲတင်သွင်းတော့မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ

Powered by Drupal

                   ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် အမျိုးသားစားနပ်ရိက္ခာမြှင့်တင်ရန်နှင့် ဆန်နှင့်ဂျုံစျေးနှုန်း မတည်ငြိမ်ခြင်းများကို ထိန်းချုပ်နိုင်ရန်အတွက် အစားအစာစပါးတန်ချိန် ၆ သိန်းခွဲခန့် တင်သွင်း တော့မည် ဖြစ်ကြောင်း သိရပါသည်။ အစားအသောက်ဝန်ကြီးဌာန၏ အဆိုပြုချက်ကို စီးပွာ‌ရေးရာ အကြံပေး ကော်မတီက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါသည်။ အစိုးရ အချင်းချင်းစာချုပ်အရ အစားအသောက်ဝန်ကြီးဌာနသည် ဂျုံတန်ချိန် ၃ သိန်းခန့်တင်သွင်း မည်ဖြစ်ကြောင်းနှင့် ဆန်တန်ချိန် ၃ သိန်းခန့်မား အပြည်ပြည်ဆိုင်ရာ တင်ဒါများမှ တစ်ဆင့် တင်သွင်းတော့မည်ဖြစ်ကြောင်း သိရပါသည်။ ဆန်တင်သွင်းမှုများကို အရှိန်မြှင့်တင်ရန်အတွက် ကော်မတီသည် ပြည်သူလူထုလုပ်ဆောင်ချက်စည်းမျဥ်းများကို ဖြေလျော့သွားမည်ဖြစ်ကြောင်း နှင့် ဆန်တင်သွင်းမည့်အချိန်ကာလကိုလည်း ပုံမှန်အားဖြင့် ၄၂ ရက်ကြာမြင့်ရာမှ ၁၅ ရက်အတွင်း တင်သွင်းနိုင်အောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင်အကြံပေးကော်မတီသည် ဘာစမာတီမဟုတ်သောဆန်တန်ချိန် ၅၀၀၀၀ တန်ခန့်ကို စင်္ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်သော Aditya Birla Global Trading Pte Ltd. မှ တင်သွင်းမည်ဟု အာမခံခဲ့ကြောင်း သိရပါသည်။ အဆို ပါ ကုမ္ပဏီသည် ဆန်တန်ချိန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၃.၁၉ ခန့်သတ်မှတ်ထား ကြောင်း သိရပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် ဆန်တန်ချိန်၂၆.၁၇ သိန်းခန့် တင်သွင်းခဲ့ပြီး တန်ချိန် ၂.၂၂ သိန်းခန့်ကို အစိုးရမှ ဝယ်ယူခဲ့ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)