ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်အတွက် ဗျူဟာမြောက်အခန်းကဏ္ဍတွင်ရှိနေကြောင်း ဒီဇင်ဘာလတစ်ရက်နေ့က Tangerang ရှိ Gaikindo Jakarta Auto Week 2024(GJAW 2024) တွင် ပြောကြားခဲ့ပါသည်။ Hartarto က အစိုးရသည် အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးပေးရန် အာမခံကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်များ များသထက်များလာပါက စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းပိုရှိလာမည်ဖြစ်ကြောင်းနှင့် ထိုအချက်သည် အစိုးရ၏အာမခံချက် ဖ

ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်တွင်းမော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် မော်တော်ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့်လုပ်ငန်းအတွက် အခွန်မက်လုံးပေးထားမှုကို ယခုနှစ်ကုန်အစား ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ တိုးမြှင့်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးက အဓိကကျသည့် မော်တော်ယာဉ်လုပ်ငန်းကို ဦးစားပေးစက်မှု လုပ်ငန်းထဲမှတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ ဗီယက်နမ်သည် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများနှင့် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သည့်လုပ်ငန်း အတွက် အခွန်မက်လုံးပေ

ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) သည် Codingate Technology နှင့် ပူးပေါင်း၍ ကုန်သည်များ၊ လက်ကားရောင်းချသူများနှင့် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် AI အသုံးပြုခြင်းနှင့် E-Commerce ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းကို စီစဉ်ကျင်းပခဲ့သည်။ အဆိုပါသင်တန်းကို နိုင်ဝင်ဘာလ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) ညွှန်ကြားရေးမှူးချုပ် Nguon Meng Tech နှင့် Codingate Technology ဥက္ကဋ္ဌ Sok Sopheak တို့က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်နယ်အသီးသီးမှစီးပွားရေးလုပ်ငန်းရှင်များ ကုန်သည်များနှင့် (CCC

မလေးရှားနိုင်ငံသည် ပါကစ္စတန်ဆန်အပေါ် အခွန်စည်းကြပ်မှုကို ပြင်ဆင်ရန် သဘောတူခဲ့ပြီး အခြားရင်းမြစ်များမှ ဆန်တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုသကဲ့သို့ ချိန်ညှိရန် သဘောတူခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။ ပါကစ္စတန်ဝန်ကြီးချုပ် Shehbez Sharif နှင့် မလေးရှားတန်ကြီးချုပ် Anwar Ibrehim တို့အကြား စကားပြေဆိုမှုအပြီး ဝန်ကြီးချုပ် Shehbez မှ မလေးရှားဝန်ကြီးချုပ်၏ မကြာသေးမီက ခရီးစဉ်အတွင်း ဖော်ထုတ်ခဲ့သော ကုန်သွယ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းပေးခဲ့သောကြောင့် ကျေနပါမိကြောင်း ပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ်မှ အောက်တိုဘာလတွင် ပ

ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ဗီယက်နမ်နိုင်ငံ၏ သတ္တုရိုင်းနှင့် ဓါတ်သတ္တုတင်သွင်းမှုသည် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ထုထည်နှင့် တန်ဖိုး ၄၆% ကျော်မြင့်တက်လာခဲ့သည်။ ပမာဏအားဖြင့် ၆၂.၄% နှင့် တန်ဖိုးအားဖြင့် ၅၃.၃% တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅၇.၅ သန်းတန်ဖိုးရှိသော တန်ချန် ၂.၄ သန်းနီးပါးတင်သွင်းခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ၁၀ လတာအတွင်း သွင်းကုန်ပမာဏမှာ ၂၉.၉% နှင့် တန်ဖိုး ၂၇.၅% ရှိပြီး အမေရိကန်ဒေါ်လာ ၂.၃၈ ဘီလီယံတန်ဖိုးရှိသော သတ္တုရိုင်းနှင့် ဓါတ်သတ္တုတန်ချိန် ၂၁.၈၄ သန်း တင်သွင်းမှုမြင့်တက်ခဲ့သည်။ အောက်တိုဘာလတွင် ပျမ်းမျှသတ္

ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet သည် Hong Leong Manufacturing Group ၏ ဥက္ကဋ္ဌ Datuk Kwek Leng San ကို ၂၈-၁၁-၂၀၂၄ ရက်နေ့တွင် ငြိမ်းချမ်းရေး နန်းတော်၍ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံစဉ် Datuk Kwek Leng San က ဘဏ္ဍာရေး၊ အိမ်ခြံမြေ၊ ထုတ်လုပ်မှုနှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ကမ္ဘောဒီးယားတွင်ကုမ္ပဏီသည် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ နိုင်ငံအတွင်းဆယ်စုနှစ်တစ်ခုကျော် လည်ပတ်ဆောင်ရွက်မှုများကိုသုံးသပ်ကာ ကုမ္ပဏီသည် ကမ္ဘောဒီးယားတွင်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးချဲ့ရန်ဆန္ဒရှိ

ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန (MPWT) ၏ ၂၈-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံတွင်လျှပ်စစ်ကား ၂,၅၁၃ စီး မှတ်ပုံတင်ထားကြောင်း သိရသည်။ ဖနွမ်းပင်မြို့ရှိ MPWT တွင် ကျင်းပပြုလုပ်သော EVs ပြပွဲတွင် ပြည်သူ့ လုပ်ငန်းနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီး Peng Ponea က လျှပ်စစ်ကားများအသုံးပြုခြင်းသည် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးခြင်း သို့မဟုတ် လုံးဝမရှိခြင်းတို့ကြောင့် လောင်စာဆီကုန်ကျ စရိတ်သက်သာစေကြောင်း ပြောကြားခဲ့သည်။ EV များသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရေးပန်းစား လာခဲ့ပြီး နိုင်ငံတော်က EVs အရေအတွက်ကို ၂၀၃၀ တွင် ၃၀,၀၀၀ အထိတိုးမြှင့်ရန် ရည်ရွ

EVs နှင့် EV Showcase များစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအမျိုးသားမဟာဗျူဟာ ဥပဒေရေးဆွဲရေးဆိုင်ရာ နည်းပညာကော်မတီ တတိယအကြိမ်မြောက်အစည်းအဝေးတွင် လျှပ်စစ်မော်တော်ကား (EV) ကဏ္ဍကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အများပြည်သူ သက်သာချောင်ချိရေးမြှင့်တင်ပေးရုံသာမက စီးပွားရေးကွဲပြားမှုနှင့် စွမ်းအင်လုံခြုံရေးမြှင့်တင်မှုတို့တွင် ပံ့ပိုးပေးနိုင်သည့် အလားအလာတစ်ခုအဖြစ် ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Peng Ponea မှ သတ်မှတ်ပြောကြားခဲ့သည်။ ဝန်ကြီးက လောင်စာစွမ်းအင်သုံးယာဉ်များမှဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် လေထုအရည်အသွေးကျဆင်းမှုနှင့် ကမ္ဘာ

ဗီယက်နမ်နိုင်ငံ Can Tho မြို့တော်ရှိစက်မှုနှင့်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ Hyunh Thanh Su သည် China Energy Engineering Group Co..,Ltd (CEEC) ၏အဖွဲ့ဝင်ဖြစ်သည့် China Gezhouba Group Corporation(CGGC) မှ တာဝန်ရှိသူများနှင့် မဲခေါင်ဒေသခံများအတွက် စွန့်ပစ်ပစ္စည်းမှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်အတွက် ဆွေးနွေးမှုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ CGGC ၏ညွှန်ကြားရေးမှူးဖြစ်သူ Ta Ba Tung က ကော်ပိုရေးရှင်းသည် ၁၂၀၀ မဂ္ဂါဝပ်ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံကို Hai Duong ပြည်နယ်

ဗီယက်နမ်နိုင်ငံ Nghe An ပြည်နယ်သည် Tho Loc စက်မှုဇုန်တွင် Mega Textile Singapore Limited ၏အမေရိကန်ဒေါ်လာ သန်း ၅၉၀ ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းကို အခြေခံ သဘောတူချက်အားဖြင့် ခွင့်ပြုပေးလိုက်ပြီဟု သိရပါသည်။ ထိုစင်ကာပူလုပ်ငန်းသည် မြေ ၅၁ ဟတ်တာပေါ်တွင် အကောင်အထည်ဖော်မည့်စီမံကိန်းအတွက် Mega Textile Vietnam Co.Ltd ကိုတည်ထောင်မည်ဟု သိရပါသည်။ ထိုစီမံကိန်း၏ရည်ရွယ်ချက်သည် ရက်ထည်၊ ဇာထိုးထည် များ၊ အရောင်ဆိုးချည်ထည်များ၊ အဝတ်အထည်များနှင့် ခါးပတ်များပါဝင်သည့် ကျယ်ပြန့်သော အထည်အလိပ်များ ထုတ်လုပ်ရန်ဖြစ်ကြောင်း သိရပါသည်။ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းသည် မှန်းချေအားဖြင့် ရက်ထည် ၆၇၂၀၀ တန

Volkswagen Group နှင့် SAIC Motor တို့သည် ရှန်ဟိုင်းတွင် ၎င်းတို့၏ ဖက်စပ်စာချုပ် ကို ၂၀၄၀ ခုနှစ်အထိ သက်တမ်းတိုးချုပ်ဆိုရန် ၂၇.၁၁.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) ကကြေညာခဲ့ပြီး ၎င်းတို့၏ ရေရှည်လက်တွဲမှုကို ပိုမိုခိုင်မာစေခဲ့ကြောင်း သိရသည်။ SAIC Volkswagen သည် ခရီးသည်တင်ကားများအတွက် တရုတ်နိုင်ငံ၏ ပထမဆုံးဖက်စပ်လုပ်ငန်းဖြစ်သည်။ ဖက်စပ်လုပ်ငန်းသက်တမ်းအား ၅၅ နှစ်အထိ တိုးမြင့်ထားသည့်စာချုပ်ကို ဒုတိယအကြိမ် သက်တမ်းထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။ Volkswagen AG ၏ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏ အဖွဲ့ဝင် Ralf Brandstatter မှ တရုတ်နိုင်ငံတွင် ၎င်းတို့၏ အောင်မြင်မှု၏ အခြေခံအုတ်မြစ်သည် ယုံကြည်စိတ

တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းတင်ပို့ရောင်းချမှုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၁.၈% မြင့်တက်ခဲ့ပြီး အလုံးရေ ၂၉.၆၇ သန်းကျော် ရှိကြောင်း တရုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) ထုတ်ပြန်ချက်အရ သိရသည်။ 5G မိုဘိုင်းလ်ဖုန်းများသည် အောက်တိုဘာလ တင်ပို့မှု၏ ၉၀.၁% စုစုပေါင်းအလုံးရေ ၂၆.၇၂ သန်းဖြင့် တစ်နှစ်ထက် တစ်နှစ် ၁.၁% တိုးလာကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ သုတေသနဌာန (CAICT) မှ ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း စုစုပေါင်း ဆဲလ်ဖုန်းတင်ပို့ရောင်းချမှုသည် တစ်နှစ်ထက် တစ်နှစ် ၈.၉% တိုးတက်ခဲ့ပြီး အလုံးရေ
