Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Jul 2024

        ဝါရှင်တန် (AP) - အမေရိကန်စီးပွားရေးသည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီမှ မတ်လအထိ နှစ်စဉ်တိုးတက်မှုနှုန်း ၁.၄ရာခိုင်နှုန်းသို့ကြီးထွားလာခဲ့ပြီး ၂၀၂၂ခုနှစ် နွေဦးရာသီနောက်ပိုင်း အနှေးကွေးဆုံး သုံးလပတ်တိုးတက်မှုဖြစ်ကြောင်း အစိုးရက ၎င်း၏ယခင်ခန့်မှန်းချက်ကိုပြောင်းလဲ၍ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မြင့်မားသောအတိုးနှုန်းများသည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းကိုထိခိုက်စေနိုင်သည်။ယခုအခါ အမေရိကန်နိုင်ငံ၏စီးပွားရေးတိုးတက်နှုန်းမှာ ကနဦးခန့်မှန်းချက်မှ ၂ရာခိုင်နှုန်းကျဆင်းသွားကာ စားသုံးသူအသုံးစရိတ်သည် ၁.၅ရာခိုင်နှုန်းဖြင့်တိုးလာသည်။

08 Jul 2024

    အိန္ဒိယနိုင်ငံသည် စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိရာ ပြောင်း၊ နေကြာဆီကြမ်း၊ သန့်စင်ပြီးမုန်ညင်းဆီနှင့် နို့မှုန့်တို့အား ကန့်သတ်အကောက်ခွန်နှုန်းဖြင့် တင်သွင်းခွင့်ခွဲတမ်း (Tariff-Rate Quota - TRQ) သတ်မှတ်လျက် တင်သွင်းခွင့်ကို ၂၆-၆-၂၀၂၄ နေ့ တွင်ခွင့်ပြုပေးခဲ့ပြီး တင်သွင်းသူများအနေဖြင့် အကောက်ခွန်နှုန်း သုည သို့မဟုတ် နိမ့်ကျသော နှုန်းထားဖြင့်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ဇွန်လ ၂၆ ရက် နေ့တွင် ဖော်ပြထားပါသည်။

08 Jul 2024

     ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်၌ ဟက်တာတစ်သန်းခန့်ရှိ ၎င်း၏အရည်အသွေးမြင့် ဆန်စပါး စိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံခန့် လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

08 Jul 2024

   ဂျပန်နိုင်ငံရှိ စူပါမားကတ်များတွင် ပျမ်းမျှဆန်ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍများမှ ၂၆-၆-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည့် အချက်အလက်များအရ သိရှိရပြီး ယခင်နှစ် နွေရာသီ၌ ပုံမှန်မဟုတ်သော အပူချိန်မြင့်မားမှုကြောင့် ဆန်ထောက်ပံ့မှု လျော့ကျလာခြင်းနှင့် ဂျပန်နိုင်ငံသို့ ခရီးသွားများ လာရောက်လည်ပတ်မှု တိုးတက်လာပြီး ဝယ် လိုအား မြင့်မားလာခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ပညာရှင်များက ပြောဆို ကြသည်။

08 Jul 2024

    တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဗီယက်နမ်ဒူးရင်းစိုက်ခင်းနှင့် ကုမ္ပဏီ ၃၃ ခုထံမှ ဒူးရင်းသီးတင်သွင်းမှုအား ရပ်ဆိုင်းခဲ့ကြောင်း၊ အဆိုပါအရွေ့တွင် စိုက်ပျိုးသူအချို့အနေဖြင့် ဈေးကွက်အနေ အထားအရ ကြီးမား၍ ပြိုင်ဆိုင်မှုရှိသော စျေးကွက်သို့ လျင်မြန်စွာဝင်ရောက်ရန် ဖြတ်လမ်းနည်းလမ်းများ ရရှိနိုင်ကြောင်းနှင့် စိတ်အားထက်သန်သော ပြိုင်ဘက်အများအပြားအား ပါဝင်ယှဉ်ပြိုင်ရန် လမ်းဖွင့်ပေးထားကြောင်း သိရှိရသည်။

08 Jul 2024

    တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှု ခိုင်မာအားကောင်းစေရေးအတွက် အစိုးရက ကြိုးပမ်းအားထုတ်လုပ်ဆောင်နေချိန်၌ စပါးအဓိကစိုက်ပျိုးရာ နယ်မြေဒေသများတွင် မကြာသေးမီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ခြင်းက ကောက်စောစပါးများ ရိတ်သိမ်းရရှိမှုကို လျော့ကျစေနိုင်ပြီး နှစ်စဉ်ဆန်စပါးထွက်ရှိမှုအပေါ် ဖိအားများ သက်ရောက်လျက်ရှိကြောင်း သိရှိ ရသည်။

08 Jul 2024

    တရုတ်နိုင်ငံ၌ မျိုးဗီဇပြုပြင်ထားသည့် ပြောင်းသီးနှံများအား စိုက်ပျိုးထုတ်လုပ်မှုမှာ ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး တိရစ္ဆာန်မွေးမြူရေး အစားအစာနှင့် အီသနောလောင်စာ ထုတ်လုပ်ရာတွင် ပီလောပီနံမှုန့်၏ နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် အလားအလာများရှိနေသဖြင့် ထိုင်းနိုင်ငံရှိ လယ် သမားများနှင့် ပီလောပီနံစိုက်ပျိုးသူများအနေဖြင့် ဂရုပြုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ထိုင်းကုန်သွယ်မှုမူဝါဒနှင့်မဟာဗျူဟာရုံး (TPSO) က သတိပေးချက်ထုတ်ပြန်ထားပါသည်။

08 Jul 2024

     ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်မှုမှ ကာကွယ်နိုင်ရန်နှင့် ကုန်စည်လုံလောက်မှု သေချာခိုင်မာစေရန်အတွက် အနည်းဆုံးပမာဏအားဖြင့် သကြားတန်ချိန် ၂၀၀၀၀၀ ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရှိ ရသည်။

04 Jul 2024

       ကမ္ဘောဒီးယားနိုင်ငံကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Kith Meng က အာဆီယံနှစ်နိုင်ငံကြား ခိုင်မာသော စီးပွားရေးဆက်ဆံမှုတည်ဆောက်ရန်အတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြရန် စင်္ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကိုတောင်းဆိုခဲ့သည်။

04 Jul 2024

     ကမ္ဘောဒီးယားစိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံနှင့်ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုမြှင့်တင်ရန် ကမ္ဘောဒီးယား-တရုတ် ပီလောပီနံမဟာမိတ်အသင်း(CCCAA)ကို ၂၀-၆-၂၀၂၄ နေ့ရက်က တရားဝင်တည်ထောင်ခဲ့ပါသည်။ အသင်း၏ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံစီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုအတွင်းရေးမှူး  Va Roth San နှင့် စိုက်ပျိုးရေးကဏ္ဍအသင်းမှ အဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များက ဦးဆောင်ကျင်းပခဲ့ကြောင်းသိရပါသည်။ အသင်းတည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားပီလောပီနံနယ်ပယ်ကွင်းဆက် အရည်အသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်ဖြစ်ကြောင်းသိရပါသည်။

04 Jul 2024

      ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သည် ငါးလုပ်ငန်းပူးပေါင်း‌ဆောင်ရွက်မှုမြှင့်တင်ရန် အလားအလာနှင့် အခွင့်အရေးရှိနေကြောင်း ငါးလုပ်ငန်းနယ်ပယ်မှ အတွင်းလူတစ်ဦးက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဇွန်လ ၂၅ရက်နေ့က  ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်နှင့် စင်္ကာပူငါးလုပ်ငန်းစီးပွားရေးချိတ်ဆက်မှုညီလာခံတွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံကို ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း(VASEP)၊ စင်္ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် ဟိုချီမင်းမြို့တော်၊ ပြင်ပဆက်ဆံ‌ရေးဌာနက ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်။ VANEP ၏ ဒုတိယအထွေထွေအတွင်းရေးမှူး To T

04 Jul 2024

     ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေး တတိယအဆင့်ဆွေးနွေးမှုမှာ လတ်တလောတွင် ပြီးဆုံးသွားပြီဖြစ်ပြီး စတုတ္ထအဆင့်ဆွေးနွေးမှုကို နိုဝင်ဘာလ ၄ရက်နေ့၌  ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Chotima Iemsawasdilul က ထိုင်း-ဥ‌ရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) အတွက် တတိယအဆင့်ဆွေးနွေးပွဲကို ဇွန်လ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရက်သတ္တပတ်အတွင်း ဆွေးနွေးမှုများမှာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ၂၀၏ အစည်းအဝေးန

Pages