Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Dec 2024

             ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC)၊ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်းချုပ်(CCF) နှင့် ကမ္ဘောဒီးယားဟိုတယ်လုပ်ငန်းရှင်များအသင်း (CHA) တို့သည် နားလည်မှုစာချွန်လွှာ (MoUs) နှစ်ခုကိုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) တွင်လက်မှတ်ရေးထိုးခဲ့ကြ သည်။ အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Cham Nimul မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာအသင်းဌာနများမှ မှုဆောင်အရာရှိများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားသည် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Hy Sothea နှင့် ကမ္ဘောဒီးယား သီ

23 Dec 2024

             တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ခရီးသည်တင်ယာဥ်စျေးကွက်သည် နိုဝင်ဘာလတွင် အားကောင်းလာခဲ့ပြီး လက်လီရောင်းချမှုသည် အစီးရေ ၁.၂၇ သန်းနီးပါးအထိ‌ရောက်ရှိခဲ့ကြောင်း စက်မှုလုပ်ငန်းအသင်းမှ ၉.၁၂.၂၀၂၄ ရက်နေ့ကဖော်ပြချက်အရသိရသည်။ တရုတ်ခရီးသည်တင်ယာဥ်အသင်း(CPCA) ၏အဆိုအရ အဆိုပါကိန်းဂဏန်းသည် တစ်နှစ်ထက်တစ်နှစ် ၅၀.၅ ရာခိုင်နှုန်း တိုးတက်လာပြီး အောက်တိုဘာလကထက် ၅.၉ ရာခိုင်နှုန်းတက်လာခြင်းကို ပြသလျက်ရှိသည်။ နိုဝင်ဘာလတွင် စွမ်းအင်သုံးခရီးသည် ယာဥ်အသစ်များထုတ်လုပ်မှုသည်အစီးရေ ၁.၄၈ သန်းခန့်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၉.၃ ရာခိုင်နှုန်းတိုးလာပြီး ယခင်လကထက် ၇.၁ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ပြည်တွ

23 Dec 2024

             United Arab Emirates (UAE)နှင့် ဗြိတိန်တို့မှ ခေါင်းဆောင်များသည် ဆက်ဆံရေးခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များကို ရှာဖွေရန် ၉.၁၂.၂၀၂၄ ရက်နေ့ (တနင်္လာနေ့) တွင် တွေ့ဆုံခဲ့ကြကြောင်း UAE ၏ တရားဝင်သတင်းအေဂျင်စီ WAM မှ ထုတ်ပြန်ချက်အရသိရသည်။UAE သမ္မတ Sheikh Mohamad bin Zayed AI Nahyan နှင့် လာရောက်လည်ပတ်သော ဗြိတိသျှဝန်ကြီးချုပ် Keir Starmer တို့မှ နှစ်နိုင်ငံကြား သမိုင်းဝင်ဆက်ဆံရေးကို တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာလာစေရန် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြောင်း WAM မှပြောကြားခဲ့သည်။WAM ၏အဆိုအရ ဆွေးနွေးပွဲတွင်‌‌ဒေသတွင်းနှင့်နိုင်ငံတကာအကျိ

23 Dec 2024

               ရုရှားနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်‌ငွေ့ အသုံးစရိတ်ဝင်ငွေသည် ၂၀၂၄ ခုနှစ်၏ ၁၁ လအတွင်း တစ်နှစ်ထက်တစ်နှစ် ၂၅.၇ ရာခိုင်နှုန်းသို့တိုးလာကြောင်း ရုရှားနိုင်ငံ၏ ဘဏ္ဏာရေးဝန်ကြီးဌာနမှ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဝင်ငွေသည်ရူဘယ် ၁၀.၃၄ ထရီလီယံ (အမေရိကန်ဒေါလာ ၁၀၂.၈ ဘီလီယံခန့်) ရှိကြောင်းဝန်ကြီးဌာနမှ ပြောကြားခဲ့ပြီး ထိုသို့တိုးမြင့်လာမှုမှာ ရုရှားနိုင်ငံ၏ ရေနံစျေးနှုန်းများမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့အသုံးစရိတ်သည် ၎င်းတို့၏ လျှာထားချက်ထက်ကျော်လွန်နေပြီး လူမှုစီးပွားဖွံဖြိုးတိုးတက်မှု ခန့်မှန်းချက်တွင် ၎င်

23 Dec 2024

            တရုတ်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံ၏ ထိပ်တန်းကော်ဖီတင်ပို့သောနိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ်လာသောကြောင့် တရုတ်နိုင်ငံ၏ လျှင်မြန်စွာတိုးတက်နေသော ကော်ဖီစျေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် အီသီယိုးပီးယားနိုင်ငံမှ စိတ်ဝင်စားလျက်ရှိကြောင်း အီသီယိုးပီးယားအစိုးရမှ ပြောကြားခဲ့သည်။ Ethiopian Coffee and Tea Authority (ECTA) မှ တာဝန်ရှိသူများက အရှေ့အာဖရိကနိုင်ငံမှ ကော်ဖီကိုစိတ်ဝင်စားကြသော တရုတ်စီးပွားရေး ကိုယ်စားလှယ်များနှင့်ဆွေးနွေးစဥ်အတွင်း ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ECTA မှ ၉.၁၂.၂၀၂၄ ရက်နေ့တွင်ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြခဲသည်။ ဆွေ

23 Dec 2024

              ဗီယက်နမ်နိုင်ငံ၏နိုင်ငံလုံးဆိုင်ရာ စက်မှုကုန်ထုတ်အညွှန်းကိန်းသည် နိုဝင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၈.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO) မှပြောကြားခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ၁၁.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ထိုသို့မြင့်တက်လာမှု၏နောက်ကွယ်ရှိ အဓိကမောင်းနှင်အားမှာ ပြုပြင်ခြင်းနှင့်ထုတ်လုပ်ခြင်း ကဏ္ဍတို့ ကြောင့်ဖြစ်ကြောင်းသိရသည်။ လျှပ်စစ်ထုတ်လုပ်မှုနှင့် ဖြန့်ချိမှုကဏ္ဍတွင် ၅.၅ ရာခိုင်နှုန်းနှင့် ရေထောက်ပံ့မှုနှင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကဏ္ဍတွင် ၆.၇ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ သည်။ သတ္တုတူးဖော်ရေးကဏ္ဍသည်နိုဝင်ဘာလတွင် တစ်နှစ်

23 Dec 2024

             ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် ဒေသတွင်းနှင့် ဥရောပနိုင်ငံ (၆) နိုင်ငံနှင့် အခွန်နှစ်ဆကောက်ခံခြင်းဆိုင်ရာသဘောတူညီချက်များ (DTAs)  ညှိနှိုင်းမှုများဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုကဏ္ဍအား မြှင့်တင်ရန်ဆောင်ရွက်နေကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် စင်္ကာပူ၊ တရုတ်၊ ထိုင်း၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှာ၊ တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် (DTA) သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Aun Pornmoniroth ကပြောကြာခဲ့သည်။ ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် ‌ဒေသတွင်းနိုင်ငံများစွာနှင့် အခွ

23 Dec 2024

              ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လအတွင်း ၆.၄ ဘီလီယံတန်ဖိုးရှိ ပုံသေရင်းနှီးမြှုပ်နှံမှုပရောဂျက် ၃၈၆ ခုကို အတည်ပြုခဲ့ပြီး အလုပ်အကိုင်ပေါင်း ၃၀၅,၀၀၀ ခန့်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ အစီရင်ခံစာအရ သိရသည်။ နိုဝင်ဘာလတစ်လတည်းတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန် ဒေါ်လာ ၉၃၃ သန်းတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုပရောဂျက် ၄၀ ခုကို အတည်ပြုခဲ့ပြီး အလုပ်အကိုင်ပေါင်း ၃၉,၀၀၀ ခန့်ဖန်တီးနိုင်ခဲ့ကြောင်းဖော်ပြထားသည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Lim Heng က ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှု ပိုမို

23 Dec 2024

             ကမ္ဘောဒီးယားနိုင်ငံ ကုန်သည်ကြီးများအသင်း (CCC) သည် နိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ရင်နှီးမြှုပ်နှံမှုအားပြုပြင်ပြောင်းလဲမှုများ၏ အခြေအနေသစ်တွင် တော်ဝင်အစိုးရ ၏မူဝါဒနှင့်အညီ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်ကတိပြုခဲ့ကြသည်။ ၂၀၂၄ ခုနှစ်အတွင်း အလုပ်များကိုပြန်လည်သုံးသပ်ရန်နှင့် ၂၀၂၅ ခုနှစ်အတွက် ရည်းမှန်းချက်များချမှတ်ရန် နှစ်ပတ်လည် အစည်းအဝေးတွင် ကတိပြုခဲ့ခြင်းဖြစ်သည်။ စီးပွားရေးအခင်းအကျင်း၏ လျင်မြန်စွာပြောင်းလဲတိုးတက်မှုနှင့် ကမ္ဘောဒီးယား၏ လက်ရှိရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ပြုပြင် ပြောင်းလဲရေးများကြောင့် (CCC) သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး

23 Dec 2024

               ရေလုပ်ငန်းကဏ္ဍသည် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားပြီး အလုပ်အကိုင်အသစ် ၁၀၀,၀၀၀ ခန့်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့ သည်။ ငါး၊ ပုစွန်ထွက်ကုန်များသည် နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် သိသာ ထင်ရှားသောအလားအလာရှိပြီး ဒေသတွင်းမျိုးကွဲများ၏ထုတ်လုပ်မှုကွင်းဆက်ကို ချဲ့ထွင်ကာ အစားအစာဘေးကင်းရေးစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်မှုအရည်အသွေးကို မြှင့်တင်ခြင်း ဖြင့်အောင်မြင်မှုများရရှိနိုင်မည်ဟု ဆက်လက်ပြောကြားခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ရ

23 Dec 2024

               ကမ္ဘောဒီးယား၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး Aun Pornmoniroth က ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၆ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ပြီး အဓိက အားဖြင့် ပို့ကုန်ဦးစားပေးကဏ္ဍများတွင် အစိုးရအနေဖြင့် ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့နှင့် အတူ ကမ္ဘောဒီးယားသည် မြင့်မားသောဖွံ့ဖြိုးတိုးတက်မှုတို့ကို အစဉ်အမြဲထိန်းသိမ်းထားပြီး စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် ဆင်ရဲမွဲတေမှုလျော့ချရေးတို့ကိုဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တ

Pages