ပြည်ပကုန်သွယ်မှုသတင်းများ
စပိန်နိုင်ငံအတွင်း၌ ၎င်း၏ဝန်ဆောင်မှုများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်ကြိုးပမ်းနေသောကြောင့် ဉာဏ်ရည်တု(AI) နှင့် Cloud Computing တွင် လာမည့် ၁၀ နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်ဟု ဇွန်လ ၂၀ ရက်နေ့ (ကြာသပတေးနေ့) ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။
တူနာငါးတင်ပို့မှုသည် ယခုနှစ်ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၄၅၆.၈ သန်းသို့ ရောက်ရှိရန်မျှော်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၂၀% တိုးလာကြောင်း ဗီယက်နမ်ပင်လယ်စာ တင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်းမှ သိရှိရပါသည်။
၂၀၂၃ ခုနှစ်တွင် လျော့နည်းသွားပြီးနောက် ပို့ကုန်သည် ယခင်နှစ် ပထမ ၅ လတွင် ၂၂% တိုးလာကာ အမေရိကန်ဒေါ်လာ ၃၈၈ သန်းထိ ရရှိခဲ့သည်။
တူနာစည်သွပ်ဗူးများ တင်ပို့မှုမှာ ၄၄%၊ တူနာအထုပ်များတင်ပို့မှုမှာ ၂၄% နှင့် အေးခဲနေသော တူနာငါးအသားလွှာများတင်ပို့မှုမှာ ၇% အသီးသီးတိုးတက်လာခဲ့သည်။
မလေးရှားနိုင်ငံ၌ စားအုန်းဆီ ထုတ်လုပ်မှုနှေးကွေးခြင်းနှင့် ပြည်ပတင်ပို့မှု မြင့်တက်ခြင်း တို့ကြောင့် စားအုန်းဆီဈေးနှုန်းသည် ဇွန်လမှစတင်၍ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) က ၁၄-၆-၂၀၂၄ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် လိုအပ်ပါက ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေး ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဂျုံပမာဏ လုံလောက်မှုရှိပြီး လက်ရှိစည်းကြပ်လျက်ရှိသော ဂျုံတင်သွင်းမှု သွင်းကုန်အခွန်နှုန်းထားကို ပြောင်းလဲမည့် အစီအစဉ်မရှိကြောင်း အစိုးရက ၁၃-၆-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၊ စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့သည် Samut Prakan ပြည်နယ်ရှိ သိုလှောင်ရုံ တစ်ခုကို ဝင်ရောက်စစ်ဆေးသည့်အချိန်တွင် ဘတ် ၁၈ သန်းတန်ဖိုးရှိသော ဗီယက်နမ်မှ တရား မဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် တုပထုတ်လုပ်ထားသောနို့မှုန့်များကို သိမ်းဆည်းခဲ့ပြီး ရွှေ့ပြောင်းလုပ်သား ၆ ဦးကို ဖမ်းဆီးခဲ့ပါသည်။ ၁၃-၆-၂၀၂၄ နေ့၌ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာတွင် ရဲမှူးချုပ် Witthaya Sriprasertparb က ထိုင်းစားသုံးသူကာကွယ်ရေး ရဲဌာနခွဲမှ အရာရှိများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အရာရှိများသည် Phra Pradaeng ခရိုင်၊ Bang Khru မြို့နယ်ရှိ သိုလှောင်ရုံတစ်ခုမှ နို့မှုန့်နှင့် အခြားဖြည့်စွက်
အိန္ဒိယနိုင်ငံ၌ အရန်ဆန်သိုလှောင်ထားရှိမှုမှ တန်ချိန် ၁၇ သန်းမှ ၁၈ သန်း အထိ ပိုလျှံသည့်ပမာဏကို ၂၀၂၄-၂၅ ခုနှစ်အတွင်း ဈေးကွက်သို့ ဖြန့်ဖြူးရန်အတွက် အစိုးရသည် သက်ဆိုင်သူများ နှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။ အစိုးရ၏ ဈေးကွက်ဖြန့်ဖြူးမှု နည်းလမ်းများတွင် အများ ပြည်သူသို့ ဖြန့်ဖြူးသည့်စနစ်အောက်၌ အပိုခွဲဝေပေးခြင်း၊ ပွင့်လင်းမြင်သာသည့် ဈေးကွက် ရောင်းချမှု အစီအစဉ်ဖြင့် အပတ်စဉ် အီလက်ထရောနစ်လေလံဖြင့် ရောင်းချခြင်း၊ ပြည်နယ်များသို့ လက်လီဈေးနှုန်း အမြင့်ဆုံးဖြင့် တိုက်ရိုက်ရောင်းချခြင်းများ ပါဝင်ပါသည်။
အစိုးရ၏ ကုန်စည်များပေါ်တွင် အခွန်လျှော့ချရန် ဆုံးဖြတ်ပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၏ ယခုနှစ် ဆန်တင်သွင်းမှုသည် တန်ချိန် ၄.၆ သန်းအထိ ရှိလာနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေး ဦးစီးဌာန (USDA) က ဖော်ပြထားသည်။ ဖိလစ်ပိုင်အစိုးရက သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီးနောက် USDA သည် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ခန့်မှန်းချက်ကို အစောပိုင်းက မျှော်မှန်းထားသည့် တန်ချိန် ၄.၁ သန်းထက် တန်ချိန် ၅၀၀၀၀၀ ထပ်မံ တိုးမြှင့် ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် V8 Intertrading ကုမ္ပဏီအနေဖြင့် ယင်လပ်ရှင်နာဝပ်ထရာအစိုးရ၏ ဆန် အပေါင်ခံထားသည့် အစီအစဉ် (rice-pledging scheme) မှ ကျန်ရှိသော ဆန်တန်ချိန် ၁၅၀၀၀ ကို လေလံဈေး အမြင့်ဆုံးဖြစ်သည့် ဆန် (၁) တန်လျှင် ဘတ် ၁၉၀၇၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံသို့ ငှက်ပျောသီး တန်ချိန် ၃၅၅၀၀၀ တင်ပို့လျက် ၎င်းဈေးကွက်သို့ ငှက်ပျောသီး အများဆုံးတင်ပို့သည့် ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိလာကြောင်း၊ အဆိုပါပမာဏသည် ဒုတိယအကြီးဆုံးတင်ပို့သူ ဖိလစ်ပိုင်မှ တင်ပို့သည့် ပမာဏ၏ ၂.၄ ဆရှိပြီး တရုတ်နိုင်ငံမှ ငှက်ပျောသီးတင်သွင်းမှု၏ ၄၈.၆% ရှိကြောင်း၊ ဗီယက်နမ် အနေဖြင့် ကမ္ဘာ့ဒုတိယအများဆုံး ငှက်ပျောသီးတင်ပို့သည့် ဖိလစ်ပိုင်နိုင်ငံကို ကျော်တက်အောင် စွမ်းဆောင်နိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။
အနောက်ကမ္ဘာခြမ်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အကြီးမားဆုံးဖြစ်သည့် ဘရာဇီးနိုင်ငံအနေဖြင့် ဆယ်စုနှစ် ၂ ခုကာလအတွင်း အမြင့်မားဆုံးပမာဏအဖြစ် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၁.၃ သန်းအထိ တင်သွင်းရဖွယ်ရှိသည်။ ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်ရာ Rio Grande do Sul နယ်မြေဒေသ၌ ရာသီဥတုဆိုးရွားမှုနှင့် ဒေသတစ်ခုလုံး ရေလွှမ်းနစ်မြုပ်ကြောင့် ၂၀၂၃-၂၄ သီးနှံ ရာသီတွင် ဘရာဇီးနိုင်ငံ၏ ဆန်ထွက်ရှိမှုမှာ တန်ချိန် ၇ သန်းခန့်သာ ရှိနိုင်မည်ဟု အမေရိကန် စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လအတွက်ထုတ်ဝေသည့် Grain: World Markets and Trade’ report အစီရင်ခံစာ၌ ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ အခြေစိုက်၊ သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) ၏ ၁၉-၆-၂၀၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အရွက်ကြွေသည့်ရာသီကာလ ကုန်ဆုံးပြီးနောက် ရော်ဘာထုတ်လုပ်မှုပြန်လည်စတင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ် မေလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက် ဈေးကွက်၌ မှိုင်းခံရော်ဘာအဆင့်-၃ (RSS-3) အတန်းအစားမှအပ ကျန်ရှိသော သဘာဝရော်ဘာများ၏ ဈေးကွက်အခြေအနေမှာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ရော်ဘာထုတ်လုပ်ရာနိုင်ငံ များရှိ ငွေကြေးတန်ဖိုး ခိုင်မာမှုအခြေအနေက သဘာဝရော်ဘာဈေးကွက်အပေါ် ဆက်လက် လွှမ်းမိုးမှု ရှိမည်ဖြစ်ကြောင်း၊ အခြားအကြောင်းအရင်းများကလည်း ရော်ဘာဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် သက်ရောက်
ကောက်ပဲသီးနှံ ရောင်းလိုအားပိုလျှံမှုနှင့် စားသုံးမှုကျဆင်းခြင်းတို့အရ ပြည်ပမှ ဝယ်ယူမှုကို ယခင်က ကြီးမားစွာ လုပ်ဆောင်ခဲ့ရခြင်းမရှိသော တရုတ်နိုင်ငံ အနေဖြင့် ရာသီဥတုခြောက်သွေ့မှု ဒဏ်ကို ကြုံတွေ့ရခြင်းကြောင့် ဂျုံနှင့် ပြောင်းတို့ အထွက်လျော့ကျမည်ဟု ခန့်မှန်းရပြီး ကောက်ပဲ သီးနှံ တင်သွင်းမှု မြင့်တက်လာဖွယ်ရှိသည်ဟု တရုတ်နိုင်ငံအခြေစိုက် စိုက်ပျိုးရေး အတိုင်ပင်ခံ လုပ်ငန်းဖြစ်သော BOABC ကို ကိုးကားလျက် Bloomberg သတင်းဌာနက ဖော်ပြထားသည်။