
အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဌာနက အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (IEU-CEPA) သည် ဥရောပသမဂ္ဂသို့ နိုင်ငံ၏တင်ပို့မှုကို ၅၀ ရာခိုင်နှုန်းကျော် မြှင့်တင်ပေးနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။ ဝန်ကြီး ဌာန၏ အတွင်းရေးမှူး Susiwijono Moegiarso က စာချုပ်အသက်ဝင်သည်နှင့် ၎င်းသည် သိသာ ထင်ရှားစွာသက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ ဝန်ကြီးက ဥရောပသမဂ္ဂသို့တင်ပို့မှု ၅၀ ရာခိုင်နှုန်း မြင့်တက်နိုင်သည်ဟု ခန့်မှန်းကြောင်း၊ ထိုသဘောတူညီချက်သည် အကောက်ခွန် ၇ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းအကြားကောက်ခံခြင်းခံနေရသည့် အဝတ်အထည်တို့ပါဝင်သော ဥရောပသမဂ္ဂသို့ တင်ပို့နေသည့် အင်ဒိုနီးရှားထုတ်ကုန်များ၏ အကောက်ခွန် ၉၈ ရာခိုင်နှုန်းကို ဖယ်ရှားပေးမည်ဟု သိရပါသည်။ အကောက်ခွန်ကင်းလွတ်သည့်လမ်းကြောင်းသည် ကာလကြာရှည် အကောက်ခွန် ၁၆ ရာခိုင်နှုန်းကောက်ခံခြင်းခံနေရသည့် ငှက်ပျောသီးကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန်များ အတွက်လည်းအကျိုးကျေးဇူးရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂသည် ၁၀ နှစ်ကြာညှိနှိုင်းဆွေးနွေးမှုကို လွန်ခဲ့သည့် ဇူလိုင်လတွင် အပြီးသတ်နိုင်ခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည် စာချုပ်အား ၂၀၂၉ ခုနှစ်တွင် စီးပွားရေးကြီးထွားနှုန်း ၈ ရာခိုင်နှုန်းရရှိရန် အင်ဒိုနီးရှား၏ရည်မှန်းချက်ကိုအောင်မြင်ရန် ကူညီပေးနိုင်မည်ဟု ဖော်ပြခဲ့ပါသည်။ ဝန်ကြီးဌာန၏ နိုင်ငံပိုင်လုပ်ငန်းစီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဒုတိယအကြီးအကဲ Ferry Irawan ကသဘောတူညီချက်သည် ဥရောသမဂ္ဂဈေးကွက်သို့ အင်ဒိုနီးရှားထုတ်ကုန်များ ပိုမိုကျယ်ပြန့်စွာဝင်ရောက်နိုင်ရန်ကူညီပေးနိုင်ပြီး ပို့ကုန်အများစုအတွက် အကောက်ခွန်လျော့ချ ခြင်းပါဝင်သော အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရပါသည်။ စာချုပ်အောက်တွင် စားအုန်းဆီ၊ ကော်ဖီ၊ ကိုကိုး၊ ရာဘာ၊ ငါးထုတ်ကုန်များ၊ သစ်နှင့် ပြုပြင်ထားသည့်သစ်၊ အဝတ် အထည်နှင့် အီလတ်ထရောနစ်တို့ပါဝင်သည့်များစွာသောအင်ဒိုနီးရှားထုတ်ကုန်များသည် အကောက် ခွန်ကောက်ခံခြင်းခံရမည်မဟုတ်ကြောင်း သိရပါသည်။ Irawan ကသဘောတူညီချက်သည် နိုင်ငံ၏ စီးပွားရေးတန်ဖိုးမြှင့်တင်ရန်နှင့် ဗီဇာလုပ်ငန်းစဉ်များဖြေလျော့ပေးရန်လည်း မျှော်လင့်ရကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)
