ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ ၃၅ ရာခိုင်နှုန်းခန့် (B35) ကို ဇီဝဒီဇယ်အဖြစ် ရောနှောအသုံးပြုလျက်ရှိရာမှ လာမည့် ၂၀၂၅ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း (B40) အထိရောနှော၍ လောင်စာဆီအဖြစ် အသုံးပြုရန်စမ်းသပ်နေသည်ဟု အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာနက ပြောကြားကြောင်း The Edge Malaysia သတင်းဌာနက ၂၄-၇-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ အပါအဝင် အဓိကဈေးကွက်များမှ ဆန်ဝယ်လိုအား မြင့်တက်လာခြင်း၊ ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားဖွယ်ရှိပြီး ဘတ်ငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်းစသည့် အခြေအနေများအရ ထိုင်းနိုင်ငံ၏ ယခုနှစ်ဆန်တင်ပို့မှုမှာ ယခင်က ခန့်မှန်းထားသည့် တန်ချိန် ၇.၅ သန်းကို ကျော်လွန်လျက် တန်ချိန် ၈.၂ သန်းအထိ တင်ပို့နိုင်ဖွယ်ရှိမည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃၀-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။
လာမည့်စိုက်ပျိုးရာသီအတွက် ပြင်ဆင်သည့်အနေဖြင့် လယ်ယာရိတ်သိမ်း ချွေလှေ့မှုမှ ကျန်ရှိသော စွန့်ပစ်ပစ္စည်းများကို မီးရှို့ရှင်းလင်းသည့် ထိုင်းနိုင်ငံမှတောင်သူများသည် PM 2.5 အဆင့်ရှိသော လေထုညစ်ညမ်းမှုကို လျှော့ချရန် ရည်ရွယ်သည့် လှုပ်ရှားမှုအရ ထိုင်းအစိုးရ၏ အထောက်အပံ့များ လက်ခံရရှိတော့မည်မဟုတ်ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် ရာဂျာဆာဘလွှတ်တော်၌ မေးမြန်းချက်အပေါ် တရားမဝင်တင်သွင်းလာသော ကွမ်းသီးများ ဖမ်းဆီးရရှိသည့်အကြိမ် အရေအတွက်နှင့် ကုန်စည်ပမာဏသည် မကြာသေးမီ နှစ်ကာလများအတွင်း သိသာစွာ မြင့်တက်လာခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဖြေကြားခဲ့ကြောင်း အိန္ဒိယ Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကုန်စည်ဝယ်ယူရရှိရန် လွယ်ကူမှုကို အာမခံချက်ပေးနိုင်ရန်အတွက် အရေးကြီးစားသောက်ကုန်စာရင်း၌ ဂျုံမှုန့်နှင့်ဆားတို့ကို ထည့်သွင်းသတ်မှတ်ရန် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) က အဆိုပြုခဲ့ကြောင်း သိရှိရသည်။
ပြည်တွင်း၌ထုတ်လုပ်မှုဖြင့် ပဲမျိုးစုံလုံလောက်မှုရှိစေရေးကို အထောက်အပံ့ပြုရန် ကြိုးပမ်း အားထုတ်မှုအဖြစ် အိန္ဒိယနိုင်ငံအစိုးရသည် ပဲစင်းငုံတိုးချဲ့စိုက်ပျိုးမည့် ခရိုင်အသစ် ၃၅ ခုနှင့် မတ်ပဲ တိုးချဲ့စိုက်ပျိုးမည့် ခရိုင်အသစ် ၁၃ ခုတို့ကို ခွဲခြားသတ်မှတ်ခဲ့ကြောင်းနှင့် အဆိုပါ နယ်မြေဒေသများတွင် မိုးသီးနှံရာသီ၌ ၎င်းပဲနှစ်မျိုးစိုက်ပျိုးရန်အတွက် အထွက်နှုန်းမြင့်မားသော မျိုးစေ့များကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) သည် ခရီးသည်ပေါင်း ၁.၀၂ သန်းဖြင့် ပျံသန်းမှုပေါင်း ၁၀၉၇၁ ကြိမ် ပျံသန်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ စီးပွားဖြစ်လည်ပတ်နိုင်ခဲ့ကြောင်း လေဆိပ်အော်ပရေတာက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။
MEAF ၏ ပို့ကုန်ဌာနအကြီးအကဲ Afi Akbar Shadmani သည် နိုင်ငံအရှေ့မြောက်ပိုင်း Mashbad မြို့အခြေစိုက် Khoshgovar ကုမ္ပဏီမှ ကိုကာကိုလာထုတ်ကုန်များတင်ပို့မှုအား တားမြစ်ပိတ်ပင်ရန် ဇူလိုင်လ ၂၇ ရက်(စနေနေ့)က အမိန့်ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်ရန်ရည်ရွယ်၍ နှစ်ရှည် ဗီဇာအစီအစဉ်ကို ဇူလိုင် ၂၅ ရက်နေ့က စတင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူမျာအား ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးမည် ဖြစ်သည်။ အနည်းဆုံး ဒေါ်လာ ၂.၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီတစ်ခုတည်ထောင်ရန်စီစဉ်သည့် တစ်ဦးရင်းနှီးမြှုပ်နှံသူများသည် ၅ နှစ်အထိ နေထိုင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ သန်းရှိလျှင် အစိုးရက ၎င်းတို့အား ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးမည်ဖြစ်သည်။
ပြင်သစ်နိုင်ငံပိုင် အိန္ဒိယအခြေစိုက် HMD ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် ၎င်း၏အမှတ် တံဆိပ် Smart Phone အသစ်များအားလုံးကို ထုတ်လုပ်ပြီး ကမ္ဘာ့အခြားဒေသများသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်း ထိပ်တန်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၅ ရက် (ကြာသပတေး)နေ့က ပြောကြားခဲ့သည်။
HMD Global တည်ထောင်သူ၊ ဥက္ကဌနှင့် CEO ဖြစ်သူ Jean Francois Baril က အိန္ဒိယတွင် ထုတ်လုပ်နေသော Mobile Phone များသည် တရုတ်နိုင်ငံတွင်ထုတ်လုပ်နေသော Mobile Phone များနှင့် တန်းတူယှဉ်ပြိုင်နိုင်လာပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
တောင်အာဖရိကသည် ရွှေ၊ စိန်နှင့်ပလက်တီနမ်ကဲ့သို့သော သတ္တုများအတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းအရင်းအမြစ်ဖြစ်ခဲ့သော်လည်း ယခုအခါတွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဩစတြေးလျကဲ့သို့သော နိုင်ငံများအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် လယ်ယာထွက်ကုန် များ ပိုမိုတင်ပို့နိုင်စေရန် ကြိုးပမ်းလျက်ရှိသည်။ အသစ်ခန့်အပ်ထားသော တရုတ်သံအမတ် Wu Peng က ဘေဂျင်းသည် အစားအစာတင်ပို့မှုအမြန်လမ်းကြောင်းပေါ်ရှိ စီမံချက်များကို အကောင်အထည်ဖော်နေကြောင်း ပြည်တွင်းမီဒီယာသို့ ပြောကြားခဲ့သည်။
ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်ပုဇွန်တင်ပို့မှု မြင့်တက်လာသော်လည်း ဈေးကွက်သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ၏ ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဗီယက်နမ် နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း(VASEP)၏ အဆိုအရ ယခုနှစ် ပထမ (၆)လတွင် ပုဇွန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇွန်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၄ သန်းရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ (၆)လတာ ကာလတွင် တရုတ်ပြည်မကြီးနှ