Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Aug 2024

       ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ပိုမိုကြီးမားသော ဆန်ဈေးကွက်ဝေစုရရှိရန် ယှဉ်ပြိုင်လျက်ရှိကြောင်း Nikkei Asia က ဩဂုတ်လ ၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဆောင်းပါးဖော်ပြချက်အရသိရပါသည်။ ဆောင်းပါးအရ ဖိလစ်ပိုင်သည် အိမ်နီးချင်းနိုင်ငံများထံမှ ဆန်တင်သွင်းမှုတိုးမြှင့်မည့်အကြောင်းအချက်များအနက် တစ်ခုမှာ ပြည်တွင်းထောက်ပံ့နိုင်စွမ်းကျဆင်းသောကြောင့်ဖြစ်ကြောင်းသိရပါသည်။ ဖိလစ်ပိုင်သည် ပြည်တွင်းဈေးကွက်တွင် ဆန်ဝေးနှုန်းများတည်ငြိမ်စေရန်အတွက် ဆန်တင်သွင်းသည့် အကောက်ခွန်များကိုလျှော့ချခဲ့ကြောင်းသိရပါသည်။ ဆောင်းပါးသည် အမေရိကန်နိုင်ငံစိုက်ပျိုးမွေးမြူရေးဦးစီးဌာ

13 Aug 2024

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှု (ရေရှည်ရင်းနှီးမြှုပ်နှံမှု) အမေရိကန်ဒေါ်လာ ၃၉၆သန်းခွဲရရှိကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က ဩဂုတ်လ ၇ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ထားသည့် သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

        ကမ္ဘောဒီးယားအစိုးရသည် ပြီးခဲ့သောလတွင် ရင်းနှီးမြှုပ်နှံမှုပရောဂျက်ပေါင်း ၄၄ခုကိုခွင့်ပြုခဲ့ပြီး အလုပ်အကိုင်ပေါင်း ၂၅၀၀၀ခန့်ဖန်တီးပေးခဲ့ကြောင်းသိရသည်။

13 Aug 2024

     အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က အင်ဒိုနီးရှားပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှု (I-GCCFTA) သည် ပင်လယ်ကွေ့ဒေသသို့ အင်ဒိုနီးရှား၏ပို့ကုန်များကိုတိုးမြှင့်နိုင်ရန် မျှော်လင့်ရကြောင်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် ၆နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျ၊ UAE၊ ကူပိတ်၊ ဘာရိန်း၊ အိုမန်နှင့် ကာတာနိုင်ငံတို့သည် အားကောင်းသည့် ခင်မင်ရင်းနှီးမှုရှိခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ သို့သော် ကုန်သွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွင် အကောင်းဆုံးအခြေအနေ၌ ထိန်းသိမ်းမထားနိုင်ကြောင်း

13 Aug 2024

      ၂၀၂၄ခုနှစ်၏ ပထမ ၇လတာကာလတွင် လယ်ယာ-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၄.၂၇ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက်  ၁၈.၈% မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MABD) ကပြောကြားခဲ့ပါသည်။

13 Aug 2024

     ကမ္ဘာ့ထိပ်တန်း New Energy Vehicle (NEV) ထုတ်လုပ်သူ BYD ကုမ္ပဏီသည် Hub Power Company Limited (Hubco) ၏ လုပ်ငန်းခွဲဖြစ်သော Mega Motor နှင့် ပူးပေါင်း၍ ၎င်း၏လျှပ်စစ်နှင့် Hybird ကားများကို သုံးစွဲသူများထံမိတ်ဆက်ခဲ့သည်။

13 Aug 2024

     ထိုင်းနိုင်ငံသည် ရုရှား၊ အာမေးနီးယား၊ ဘီလရုဇ်၊ ကာဇတ်စတန်နှင့် ကာဂျစ်စတန်တို့နှင့်ဖွဲ့စည်းထားသည့် Eurasian Economic Union (EAEU) တို့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်းနိုင်ငံဆိုင်ရာ ကာဇတ်စတန်နိုင်ငံသံအမတ်ကြီး Arman Issetov နှင့် အစည်းအဝေးတွင် နှစ်ဖက်စလုံးသည် အပြန်အလှန်အကျိုးစွားပွား၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ အစရှိသည့် များစွာသောနယ်ပယ်တို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နည်း

13 Aug 2024

     ၂၀၂၄ခုနှစ် ပထမ ၆လတာကာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀.၉၅ဘီလီယံရှိခဲ့ပြီး အလုပ်သမားဦးရေ ၁၂၂၅၀၄၂ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေးဝန်ကြီး Bahlil Lahadolia ကပြောကြားခဲ့ပါသည်။ ဂျကာတာမြို့တွင် ဇူလိုင်လ ၂၈ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ၎င်းပမာဏသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၂.၃ရာခိုင်နှုန်းကြီးထွားလာခြင်းဖြစ်ကြောင်းနှင့် ရည်မှန်းချက်ဖြစ်သည့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၁.၂၉ဘီလီယံပြည့်မီရန်အတွက် ၅၀.၃ရာခိုင်နှုန်းကိုရောက်ရှိန

12 Aug 2024

        Brexit နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဗြိတိန်သို့တင်သွင်းလာသော အစားအစာများကို ဗြိတိန်၏ဓာတ်ခွဲခန်းစွမ်းရည်နည်းပါးမှုကြောင့် စမ်းသပ်ရန် ဥရောပသို့ ပြန်လည်ပို့ဆောင်ထားကြောင်း အစားအသောက်အဖွဲ့များကပြောကြားခဲ့သည်။ ယူကေ၏ အစားအစာထောက်ပံ့မှုပေါင် ၁၀၀ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးအဖွဲ့ ၃၀ကိုကိုယ်စားပြုသည့် SPS လက်မှတ်လုပ်ငန်းအဖွဲ့သည် အစိုးရထံစာရေးပြီး ဂျာမနီကဲ့သို့သောနိုင်ငံများသို့တင်သွင်းလာသော အစားအစာနမူနာတချို့ကို နယ်စပ်မှမထွက်ခွာရသေးချိန်တွင် စမ်းသပ်ရန် အဖွဲ့ဝင်များအား အကြံပြုထားကြောင်းသိရသည်။ ဓာတ်ခွဲခန်း အဆောက်အဦများမရှိခြင်းသည် အပိုကုန်ကျစရိတ်များ၊ ကြာရှည်နှောင့်နှေ

12 Aug 2024

       တိုရွန်တို (Reuters) - ကနေဒါအလုပ်သမားသမဂ္ဂ Unifor က အမေရိကန်ပြည်ထောင်စု၏ အဆိုပြုထားသည့်  အတိုင်းအတာတချို့နှင့်ကိုက်ညီစေရန် တရုတ်မှထုတ်လုပ်သည့် လျှပ်စစ်ကားများ (EVs) အားလုံးကို အခွန်စည်းကြပ်ရန်  ကြာသပတေးနေ့တွင်  တောင်းဆိုလိုက်ပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ အလားတူလှုပ်ရှားမှုများအပြီးတွင် ကနေဒါသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်ခြင်းရန် ဇူလိုင်လတွင် လူထုညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုစတင်ခဲ့သည်။

12 Aug 2024

     ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတာ ကာလတွင် ဗီယက်နမ်နိုင်ငံ၏ အပြန်အလှန် ကုန်သွယ်မှုပမာဏ အမေရကန်ဒေါ်လာ ၄၄၀ ဘီလီယံရှိပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၇ ဘီလီယံနှင့် တင်သွင်းမှု တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံရှိကာ လွန်ခဲ့သည့် နှစ်တူညီကာလထက် ၁၅.၇% နှင့် ၁၈.၅% အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတွင် ပြည်တွင်းကဏ္ဍမှ ၂၇.၈% နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှ ၇၂.၂% ရှိကြောင်း သိရပါသည်။ တင်သွင်းမှုတွင် ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံဖြင့် ၂၁.၅% မြင့်တက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံဖြင့် ၁၇% မြင့်တက်ခဲ့ကြောင်းသ

12 Aug 2024

    ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom သည် ဇူလိုင်လတွင် ဥရောပသို့ ပျမ်းမျှနေ့စဉ် သဘာဝဓါတ်ငွေ့ ထောက်ပံ့မှုသည် ယခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅.၇% တိုးလာကာ ပြီးခဲ့သော ဇွန်လကထက် ၁၂% အထိ ပိုများလာကြောင်း Reuters ၏ တွက်ချက်မှုအရ သိရသည်။

12 Aug 2024

    အဌမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တနင်္ဂနွေနေ့တွင် ပြီးဆုံးခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပကုန်သွယ်မှု စာချုပ်များ စုစုပေါင်း တန်ဖိုး ယွမ် ၈ ဘီလီယံ (ဒေါ်လာ ၁၁၂ သန်း) ခန့် လက်မှတ်ရေးထိုးခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

   ယခုနှစ် ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၈၂ နိုင်ငံ၊ ဒေသများစွာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပါဝင်ပြသခဲ့ပြီး ကုမ္ပဏီပေါင်း ၂၀၀၀ ကျော် ပါဝင်ခဲ့သည်။ ယင်းတို့အနက်မှ ထက်ဝက်နီးပါးသည် တောင်အာရှနှင့် အရှေ့တောင်အာရှရှိနိုင်ငံအားလုံးကို လွှမ်းခြုံထားသည့် ပြည်ပကုမ္ပဏီများဖြစ်သည်။

Pages