Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Aug 2024

   ဗီယက်နမ် သစ်သီးဝလံများသည် အရှေ့မြောက်အာရှဈေးကွက်သို့ ပိုမိုဝင်ရောက်လာကာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုတန်ဖိုး ၇ဘီလီယံရရှိရန်ဟူသော ၂၀၂၄ရည်မှန်းချက်အတွက် သိသိသာသာအထောက်အကူဖြစ်ခဲ့ပါသည်။

      ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း အထွေထွေအတွင်းရေးမှူး Dong Phuc Nguyen ၏ပြောကြားချက်အရ ဇူလိုင်လကုန်အထိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရရှိခဲ့ပြီး ၎င်းတင်ပို့မှု စုစုပေါင်းမှ ၄၀ရာခိုင်နှုန်းမှာ ဒူးရင်းသီးတစ်မျိုးတည်းသာဖြစ်ကြောင်း သိရပါသည်။

21 Aug 2024

       စကော့တလန် ဆော်လမွန်ငါးတင်ပို့မှုသည် ၂၀၂၄ခုနှစ် ပထမနှစ်ဝက်တွင် ပေါင်၄၃၁ သန်း မှ ၄၁ရာခိုင်နှုန်းတက်သွားခဲ့ပြီး ပို့ကုန်ပမာဏ ၁၂ ရာခိုင်နှုန်းတက်လာခဲ့ကြောင်း ကိန်းဂဏန်းထုတ်ပြန်ချက်အရ သိရသည်။

21 Aug 2024

   ကင်ညာနိုင်ငံမှလက်ဖက်ခြောက်များအား ပါကစ္စတန်နိုင်ငံမှ ဝယ်ယူတင်သွင်းမှုသည် ၁၀.၆ရာခိုင်နှုန်းတိုးလာကာ အရှေ့အာဖရိကမှ အဖျော်ယမကာကို ထိပ်တန်းဝယ်ယူသူအဖြစ် ၄င်း၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့သည်။

    ကင်ညာဗဟိုဘဏ် (CBK)၏ မကြာသေးမီက အချက်အလက်များအရပါကစ္စတန်သို့ ကင်ညာလက်ဖက်ခြောက် တင်ပို့မှုတန်ဖိုးသည် ယခုနှစ်ဇန်နဝါရီလမှ ဇွန်လအတွင်း အမေရိကန် ဒေါ်လာ ၂၇၁.၈၆သန်း(sh ၃၅.၀၆ဘီလီယံ) ရှိကြောင်း ဖော်ပြခဲ့သည်။ ၄င်းသည် ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း ရရှိခဲ့သောဒေါ်လာ ၂၄၅.၇သန်း(sh ၃၁.၆ဘီလီယံ) မှသိသာထင်ရှားစွာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

21 Aug 2024

       အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့်ဘတ်ငွေတန်ဖိုးအားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် မူလခန့်မှန်းထားသည့် ဘတ်သန်း ၇၅သန်းကို ကျော်လွန်၍ ဆန်တန်ချိန် ၈.၂သန်းကိုပြည်ပသို့ တင်ပို့နိုင်မည်ဟုမျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနအဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipetn ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂၅.၁% နှင့် ၅၅.၅% အသီးသီးမြှင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်တင်သွင်းသူများသည် စားသုံး

21 Aug 2024

    ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံမွေးမြူရေး ထုတ်ကုန်များနှင့်သစ်သီးများတရုတ်နိုင်ငံတွင် ဈေးကွက်တိုးချဲ့ရန်နှင့် အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရှိအသစ်ပေါ်ထွက်လာသော စက်မှုနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်ရည်ရွယ်၍ နှစ်နိုင်ငံကြားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Suchart Chomklin က ၎င်းကို ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai က တရုတ်နို်ငငံစီးပွားကူးသန်းဝန်ကြီးဌ

21 Aug 2024

       နှစ်နိုင်ငံစလုံး၏ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများက ပူးပေါင်းကျင်းပသည့် အကြီးမားဆုံးနှစ်စဉ်ကုန်သွယ်မှုမြှင့်တင်ရေးပွဲတော်ဖြစ်သည့် ဗီယက်နမ်-လာအို ကုန်စည်ပြပွဲ ၂၀၂၄(VIETLAO EXPO)ကို ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ ၂၅ရက်နေ့က ကျင်းပခဲ့သည့်ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Ba Hung က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်ပတ်သက်ဆက်နွယ်မှုတွင် ကြာရှည်စွာအခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လာအို၏ အကြီးမား

21 Aug 2024

       အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် လက်ရှိဘဏ္ဏာနှစ် ပထမသုံးလပတ်တွင် တန်ချိန် ၇၅.၂၆သန်း(MT) ရှိခဲ့ပြီး ယခင်ဘဏ္ဏာနှစ်၏ အလားတူကာလတွင် တင်သွင်းခဲ့သော ကျောက်မီးသွေး ၇၁.၁၆(MT)နှင့် နှိုင်းယှဥ်ပါက ၅.၇ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါသည်။

21 Aug 2024

      သြဂုတ်လ ၁၂ ရက်နေ့အထိ ယူကရိန်းနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဈေးကွက်ဝင်နှစ်မှ စတင်၍ စပါးနှင့်ပဲတန်ချိန် ၄.၉ သန်းတင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဥ်ပါက ၅၈.၉% တိုးလာခဲ့ကြောင်း စိုက်ပျိုးရေးမူဝါဒနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲမှ အချက်အလက်များမှ သိရပါသည်။

21 Aug 2024

     ဆော်ဒီအာရေဗျနိုင်ငံသည် စီးပွားရေးကွဲပြားမှုကို ပံ့ပိုးရန်နှင့်နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန်၊ ပွင့်လင်းမြင်သာမှုမြှင့်တင်ရန်နှင့် နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများအား တင်းကြပ်မှုကိုဖြေလျှာ့ပေးနိုင်ရန် ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းအသစ်များကို ထုတ်ပြန်ခဲ့သည်။

21 Aug 2024

        အိန္ဒိယနိုင်ငံမှ ထူးခြားသောစိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုတိုးမြင့်လာစေရန် ၎င်း၏အစပျိုးမှုတစ်စိတ်တစ်ပိုင်းအဖြစ်  ပိုလန်နိုင်ငံသို့ သဖန်းသီးဖျော်ရည်ကို ပထမဆုံးတင်ပို့ရောင်းချခဲ့ ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၇ ရက်နေ့တွင်ပြောကြားခဲ့သည်။

         စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) သည် GT (ပထဝီအညွှန်း) တပ်ထားသော Purandar သဖန်းသီးမှထုတ်လုပ်သော အသင့်သောက်သဖန်းသီးဖျော်ရည်များကို ပိုလန်သို့ အဆင်ပြေချောမွေ့စွာတင်ပို့နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

21 Aug 2024

        လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) စေ့စပ်ညှိနှိုင်းမှုများအပြင်၊ Turkiye သည် သီးခြားကဏ္ဏများတွင် အပြန်အလှန်အားသာချက်များပေးသည့် ဦးစားပေးကုန်သွယ်မှုသဘောတူညီချက်များ (PTAs) မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကိုအားကောင်းစေရန် ရည်မှန်းထားကြောင်း သြဂုတ်လ ၁၇ရက်နေ့၏ အစီရင်ခံစာတစ်ရပ်အရသိရသည်။

21 Aug 2024

    ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍကြီးထွားလာပြီး ယခုနှစ် ဇွန်လတွင် စက်ရုံအရေအတွက် ၂၁၇၅ ခုထိ ရောက်ရှိလာကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ် ဇွန်လက စက်ရုံအရေအတွက် ၁၉၉၇ ခုရှိရာမှ ယခုအခါ စက်ရုံအသစ် ၁၇၈ ခုတိုးလာခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၈.၉ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားဘဏ်၏ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်သည့် အစီရင်ခံစာအရသိရပါသည်။ ယခုလို မြင့်တက် လာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်ကိုကြီးမားစွာ သက်ရောက်မှု ရှိစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းပြည်၏ ဆင်းရဲမွဲတေမှုလျှော့ချခြင်းတို့အတွက် အဓိက မောင်းနှင်အာ

Pages