ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှု သိသာစွာတိုးမြှင့်ရန် ရည်ရွယ်လျက် ကာလရှည် ဆန်ထောက်ပံ့မှု သဘောတူညီချက်တစ်ရပ်ကို ထူထောင်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) နှင့် စင်ကာပူနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချမှုလုပ်ငန်းများ အနက် တစ်ခုဖြစ်သည့် NTUC FairPrice Group တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံ ကီရာလာ (Kerala) ပြည်နယ်၌ ရော်ဘာဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊ ရော်ဘာဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ RSS အဆင့် ၄ မှိုင်းခံရော်ဘာပြားများ၏ တစ် ကီလိုဂရမ်ဈေးနှုန်းမှာ ၂၄၇ ရူပီး ရှိပြီး အဆိုပါဈေးနှုန်းသည် ၂၀၁၁ ခုနှစ် ဧပြီ လ ၅ ရက်နေ့တွင် စံချိန်တင်ရရှိခဲ့သည့် ၂၄၃ ရူပီး ထက်ကျော်လွန်မှုရှိခဲ့ကြောင်း၊ Kottayam မြို့ရှိ ကုမ္ပဏီတစ်ခုမှ ရော်ဘာပြားများကို ၂၅၅ ရူပီးနှုန်းပေး၍ ဝယ်ယူနေသည့်အတွက် ရော်ဘာသမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၇) လတွင် သဘာဝရော်ဘာစေး (Natural Rubber Latex) ၁၇၃၉၁၅ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ ပမာဏဖြစ်သည့် ၁၇၀၉၆၈ တန်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် ပမာဏအနည်းငယ် တိုးလာခဲ့ကြောင်း ကမ္ဘောဒီးယား ရော်ဘာအထွေထွေ ညွှန်ကြားမှု ဦးစီးဌာန၏ ၁၁-၈-၂၀၂၄ ရက်နေ့ အစီရင်ခံစာအရ သိရှိရသည်။
ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် စင်ကာပူနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့ရာတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီစေရေးနှင့် စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှု နောက်ဆုံးအခြေအနေများကို ပုံမှန်သတိပြုဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီဥတုအခြေအနေ ကောင်းမွန်ခြင်းက ပြည်တွင်းစိုက်ပျိုးထုတ် လုပ်မှု မြင့်မားပြီး လက်လီဈေးနှုန်းများ နိမ့်ကျမှု ဖြစ်စေနိုင်သဖြင့် ပဲမျိုးစုံတင်သွင်းမှုမှာ ယခင်နှစ်၌ တင်သွင်းခဲ့သော တန်ချိန် ၄၇ ဒသမ ၃၈ သိန်းမှ လျော့ကျလျက် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သိန်း ၄၀ မှ ၄၅ သိန်းအတွင်းသာ တင်သွင်းရဖွယ်ရှိကြောင်း အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲ သီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌ Bimal Kothari က ဩဂုတ်လ ၉ ရက်နေ့၌ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံကတ်ဘိနက်ဝန်ကြီးအဖွဲ့သည် အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနအား ခရီးသွားနည်းပါးသည့်ရာသီတွင် အွန်လိုင်းပရိုမိုးရှင်းနှင့် ပွဲများပြုလုပ်ရန်အတွက် ဘတ်ဂျက် ဘတ် ၄၄၃သန်းခွင့်ပြုခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့(TAT)က နိုင်ငံတကာဈေးကွက်ကို အလွန်မှီခိုနေရမှုကိုသက်သာစေရန်အတွက် ပြည်တွင်းခရီးသွားကဏ္ဍကို ၂၀%ထိတိုးမြှင့်ပြီး ယခုနှစ်တွင် ဘတ် ၁.၂ထရီလီယံရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။
ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ် Tran Luu Queng က ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဟောင်ကောင်တို့သည် အဓိကဧရိယာများဖြစ်သည့် စီးပွားရေးကုန်သွယ်မှု၊ ခရီးသွားကဏ္ဍ၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုကာကွယ်ရေးတို့တွင် ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုနက်ရှိုင်းပြီး အရည်အသွေးတိုးတက်စေရေးအတွက် ဇူလိုင်လ ၃၁ရက်နေ့မှ ဩဂုတ်လ ၂ရက်နေ့အထိ အလည်အပတ်ခရီးလာရောက်ခဲ့သည့် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲ John Lee Ka-chiu နှင့်ဆွေးနွေးမှုတွင် Quang က Lee ၏ခရီးစဉ်သည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကိုအရှိန်မြှင့်တင်ရန် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်
တောင်ကိုရီးယားနိုင်ငံတိရစ္ဆာန်နှင့် အပင်ရောဂါကာကွယ်တားဆီးရေးအေဂျင်စီ (APQA) က ဗီယက်နမ်နိုင်ငံထံမှ လတ်ဆက်သောကျွဲကောသီးများ တရားဝင်တင်သွင်းခွင့်ပြုကြောင်း ကြေညာခဲ့သည်ဟု ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာန(PPD)၏ အဆိုအရသိရပါသည်။ ထို့ကြောင့် ကျွဲကောသီးသည် နဂါးမောက်သီးနှင့် သရက်သီးတို့ပြီးလျှင် တောင်ကိုရီးယားနိုင်ငံသို့ပို့ခွင့်ရသည့် တတိယမြောက်အသီးဖြစ်လာပြီး ဗီယက်နမ်လယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ဝင်ရောက်ရန်အတွက် ကြီးမားသည့်အခွင့်အလမ်းတစ်ခုနှင့် သိသာထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင
ဗီယက်နမ်သစ်သီးအမျိုးအစားများစွာသည် အရှေ့မြောက်အာရှဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ၂၀၂၄ခုနှစ်အတွက် ရည်မှန်းချက်ဖြစ်သည့်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၇ဘီလီယံရရှိစေရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Deng Phue Nguyen ၏ပြောကြားချက်အရ ဇူလိုင်လကုန်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၈ဘီလီယံရရှိခဲ့ပြီး အဆိုပါပမာဏအနက် ၄၀% သည် ဒူးရင်းသီးတင်ပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အဆိုပါအောင်မြင်မှုသည် ဗီယက်နမ်စ
ဗီယက်နမ်နိုင်ငံ၏ သစ်လုပ်ငန်းနယ်ပယ်သည် ၂၀၂၄ခုနှစ်၏ပထမလများတွင် ပြန်လည်နာလံထူလာသည့်လက္ခဏာများပြသခဲ့ပြီး အကယ်၍ ထိုအပေါင်းလက္ခဏာဘောင်သည် လမ်းကြောင်းဆက်လက်ရရှိမည်ဆိုပါက ယခုနှစ်အတွက်ချမှတ်ထားသည့် တင်ပို့ရန်ရည်မှန်းချက်ပြည့်မီမည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံအကောက်ခွန်ဦးစီးဌာန၏အဆိုအရ ယခုနှစ်ပထမ ၇လတွင် ဗီယက်နမ်နိုင်ငံ၏ သစ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၇.၈) ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ အထူးသဖြင့် သစ်ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၆၉ဘီလီယံရရှီခဲ့ပြီး ၂၂% မြင့်တက်ခဲ့ကြောင်းသိရပါသည်။<
တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သည့် BYD သည် ဗီယက်နမ်နိုင်ငံအား ၎င်းတို့၏ အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဈေးကွက်တစ်ခုအဖြစ်ရွေးချယ်ထားကြောင်း BYD Auto Vietnem ၏ CEO ဖြစ်သူ Vo Minh Luc ကပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးမားဆုံးလျှပ်စစ်ကား ထုတ်လုပ်သူသည် ဗီယက်နမ်နိုင်ငံတွင် ၎င်းတို့၏ အဆင့်မြင့် လျှပ်စစ်ကားမော်ဒယ်များကို တရားဝင် မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်း ၎င်းတို့၏ မဟာဗျူဟာကို ကြေညာခဲ့သည်။ ဗီယက်နမ်သတင်းအေဂျင်စီနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် Luc က ကမ္ဘာ့အကြီးမားဆုံးစွမ်းအင်သစ်မော်တော်ယာဉ်ထုတ်လုပ်သူ BYD သည် ကျယ်ပြန့် သည့် နည်းပညာများကို ပိုင်ဆိုင်ထားပြီး န
ဆန်သည် ၂၀၂၄ ခုနှစ်၊ ပထမခြောက်လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မှု တန်ဖိုးအမြင့်ဆုံးသော ဗီယက်နမ်ထုတ်ကုန်ဖြစ်ခဲ့ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖြင့် ယမန်နှစ်အလားတူကာလကထက် ၄၁% မြင့်တက်ခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်သည် ဖိလစ်ပိုင်တွင် နှစ်ပေါင်းများစွာ ဈေးကွက်ကို ဦးဆောင်နေကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အချက်အလက်များအရ သိရသည်။