Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
20 Jan 2025

သီရိလင်္ကာနိုင်ငံ၌ ဆန်စပါးထုတ်လုပ်မှုကျဆင်းပြီး ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ပြည်ပမှ ဆန်ကိုတင်သွင်းခွင့်ပြုခဲ့ရာ သတ်မှတ် ကာလနောက်ဆုံးနေ့ရက်ဖြစ်သော ၁၀-၁-၂၀၂၅ နေ့ ကုန်ဆုံးချိန်၌ ဆန်ကြမ်းတန်ချိန် ၆၆၀၀၀ နှင့် ပေါင်းဆန် တန်ချိန် ၁၀၁၀၀၀ တို့အပါအဝင် ဆန်မက်ထရစ်တန်ချိန် ၁၆၇၀၀၀ ကျော်ကို တင်သွင်း ခဲ့ကြောင်း အကောက်ခွန်ဌာနမှ ပြောကြားခဲ့သည်။

20 Jan 2025

ကမ္ဘောဒီးယားနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ပြောရေးဆို ခွင့်ရှိသူ Im Rachna က ဖနွမ်းပင်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၅၀ ခန့်အကွာ Kratie ပြည်နယ်ရှိ တောင်သူများသို့ သွားရောက်တွေ့ဆုံစဉ်၌ လာမည့်စိုက်ပျိုးရာသီတွင် ပြည်ပ စပါးမျိုး များအစား ကမ္ဘောဒီးယား၏ Sen Kra Ob (SKO) စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးကြရန် တိုက်တွန်း အကြံပြုခဲ့ပါသည်။

20 Jan 2025

ပါကစ္စတန်နိုင်ငံထံမှ Atap rice ခေါ် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို အစိုးရချင်း ညှိနှိုင်းမှုဖြင့် တင်သွင်းရန်အတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား  လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း ဘင်္ဂလားဒေ့ရှ် The Financial Express သတင်းဌာနက ဖော်ပြထားသည်။

20 Jan 2025

ကျူးဘားနိုင်ငံတွင် ၁၉၅၉ ခုနှစ်နောက်ပိုင်း၌ ပထမဆုံးအကြိမ် နိုင်ငံခြားသားပိုင်လုပ်ငန်း သို့ စိုက်ပျိုးရေးလုပ်ကိုင်ရန် မြေယာအသုံးချခွင့်ပေးအပ်မှုအဖြစ် ဗီယက်နမ်ကုမ္ပဏီ တစ်ခုသည် Pinar del Río ပြည်နယ်တောင်ပိုင်းတွင် မြေဧရိယာ ၃၀၈ ဟက်တာ (၇၅၁ ဧကခန့်) ကို ကနဦး လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု ကျူးဘားအစိုးရပိုင် Granma သတင်းဌာနက ဇန်နဝါရီ ၈ ရက်နေ့၌ ဖော်ပြပါသည်။

16 Jan 2025

             ဗီယက်နမ်၏သစ်သီးနှင့်ဟင်းသီးဟင်းရွက်လုပ်ငန်းသည် ၂၀၃၀ ပြည့်နှစ်တွင် တင်ပို့ရာမှ တစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန်ရည်မှန်းထားကြောင်း ဗီယက်နမ် နိုင်ငံသစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏ အဆိုအရသိရပါသည်။ ၂၀၂၃ ခုနှစ်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံရရှိခဲ့ပြီး ၃.၄ ဘီလီယံ ရရှိခဲ့သည့် ၂၀၂၂ ကထက် ၆၇ ရာခိုင်နှုန်းကြီးထွားခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားမှုကို ၂၀၂၄ ခုနှစ်ထိ ဆက်လက်သယ်ဆောင်နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံရရှိခဲ့ကြောင်း အသင်း၏ဥက္ကဌဖြစ်သူ Nguyen Thanh Binh ကဟိုချီမင်းမြို့တော်တွင် ဇန်နဝါရီလ ၆ ရက်နေ

16 Jan 2025

             ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၄ ခုနှစ်တွင် စီမံကိန်းသစ် ၁၆၄ ခုနှင့် လက်ရှိ တည်ရှိပြီး စီမံကိန်း ၂၆ ခု၌ အမေရိကန်ဒေါ်လာ ၆၆၄.၈ သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး တန်ဖိုးတွင် ၂၀၂၃ ခုနှစ်ကထက် ၅၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ပြည်ပရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ အဆိုအရသိရပါသည်။  စီမံကိန်းကြီးများမပါဝင်မှုကြောင့် ထို ပမာဏသည် ကိုဗစ်မတိုင်မီကာလထက် နည်းပါးသော်လည်း ပြည်ပဈေးကွက်များတွင် ယုံကြည်မှုပြန်ရှိလာသည့် လက္ခဏာကိုပြသနေကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုများသည် ကဏ္ဍ ၁၆ ခုတွင်ပါဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံမှုအများ

16 Jan 2025

              တင်ပို့သည့်ပမာဏတွင် ၅.၁ ရာခိုင်နှုန်းလျော့ကျခဲ့သော်လည်းတန်ဖိုးတွင် ၄၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါး ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ၏အဆိုအရ သိရပါသည်။ ဒီဇင်ဘာလတစ်လတည်းတွင် ငရုတ်ကောင်းအမည်းတန်ချိန် ၁၂၇၇၁ နှင့်ငရုတ်ကောင်းအဖြူတန်ချိန် ၂၄၉၄ တန်ပါဝင်သော ငရုတ်ကောင်းစုစုပေါင်း တန်ချိန် ၁၅၂၆၅ တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀၀.၆ သန်းရရှိခဲ့ကြောင်းသိရပါသည်။ နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၄.၃ ရာခိုင်နှု

16 Jan 2025

               ရုရှားနိုင်ငံတစ်ဝှမ်း ခရီးသွားအခွန်အသစ်သည် ဗုဒ္ဓဟူးနေ့တွင် အကျုံးဝင်ပြီး ယခင်အပန်း ဖြေစခန်းကြေးကို အစားထိုးလိုက်ကြောင်း RIA Novosti သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဟိုတယ်များနှင့် အခြားတည်းခိုခန်းများတွင် တည်းခိုသည့် ခရီးသွားများသည် ၎င်းတို့၏ တည်းခိုစရိတ်၏ နောက်ထပ် ၁ ရာခိုင်နှုန်းအား ပေး‌ဆောင်ရမည်ဖြစ်ပြီး ဒေသတွင်းခရီးသွားလာရေး အခြေခံအဆောက်အအုံများ အားကောင်းလာစေရန် အဆင့်လိုက်အစီအစဉ်တစ်ခုအဖြစ် စတင်လိုက်ခြင်း ဖြစ်ကြောင်းသိရ သည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်အရ အခွန်ကို ဒေသဆိုင်ရာစည်းကြပ်မှုအဖြစ် အကောင်အထည်

16 Jan 2025

            အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ဇန်နဝါရီ ၂၀ ရက်ရာထူးလက်ခံမည့် ရက်မတိုင်မီ ရက်ပိုင်းအလိုတွင် Emirati developer တစ်ခုထံမှ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း တွင် ဒေတာစင်တာများ တည်ဆောက်ရန်အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။ ဖလော်ရီဒါပြည်နယ် Palm Beach ရှိ သူ၏ Mar-a-Lago အိမ်ရာ၌ကျင်းပသောသတင်းစာရှင်းလင်းပွဲတစ်ခုတွင် Trump က ရင်းနှီးမြှုပ်နှံသူမှာ DAMAC အိမ်ခြံမြေ၏ ဥက္ကဋ္ဌဖြစ်သည့် Emirati ဘီလီယံနာ Hussain Sajwani ဖြစ်သည်ဟု သတင်း ထောက်များအား ပြောကြားခဲ့သည်။ United Arab Emirates (UAE) ဒူဘိုင်းအခြေစိုက် DAMAC အိမ်ခြံမြေမ

16 Jan 2025

             အိန္ဒိယနိုင်ငံတွင် ၎င်း၏ဥာဏ်ရည်တု (AI) နှင့် cloud ဝန်ဆောင်မှုများကို တိုးချဲ့ရန် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို Microsoft က ဇန်နဝါရီ ၇ ရက်တွင် ကြေညာခဲ့သည်။ အိန္ဒိယရှိ ထိပ်တန်း cloud နှင့် AI ပံ့ပိုးပေးသူများထဲမှ တစ်ခုအပါအဝင်ဖြစ်‌သော Microsoft သည် India ရှိ datacenter ဒေသ ၃ ခုတွင် လုပ်ငန်းများ လည်ပတ်နေပြီး ၎င်း၏ စတုတ္ထမြောက်‌ဒေသအား လာမည့်နှစ်တွင် လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက် ပြင်ဆင်နေကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ India ၏ AI startup များနှင့် သုတေသန အသိုက်အဝန်းကို ဝန်ဆောင်မှုပေးရန်အတွက် အရွယ်အစားကြီးမားသော AI ကွန်ပျူတာဂေ

16 Jan 2025

           စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF)၊ ဝန်ကြီး Dith Tina မှ ကမ္ဘောဒီးယားပီလောပီနံအသင်းချုပ် (CFC) အား ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ ဈေးနှုန်းကျဆင်းမှုကာကွယ်ရန်၊ ပီလောပီနံခြောက်တင်ပိုရန်နှင့် လက်ဆက်သောပီလောပီနံတို့ကို ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဦးစားပေးလုပ်ဆောင်ရန်အတွက် မဟာဗျူဟာအစီအစဉ် တစ်ခုကိုချမှတ်ရန်အတွက် ၆-၁-၂၀၂၅ ရက်နေ့က တောင်းဆိုခဲ့သည်။ (CFC) ဥက္ကဋ္ဌ Chary Son နှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် လုပ်ငန်းတိုးတက်မှုဆိုင်ရာ အချက်အလက် များကိုပြောကြားခဲ့သည်။ Dith Tina က  ဈေးကွက်အရွယ်အစားကိုရှင်းလင်းစွာနားလည်စေရန် ပူးပေါင်းဆေ

Pages