Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
02 Sep 2024

    အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် လာမည့်နှစ်အစောပိုင်းတွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းကိုရောနှော၍ ဇီဝဒီဇယ်ဆီ(B50) အစီအစဉ်အား မဖြစ်မနေ အကောင် အထည်ဖော်ရန် မျှော်လင့်ထားပြီး လောင်စာဆီတင်သွင်းမှုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ (ရင်းဂစ် ၈၆.၉၅ ဘီလီယံ) လျှော့ချနိုင်မည်ဖြစ်ကြောင်း  The Edge Malaysia သတင်း ဌာနက ဖော်ပြပါသည်။

02 Sep 2024

    ဂျပန်နိုင်ငံ၌ ယခုနှစ်ရိတ်သိမ်းထွက်ရှိမှုဖြင့် ဆန်ရောင်းလိုအားမှာ ပြန်လည်တိုးတက်လာမည်ဖြစ်၍ ဈေးဝယ်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့် ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် စိုက်ပျိုးရေးဝန်ကြီးက တိုက်တွန်းပြောဆိုထားကြောင်း၊ ယခုဖြစ်စဉ်သည် ဆန်ပြတ်လပ်မှုကြောင့် စတိုးဆိုင်များတွင် ဆန်ဝယ်ယူရရှိရန် ခက်ခဲနေသည်ဟု  စားသုံးသူများက သတင်းပေးပို့မှုအရ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

02 Sep 2024

     အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူ မက်ထရစ်တန် ၃၅၀,၀၀၀ ဝယ်ယူရန်အတွက် ယခုနှစ်အတွင်း ၎င်း၏ သတ္တမအကြိမ် မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို သြဂုတ်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

02 Sep 2024

    စားအုန်းဆီ ထိပ်တန်းထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ရောင်းလိုအားလျော့ကျမည့် အလားအလာများ ရှိနေသော်လည်း ကမ္ဘာ့စားအုန်းဆီ ထိပ်တန်းဝယ်ယူသူဖြစ်သော အိန္ဒိယနိုင်ငံ သည် ပိုမိုမြင့်မားသော သွင်းကုန်အခွန် စည်းကြပ်ကောက်ခံမည့် အခြေအနေရှိခြင်းက မလေးရှား ဈေးကွက်၌ ဩဂုတ်လ ၂၈ ရက်နေ့ ဈေးကွက်ပိတ်သိမ်းချိန်တွင် စားအုန်းဆီကြိုရောင်းဈေးနှုန်းများ ကို ကျဆင်းစေခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

02 Sep 2024

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် အမျိုးမျိုးသော ရာသီဥတုပြဿနာများကို ဆက်လက် တွေ့ကြုံနေရသဖြင့် နိုင်ငံ၏ တစ်နှစ်ပတ်လုံး စပါးထွက်ရှိမှုသည် ယခင်နှစ်က စံချိန်တင်ခဲ့သော တန်ချိန် ၂၀.၀၆ သန်းနှင့် ကိုက်ညီသည့် ပမာဏသည်သာ အကောင်းဆုံးအဆင့်ဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးအရာရှိ တစ်ဦးက ပြောကြားခဲ့ပါသည်။

02 Sep 2024

   ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်ဆန်စွာအကောင်အထည်ဖော်ရေး ၂၂-၈-၂၀၂၄ ရက်နေ့၊ ကြာသပတေးနေ့တွင် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြောင်း သိရှိရသည်။

02 Sep 2024

     ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မှုနှင့်အတူ မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်ခြင်းက အနည်းဆုံး ခရိုင် ၁၂ ခု၌ စိုက်ပျိုးထားရှိသော မိုးကြိုစပါးများ၊ မိုးစပါးများ၊ မိုးစပါးပျိုးခင်းများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ကြီးမားစွာ ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း The Business Standard သတင်းဌာနက ဖော်ပြပါသည်။

30 Aug 2024

    ဂျပန်နိုင်ငံ၏ ရေခဲမုန့်များအား ပြည်ပမှ ဝယ်လိုအား မြင့်တက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် ရေခဲမုန့်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၂၃.၅% တိုးမြှင့်လာခဲ့ပြီး ယန်း ၈ ဘီလီယံ အထိစံချိန်တင်မြင့်မားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းဇယား အရ သိရသည်။ ပမာဏအားဖြင့် ၁၀၁၃၈ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၁၉.၈% တိုးတက်ခဲ့ သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းပို့ကုန်များတဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

28 Aug 2024

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပါကစ္စတန်၏ ပြည်တွင်း ပို့ကုန်သည် ၈.၉၀% သိသိသာသာတိုးတက်လာပြီး နိုင်ငံ၏ ကုန်သွယ်မှုစွမ်းဆောင်ရည်တွင် အပြုသဘောဆောင် လမ်းကြောင်းကို ရောင်ပြန်ဟပ်စေခဲ့သည်။

28 Aug 2024

      တူရကီနိုင်ငံသည် များစွာသော စီမံကိန်းများနှင့် ထုတ်လုပ်ရေးပရိုဂရမ်များအား လတ်တလောနှစ်များအတွင်း အကောင်အထည်ဖော်နိုင်ခဲ့သည့်ကျေးဇူးနှင့် များစွာသော နိုင်ငံတကာ ကားထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ခဲ့သောကြောင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ အတွက် ဆွဲဆောင်ချက်ဗဟိုဖြစ်လာကြောင်း သိရပါသည်။ တူရကီသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်တွင် များစွာသော စက်ရုံများကို တည်ထောင်ရာတွင် တက်ကြွစွာ ဆောင်ရွက်နေခြင်း၊ နိုင်ငံ၏ ပထဝီမြေနေရာအရေးသာမှုနှင့် ၎င်းတို့၏ ငယ်ရွယ်ပြီး အရည်အသွေး ရှိသော လုပ်သားထုတို့သည် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကြီးများက တူရကီအား သုတေသန နှင့် ဖွံ့ဖြိုးတို

28 Aug 2024

     တန်ဇနီးယားရင်းနှီးမြှုပ်နှံမှုစင်တာ(TIC)က ယခုနှစ်၏ ပထမ ၇ လတာကာလတွင် တန်ဇနီးယား၌ မှတ်ပုံတင်ခဲ့သော စီမံကိန်း ၄၉၀ ခုရှိပြီး တန်ဖိုးအမေရိကန်‌ဒေါ်လာ ၄ ဘီလီယံခန့် ရှိကြောင်း ပြောကြားခဲ့ပါသည်။ TIC ၏ အဆိုအရ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၉၀ ခု မှတ်ပုံတင်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ထိပ်ဆုံးတွင် ဦးဆောင်နေကာ အလုပ်အကိုင် ၁၆၃၃၅၆ ကို ဖန်တီးပေးထားကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်း ၂၆၇ ခုရှိပြီး အလုပ်အကိုင် ၃၉၂၃၀ ကို ခန့်အပ်ထားနိုင်သည့်အတွက် သိသာစွာမြင့်တက်လာခဲ့ကြောင်း သိရပါသည်။ စီမံ

28 Aug 2024

      မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar သည် အိန္ဒိယနိုင်ငံသို့ ၃ ရက်တာ တရားဝင် အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၄.၅ ဘီလီယံခန့်သည် မလေးရှားနိုင်ငံ၏ ကဏ္ဍပေါင်းစုံနှင့် ကုမ္ပဏီများထံ ဝင်ရောက်လာမည်ဟု သိရပါသည်။  မလေးရှားနိုင်ငံသည် စားအုန်းဆီ၊ စားအုန်းဆီအခြေခံထုတ်ကုန်များ၊ ဓာတုပစ္စည်းများနှင့် ဓာတုထုတ်ကုန်များ၊ ရေနံဆီနှင့်ဓာတ်ငွေ့၊ လေယာဉ်အပိုပစ္စည်းကဏ္ဍတို့တွင် ရင်းဂစ် ၈ ဘီလီယံတန်ဖိုးရှိသည့် အလားအလာရှိသော ကုန်သွယ်ရေးကိုရရှိခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် မလေးရှားနှင့်အိန္ဒိယကြား စုစုပေါင်

Pages