ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံအစိုးရသည် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကားများအတွက် မှတ်ပုံတင်ကြေးအား ၅၀ရာခိုင်နှုန်းယာယီဖြတ်တောက်ပေးမည်ဟု ဩဂုတ်လ ၃၀ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရပါသည်။ အဆိုပါမူဝါဒသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့မှ နိုဝင်ဘာလ ၃၀ရက်နေ့အထိ သက်ရောက်မည်ဖြစ်ပြီး ထိုကာလပြီးဆုံးပါက ပုံမှန်ပေးသွင်းရသည့်ပမာဏကို ပေးဆောင်ရမည်ဟုသိရပါသည်။ အဆိုပါမူဝါဒသည် ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် အစီးရေ ၆၇၈၄၉စီးသာရောင်းချခဲ့ရသည့် သိသာစွာရောင်းအားကျဆင်းခဲ့သော ပြည်တွင်းကားဈေးကွက်ကိုလှုံ့ဆော်ရန် ရည်ရွယ်ကြောင်းသိရပါသည်။ ထိုဖြတ်တောက်မှုသည် ပြည်တွင်းမော်ဒယ်များထက် စွမ်းဆောင်ရည်သာလွန်သည့် တင်သွင်းထားသော မော်တ
ဗီယက်နမ်စတီးလ်လုပ်ငန်းသည် ပြည်တွင်းဈေးကွက်ကို လွှမ်းခြုံလာသည့် ပြည်ပပြိုင်ဘက်များ အထူးသဖြင့် တရုတ်နိုင်ငံမှတင်သွင်းလာသည့် စတီးလ်ထုတ်ကုန်များ၏ ပြင်းထန်သည့် ယှဉ်ပြိုင်မှုနှင့်ရင်ဆိုင်နေရကြောင်းသိရပါသည်။ လုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များက လက်ငင်းတုံ့ပြန်ဆောင်ရွက်မှုမရှိပါက ပြည်တွင်းထုတ်လုပ်သူများ အကြပ်အတည်းနှင့်ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံစတီးလုပ်ငန်းအသင်း (VSA)၏ အဆို အရ နှစ်စဉ် ပြည်တွင်းစတီးလ်ထုတ်လုပ်နိုင်စွမ်းသည် စတီးလ်အရိုင်း ၂၃သန်းနှင့် စတီးလ်ထုတ်ကုန်အချော ၃၈.၆သန်းရှိကြောင်းသိရပါသည်။ ယခုနှစ်တွင် စတီးလ်ထုတ်ကုန်အချောထုတ်လုပ်မှု သန်း၃၀နှ
မကြာသေးမီက ပြန်လည်ဖွင့်လှစ်ထားသော တရုတ်ဈေးကွက်အတွင်းသို့ ကင်ညာမှ ထောပတ်သီးတင်ပို့မှုပမာဏသည် ယခုနှစ်တွင် ၈၀% ကျဆင်းသွားခဲ့ပြီး တင်ပို့သူများသည် အမြတ်များစွာရရှိနိုင်မည့် ဥရောပနှင့် မြောက်အမေရိကဈေးကွက်များသို့ ဦးစားပေးတင်ပို့နိုင်ရန် မျက်စိကျလျက်ရှိသည်။
Geely, Chery နှင့် JAC တို့သည် မြောက်အာဖရိကတွင် ၎င်း၏တည်ရှိမှုကိုခိုင်မာစေရန် အယ်ဂျီးရီးယားတွင် ကားထုတ်လုပ်ဖြန့်ချိသွားမည်ဖြစ်သည်။ ၎င်းအချက်အလက်အား အယ်ဂျီးရီးယားဆိုင်ရာ တရုတ်သံအမှတ် Li Jian က ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၂၃ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော အယ်လ်ဂျီးရီးယား၏ သွင်းကုန်ကန့်သတ်ချက်အပေါ် တရုတ်ကားထုတ်လုပ်သူများ၏ တုံ့ပြန်မှုတစ်ရပ်ဖြစ်ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး (အနောက်)နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံကို ယခုနှစ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာနိုင်ကြောင်း သိရပါသည်။ မိုးနှမ်းစိုက်တောင်သူများအနေဖြင့် မိုးကြိုနှမ်းအား မေလတွင် စတင်စိုက်ပျိုးပြီး ၂လခွဲခန့်ကြပါက စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည်။ စမုံနက်နှမ်းမျိုးကို စိုက်ပျိုးမှုများလာပြီး ယခုနှစ်မျိုးနှမ်း (၁) ပြည်လျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး တစ်ဧကအတွက် မျိုးနှမ်း(၃)ပြည် အသုံးပြုရပါသည်။ ယခုနှစ် မိုးနှမ်းတစ်ဧက စိုက်ပျိုးစရိတ်အနေဖြင့် (မျိုးဖိုး၊ ထယ်ထိုးခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ) အပါအဝင် စုစုပေါင်း ကု
ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ၂၀၂၅ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရောက်ရှိရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Noppadon Kuntamas က ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အောက်တွင် နှစ်နိုင်ငံလုံးသည် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ခေါင်းဆောင်များက လုပ်ပိုင်ခွင့်ပေးထားသည့် အကောင်အထည်ဖော်ရန် ကျန်ရှိ
ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်း ၃၉၁ ခုကို ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရှိှိရသည်။ ရင်းနှီးမှုအများစုသည် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများထံမှဖြစ်ကြောင်း သိရှိှိရသည်။ CDC ၏ ဒုတိယဥက္ကဌဖြစ်သူ Sun Chanthol ၏ အဆိုအရ စီမံကိန်း ၃၉၁ ခုသည် အလုပ်အကိုင်အသစ် ၃၄၀၀၀၀ ကို ဖန်တီးနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ယခင်အစိုးရ၏ နောက်ဆုံး ၁၂ လနှင့်နှိုင်းယှဉ်ပါက စီ
တောင်ကိုရီးယားနိုင်ငံ၊ စိုက်ပျိူးမွေးမြူရေး၊ အစားအသောက်နှင့် ကျေးလက်ရေးရာဝန်ကြီးဌာန(MAFRA)သည် ကိုရီးယားကုမ္ပဏီ ၁၅ ခုမှ ကိုယ်စားလှယ်အဖွဲ့အား ၎င်းတို့၏လယ်ယာသုံး စက်ပစ္စည်းများ ဗီယက်နမ်သို့တင်ပို့ခွင့်ရရန်အတွက် ကြေညာမိတ်ဆက်ရန် ဩဂုတ်လ ၂၆ မှ ၃၁ ရက်နေ့အထိ ဗီယက်နမ်သို့ စေလွှတ်သွားမည်ဟု သိရပါသည်။ MAFRA ၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်သည် တောင်ကိုရီးယား လယ်ယာသုံးစက်ပစ္စည်းများနှင့် တပ်ဆင်ပစ္စည်းများတင်ပို့ရာ အရေးပါသော ဈေးကွက်တစ်ခုအဖြစ်ပေါ်ထွက်လာပြီး ၂၀၂၃ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံတန်ဖိုးရှိသည့် လယ်ယာသုံးစက်ပစ္စည်းများအား တောင်ကိုရီးယားထံမှ တင်သွင်းခဲ့ကြောင်း သိရပါသည်။
တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန(MOC)သည် ဗီယက်နမ်-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်ရန်နှင့် အဆင့်မြှင့်တင်ရန် စီမံချက်များချမှတ်သွား မည်ဖြစ်ကြောင်း ဌာန၏ပြောခွင့်ရပုဂ္ဂိုလ် Ha Yadong က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ He က လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံကြားကုန်သွယ်ရေးသည် လျင်မြန်စွာ ကြီးထွားခဲ့ပြီး အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးသည်လည်း စံချိန်တင်ရလဒ် ထွက်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ He ၏ အဆိုအရ တရုတ်သည် လတ်တလောတွင် ဗီယက်နမ်၏အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် ဗီယက်နမ်လယ်ယာထွက်ကုန်များတင်ပို
လွန်ခဲ့သည့်(၁၀)စုနှစ်တာကာလတွင် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတန်ဖိုးများ မြင့်တက်လာသော်လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Rento Marsudi က အင်ဒိုနီးရှား သည် တရုတ်ထံမှ အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ပါသည်။ Marsudi က ၎င်းတို့သည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုနှင့် အုပ်ချုပ်မှု စည်းကမ်းများကို လေးစားမှုရှိသည့် အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ထံမှ အလိုရှိကြောင်း ၂၃-၈-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရှိှိရသည်။ Marsudi က အဆိုပါ မှတ်ချက်ကို ဘေဂျင်း၌ကျင်းပသော (၅)ကြိမ်မြောက် အင်ဒိုနီးရှား-တရ
Cloudနည်းပညာနှင့် ဒေတာစင်တာဝယ်လိုအားတိုးလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ hard disk ထုတ်လုပ်မှုကို တိုးချဲ့ရန်အတွက် Western Digital ၏ ဘတ်၂၃.၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၆၉၃ သန်း) စီမံကိန်းကို ထိုင်းနိုင်ငံမှအတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံ မှုဘုတ်အဖွဲ့ (BOI) က သြဂုတ်လ ၂၆ ရက်(တနင်္လာနေ့)က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံစီးပွားရေးကို တစ်နှစ်လျှင် ဘတ် ၂၀၀ ဘီလီယံတန်သော ပို့ကုန်များနှင့် အလုပ်အကိုင်ပေါင်း ၁၀၀၀၀ အပိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း (BIO)က ဆိုသည်။
တတိယအကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်မြို့တော် Hongzhou တွင် ၂၀၂၄စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အိကျင်းပမည်ဖြစ်ပြီး ကာဇက်စတန်နှင့် ထိုင်းနိုင်ငံတို့မှ ဂုဏ်ပြုဧည့်သည်များ ပါဝင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါကုန်စည်ပြပွဲသည်ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန်နှင့် ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရန် ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်မှု အရင်းအမြစ်များကိုအသုံးချရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူး Deng Bo က (၂၄.၈