Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Sep 2024

     လျှပ်စစ်ဓာတ်အားလိုင်းအား ရုရှား၏တိုက်ခိုက်မှုကြောင့် ယူကရိန်းသို့ အီးယူမှ လျှပ်စစ်ဓာတ်အားတင်ပို့မှု သိသိသာသာ တိုးလာခဲ့ပြီး အရှေ့ဥရောပတွင် ဈေးနှုန်းများ သိသိသာသာဖြင့် မြင့်တက်လာခဲ့သောကြောင့် ဂရိဝန်ကြီးချုပ်ကသတိပေးခဲ့သည်။

19 Sep 2024

    ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာမှုတွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ၂၀၂၃ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီးယခုနှစ်ပထမ (၆) လတွင် အမေရိကန်ဒေါ်လာ ၅၈၀ သန်း နီးပါးအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ အကျော်ထိရှိလာနိုင်ဟု ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ကပြောကြားသည်။ ကမ္ဘောဒီးယား သံအမတ် Santo  က အင်ဒိုနီးရှားသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသည့် တိုးပွားလာသောစီးပွားရေးကိုပူးပေါင်းဆောင်ရွက်မှုကို သက်သေ

18 Sep 2024

         မော်လဒိုက်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ဖြစ်သူ Trinh Thi Tam က ၎င်း၏သံအမတ်ခန့်အပ်လွှာကို မော်လဒိုက်သမ္မတ Mohamed Muzzu ကိုပေးအပ်သည့် စက်တင်ဘာလ ၁၀ရက်နေ့တွင် ဗီယက်နမ်-မော်လဒိုက်ကြား များစွာသောစီးပွားရေးနယ်ပယ်တို့တွင် ချိတ်ဆက်မှုအရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ဆွေးနွေးကျင်းပခဲ့ကြောင်းသိရပါသည်။ သီရိလင်္ကာနှင့် မော်လဒိုက်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် မော်လဒိုက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MEDT) တို့ကပူးပေါင်းဆောင်ရွက်ကျင်းပသည့် အခမ်းအနားသည် နှစ်ဦးနှစ်ဦးနှစ်ဖက်ဆက်နွှယ်မှုပိုမိုနက်ရှိုင်းရန် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်းသိရပါသည

18 Sep 2024

       အဘူဒါဘီ အိမ်ရှေ့မင်းသား Sheikh Khaled Bin Mohamed Bin Zayed AI Nahyan သည် အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိလာကာ မွန်ဘိုင်းတွင် အင်္ဂါနေ့က ကျင်းပသည့် စီးပွားရေးအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်ရည်ရွယ်သည့် အရေးကြီးသော သဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

18 Sep 2024

         အင်ဒိုနီးရှားမှ မကြာသေးမီက ကျင်းပခဲ့သော လေလံပွဲ၌ လေလံဆွဲသူများသည် ၎င်းတို့၏ မြင့်မားသောဈေးနှုန်းများကို လျှော့ချခဲ့ကြခြင်းကြောင့် ထိုင်းဆန်ဈေးသည် တစ်နှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ပြီး အိန္ဒိယဆန်တင်ပို့မှုမှာလည်း ယခုသီတင်းပတ်အတွင်း အရှုံးပေါ်ခဲ့ပြီး ရှစ်လတာကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့သည်။

      အိန္ဒိယဆန်ကွဲ ၅% သည် ယခုသီတင်းပတ်တွင် တစ်တန်လျှင် ကန်ဒေါ်လာ၅၃၄ဖြင့် ဇန်နဝါရီလလယ်ကတည်းက အနိမ့်ဆုံးအနေအထားတွင်ရှိနေခဲ့ပြီး အစောပိုင်းက ကန်ဒေါ်လာ၅၄၀မှ ကျဆင်းခဲ့ခြင်းဖြစ်သည်။

18 Sep 2024

       ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ဆန်တင်သွင်းမှုသည် ယခုနှစ် ပထမ ၈လအတွင်း မတ်ထရစ်တန်ချိန် ၂.၈သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၁၉% ပိုမိုများပြားခဲ့ကြောင်း နိုင်ငံ၏ စိုက်ပျိုးရေးဌာန DA ၏ အချက်အလက်များအရသိရသည်။

16 Sep 2024

        အစားအသောက်နှင့် အဖျော်ယမကာကုမ္ပဏီ Food Empire သည် ဗီယက်နမ်ရှိ အေးခဲ အခြောက်ခံထားသော အသင့်သောက်ကော်ဖီထုတ်လုပ်သည့်စက်ရုံသစ်တစ်ခုတွင် အမေရိကန် ဒေါ်လာသန်း ၈၀ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

          အဆိုပါစက်ရုံသည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Binh Dinh ခရိုင်တွင်တည်ရှိပြီး Food Empire ၏ ဒုတိယမြောက်ကော်ဖီထုတ်လုပ်သည့်စက်ရုံဖြစ်လာမည်ဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် ၎င်း၏ပါဝင်ပစ္စည်းများလုပ်ငန်းကို ကြီးထွားလာစေရန်အတွက် ကွဲပြားသောမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ဗုဒ္ဓဟူးနေ့(စက်တင်ဘာလ ၁၁ ရက်)တွင် ပြောကြား ခဲ့သည်။

16 Sep 2024

          ပြည်တွင်းစက်မှုလုပ်ငန်းကိုကာကွယ်ရန်နှင့် မြှင့်တင်ရန်အတွက် အိန္ဒိယသည် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းလာသော သံမဏိထုတ်ကုန်အချို့အပေါ် အခွန်အခ ၁၂ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား စည်းကြပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ခဲ့သည်။

          ကမ္ဘာ့အကြီးဆုံး သံမဏိထုတ်လုပ်သည့် တရုတ်နိုင်ငံနှင့် ဗီယက်နမ်တို့ကတင်ပို့သော သံမဏိပိုက်များနှင့်ပြွန်များကို လာမည့်ငါးနှစ်အထိ အခွန်ကောက်ခံမည်ဖြစ်ကြောင်း နယူးဒေလီမှ စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်သည့်အမိန့်တွင် ဖော်ပြထားကြောင်း သိရသည်။

16 Sep 2024

          ထိုင်းနိုင်ငံရှိ ငှက်ပျောသီးစိုက်တောင်သူများ၏ ပြောကြားချက်အရ ငှက်ပျောသီးများ၏ ဝယ်လိုအားများမြင့်တက်လာကာ ဈေးနှုန်းများမှာလည်း တသမတ်တည်းမြင့်တက်လျက်ရှိကြောင်း သိရသည်။ Phatthalung ပြည်နယ် Bang Kaew ခရိုင်ရှိ ငှက်ပျောသီးများစိုက်ပျိုးရေးနှင့် ဘေးကင်းရေးကို အဓိကထားလုပ်ဆောင်သည့်အဖွဲ့အား ဦးဆောင်သူ Somchai Nunual  က တစ်ကီလိုလျင် ၁၅ ဘတ်မှ ၃၀ ဘတ်အထိ ဈေးတက်လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ယခုကဲ့သို့ ဈေးနှုန်းများတိုးလာရခြင်းမှာ လူကြိုက်များလာမှုနှင့် မိုးရွာသွန်းမှုနည်းပါးလာခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။

16 Sep 2024

     လွန်ခဲ့သောလများအတွင်း နိုင်ငံခြားကုန်သွယ်မှု စံချိန်တင်မြင့်တက်လာမှုနှင့်အတူ လက်ကျန်လများတွင်လည်း ထိုအရှိန်ကို ဆက်လက်ထိန်းထားနိုင်ပါက ဗီယက်နမ်၏ ယခုနှစ် အပြန်အလှန်ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်က တင်ရှိထားသည့် အမေရိကန်ဒေါ်လာ ၇၃၂ ဘီလီယံစံချိန်ကို ချိုးဖြတ်နိုင်ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်လတွင် ပို့ကုန်သွင်းကုန်ပမာဏ သည် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံကျော်ခဲ့ကြောင်း သိရပါသည်။ သီးခြားအနေဖြင့် ဇူလိုင်လ တွင် ခန့်မှန်းအမေရိကန်ဒေါ်လာ ၇၀.၁၁ ဘီလီယံနှင့် ဩဂုတ်လတွင် အမေရိကန်‌ဒေါ်လာ ၇၀.၆၅ ဘီလီယံဖြစ်ကြောင်း သိရပါသည်။ ၂၀၂၂ ခုနှစ်တွင် ကုန်သွယ်မှုပမာဏသည် စံချိန်တင် အမေရိကန်‌ဒေါ်လာ ၇၃၂ ဘ

16 Sep 2024

    ဗီယက်နမ်စီးပွားရေးလုပ်ငန်း ၁၅ ခုမှ ပရိဘောဂထုတ်ကုန်များအား UK ၏ ဘာမင်ဂမ်မြို့ တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Source Garden Fair တွင် မိတ်ဆက်ပြသခဲ့သည်ဟု သိရပါသည်။ ယခုအကြိမ်သည် UK ၏ အကြီးမားဆုံး ဥယျာဉ်နှင့် အပြင်ပန်းအလှဆင်ပရိဘောဂကုန်စည်ပြပွဲတွင် ဗီယက်နမ်၏ ပထမဆုံးပါဝင်ဆင်နွှဲမှုဖြစ်ပြီး လက်ကား‌ရောင်းချသူများ၊ လက်လီရောင်းချသူများနှင့် သုံးစွဲသူများ၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်း သိရပါသည်။  ပွဲတော်တွင် ဥယျာဉ်အလှဆင်ပရိဘောဂ၊ လက်မှုပညာထုတ်ကုန်များနှင့် အလှဆင်နည်းပညာများကို ပြသသည့် ကုမ္ပဏီပေါင်း ၇၀၀ မှ ၈၀၀ ကြား ပါဝင်ပြသခဲ့ပြီး UK နှင့်ဥရောပမှ ဝယ်ယူသူ

16 Sep 2024

       ဖိလစ်ပိုင်ပြည်တွင်းစားအုန်းဆီလုပ်ငန်းနယ်ပယ်သည် ဥရောပသမဂ္ဂ‌ဈေးကွက်တွင် ကြီးထွားရန်တောက်ပသည့် အလားအလာပိုင်ဆိုင်ထားကြောင်း ထိပ်တန်းရင်းနှီးမြှုပ်နှံသူများ၏ ပြောကြားချက်အရ သိရပါသည်။ Davao မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံ‌တော်စားအုန်းဆီကွန်ဂရက်တွင် ထိပ်တန်းဟင်းသီးဟင်းရွက်ဆီထုတ်လုပ်သည့် Aves Merchents Philippines Ine(AMPI) က ပြည်တွင်းစားအုန်းဆီထုတ်လုပ်မှုတွင် သိသာသည့်တိုးတက်မှုရှိကြောင်းနှင့် ဆက် လက်ကြီးထွားရန် အလားအလာပြသနေကြောင်း ပြောကြားခဲ့ပါသည်။ AMPI ၏ မန်နေဂျင်း ဒါရိုက်တာ Jose Leonardo Tanada က ဥရောပသမဂ္ဂတွင် ပြည်တွင်းထုတ်လုပ်သည့် အုန်းဆီ အတွက် ဝယ်လိုအားမြင

Pages