Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Oct 2024

    အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှု ပြန်လည်စတင်ပြီးနောက် ထိုင်းဆန်ဖြူ ပြည်တွင်းဈေးနှုန်းသည်လည်း ကျဆင်းလာခဲ့သည်။ သို့သော်လည်း ယခုနှစ်ဆန်တင်ပို့မှု ပမာဏအပေါ် သက်ရောက်မှုမရှိသေးကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookai Ophaswongse ၏အဆိုအရ သိရသည်။ အိန္ဒိယအစိုးရသည်ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုအား စက်တင်ဘာလ ၂၈ ရက်နေ့တွင်ရုတ်သိမ်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် သီးနှံအထွက်နှုန်းပိုများပြားလာကာ ပြည်တွင်းထောက်ပံ့မှုအတွက် နိုင်ငံပိုင်ဂိုဒေါင်အရန်သိုလှောင်မှုကို အားကောင်းစေသည်ဟု စက်တင်ဘာ ၂၈ ရက်နေ့ကပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ပေါင်းဆန်အပေါ် ပို့

15 Oct 2024

     ထိုင်းနိုင်ငံရင်းနှစ်မြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) က တရုတ်နိုင်ငံပြီးနောက် ကမ္ဘာ့အကြီးဆုံး တာယာလုပ်ငန်းဖြစ်သည့် Continental အား ထိုင်းနိုင်ငံတွင် တည်ရှိပြီးဖြစ်သော ၎င်းတို့၏စက်ရုံအား တိုးချဲ့ရန်အမေရိကန်ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုလိုက်ကြောင်း ၉-၁၀-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ Continental က ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ၅ နှစ်က စ၍ ထုတ်လုပ်မှုစတင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ထုတ်လုပ်သည့် ရာဘာနှင့်အခြားကုန်ကြမ်းများ အသုံးပြုကာ မော်တော်ဆိုင်ကယ်များ၊ လိုက်ထရပ်ကားများ၊ ခရီးသယ်တင်ကားများနှင့် EV  များအတွက် တာယာများထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။ ထိုင်းနို

15 Oct 2024

     အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နှင့်အိန္ဒိယတို့နှင့်အတူ အာရှတွင်စီးပွားရေးအင်အားသစ် ဖြစ်လာရန် အလားလာရှိကြောင်းသမ္မတ Jokowi ကပြောကြားခဲ့သည်။ Jokowi က ကမ္ဘာကြီးသည် အာရှ၏ရာစုနှစ်ကိုဝင်ရောက်ခဲ့ကြောင်း၊ စီးပွားရေးကြီးထွားမှုသည် အနောက်နိုင်ငံများမှ အာရှသို့ ပြောင်းလဲဝင်ရောက်လာကြောင်းနှင့် တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား ဟုအမည်ရ သည့်စီးပွားရေးအင်အားသစ် ၃ ခု ဖြစ်ပေါ်လာမည်ဟုခန့်မှန်းထားကြောင်းကို ၈-၁၀-၂၀၂၄ ရက်နေ့က ဂျကာတာမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် BNT Invester Daily Summit 2024 ၏ ဖွင့်ပွဲအခမ်း အနားတွင်ပြောကြားခဲ့ပါသည်။ သို့သော်နိုင်ငံကို စီးပွားရေးအလွန်အင်အားကြီးနိုင်ငံ ဖြစ

15 Oct 2024

          ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၅.၂၈ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၁၅ခုကိုရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ CDC ၏ တင်ပြချက်အရသိရပါသည်။ ထိုစီမံကိန်းများသည် ကမ္ဘောဒီးယား၏ ကြီးမားသောအလုပ်သမားထုအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များပံ့ပိုးနိုင်ခဲ့ပြီး အလုပ်အကိုင်သစ် ၂၅၀၀၀၀ကျော်ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရပါသည်။ ထိုစီမံကိန်းတွင် ကုန်ထုတ်လုပ်ခြင်း၊ အိမ်ယာမြေ၊ ခရီးသွားကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများပါဝင်ကြောင်းသိရပါသည်။ စက်တင်ဘာလတစ်လတည်းတွင် အမေရိကန်ဒေါ်လာ ၄၄၃သန်းတန်ဖိုးရှိသည့် စီ

15 Oct 2024

         တရုတ်နိုင်ငံသို့ ဗီယက်နမ်ငှက်သိုက်များတင်ပို့မှုတိုးလာသော်လည်း ယင်းထုတ်ကုန်သည် ဈေးနှုန်းပြိုင်ဆိုင်မှုနှင့်ရင်ဆိုင်နေရပြီး ဇီဝဇိုးငှက်မွေးမြူရေးအိမ်များ စီမံခန့်ခွဲရေးဆိုင်ရာ ရှင်းလင်းစေသော စည်းမျဉ်းစည်းကမ်းများကင်းမဲ့နေခြင်းတို့နှင့်လည်းရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံ၏ငှက်သိုက်ဝယ်လိုအားတိုးလာသော်လည်း ဈေးကွက်သို့ဗီယက်နမ်၏တင်ပို့မှုမှာ အနည်းငယ်မျှသာရှိသေးသည်။

15 Oct 2024

         ယူကေသည် လာမည့်ငါးနှစ်အတွင်း ကြက်မွေးမြူရေးလုပ်ငန်းအတွက် ပေါင်သန်း ၁၆၀အထိပံ့ပိုးနိုင်မည်ဟု ခန့်မှန်းထားပြီးနောက် ယူကေမှ ကြက်ငှက်များသည် တောင်အာဖရိကဈေးကွက်သို့ တဖန်ပြန်လည်ရောက်နိုင်ချေရှိမည်ဖြစ်သည်။ ယူကေတွင် ကြက်ငှက်တုပ်ကွေးရောဂါများဖြစ်ပွားပြီးနောက် ယူကေမှ သွင်းကုန်များကိုကန့်သတ်ခဲ့သည်။ ယခုအခါ ယူကေမှကုန်သည်များသည် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်အာဖရိကသို့ ကြက်များကိုတင်ပို့ခွင့်ပြုမည်ဖြစ်သည်။ ဗြိတိန်သည် ယခုနှစ်အစောပိုင်းတွင် ကြက်ငှက်တုပ်ကွေးရောဂါကင်းစင်ကြောင်းကြေညာခဲ့သည်။ ကုန်သွယ်ရေးအတားအဆီးကိုလျှော့ချခြင်းသည် စိုက်ပျိုးရေးကုန်သွယ်မှုအတွက် ယူကေ၏ ဦးစားပေး လ

15 Oct 2024

           ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ ၈လတာကာလတွင် လျှပ်စစ်စက်ဘီးများအပါအဝင် စက်ဘီးများတင်ပို့ရာမှ အမေရိကန်ဒေါ်လာ  ၂၇၈သန်းရရှိခဲ့ပြီး လွန်ခဲ့သည့် ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၃၀ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အကောက်ခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ကမ္ဘာဒီးယားနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်သူ Penn Soucheat က ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် စက်ဘီးကဲ့သို့သော အခြေခံလိုအပ်ချက်မဟုတ်သည့် ပစ္စည်းများအပေါ်တွင် ငွေကြေးသုံးစွဲမှုကို သက်ရောက်စေခဲ့သည့်အတွက် နိုင်ငံတော်၏စက်ဘီးတင်ပို့မှုလျော့ကျခြင်းကို ဦးတည်စေခဲ့ကြောင်းသိရပါသည်။ သို့သော် စက်ဘီးတင်ပို့မှုတန်ဖိ

15 Oct 2024

          ဘတ်ထရီအားသုံးကားများအတွက် ကမ္ဘာ့ဝယ်လိုအားဆက်လက်အားပျော့နေသောကြောင့် တိုယိုတာသည် အမေရိကန်တွင် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုစတင်မည့်ရက်ကို နောက်ဆုတ်ခဲ့ကြောင်းသိရပါသည်။ ထိုဂျပန်အင်အားကြီးကားလုပ်ငန်းသည် ၂၀၂၅ခုနှစ်နှောင်းပိုင်း (သို့မဟုတ်) ၂၀၂၆ခုနှစ်အစောပိုင်းတွင် ထုတ်လုပ်မှုစတင်ရန်ရည်ရွယ်ထားကြောင်းသိရပါသည်။ ယခုအခါ တိုယိုတာသည် အမေရိကန် EV လုပ်ငန်းစဉ်များကို ၂၀၂၆ခုနှစ်မသတ်မှတ်ရသေးသည့်ရက်တွင် စတင်ရန်မျှော်လင့်ရကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်းသိရသည်။  Volvo နှင့် Ford တို့ပါဝင်သည့် များစွာသော အခြားအဓိကကားထုတ်လုပ်သည့် ကုမ္ပဏီများသည်လည်း၎င်းတို့၏

14 Oct 2024

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ဆန်တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုကို လျှော့ချရန် အစိုးရက သုံးသပ်လျက်ရှိပြီး မကြာသေးမီက ရေလွှမ်းမိုးမှုများကြောင့် စပါးစိုက်ပျိုးမှုအပေါ် ပြင်းထန်စွာ ထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် ယခုကဲ့သို့ ချင့်ချိန်စဉ်းစားရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာနများ၏ သတင်းရင်းမြစ်များတွင် ဖော်ပြထားကြောင်း သိရပါသည်။

14 Oct 2024

     ကမ္ဘောဒီးယားနိုင်ငံ၌ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချခြင်းဖြင့် ပို့ကုန်များမြှင့်တင်ရန်နှင့် ပို့ကုန် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်လျက် ဆန်စက်များနှင့် ဆိုင်လိုသိုလှောင်ရုံ လုပ်ငန်းများ၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက် ကောက်ခံသော ဓာတ်အားခနှုန်းထားကို လျှော့ချရန် အစိုးရက အောက်တိုဘာ ၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု သတ္တုနှင့် စွမ်းအင်ဝန်ကြီး Keo Ratanak က ပြောကြားခဲ့သည်။

14 Oct 2024

    ရေနံကုန်သွယ်ရောင်းဝယ်သူများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခဖြစ်ပေါ်မှု၏ တိုးတက်ဖြစ်ပေါ်မှု အခြေအနေကို စောင့်ကြည့်လျက်ရှိမှုနှင့်အတူ ရေနံစိမ်းဈေးကွက် မတည်ငြိမ်မှု ဖြစ်နေစဉ်မှာပင် အာရှဒေသရှိ ဝယ်ယူသူများထံသို့ အဓိကရောင်းချသည့် ရေနံဈေးနှုန်းများကို ဆော်ဒီအာရေဗျနိုင်ငံက တိုးမြှင့်လိုက်ကြောင်း သိရှိရပါသည်။

14 Oct 2024

    ရုရှားကုမ္ပဏီတစ်ခုသည် ကုလားပဲနှင့်ပဲနီကလေးများကို တင်ပို့၍ ငွေသားရှားပါးနေသော ပါကစ္စတန်မှ လိမ္မော်သီးနှင့် ဆန်များအား Barter ကုန်ဖလှယ်စနစ်ဖြင့် လဲလှယ်ကုန်သွယ်သွား မည်ဖြစ်ကြောင်း၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု အခက်အခဲများကြားတွင် ယခုအစီအစဉ် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Tass သတင်းအေဂျင်စီက ဖော်ပြထားသည်။

Pages