ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း (MAFF) ဝန်ကြီး Dith Tina နှင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးဝန်ကြီး Sun Meijun တို့ ၁-၉-၂၀၂၅ ရက်နေ့က တရုတ်ဈေးကွက်သို့ ကမ္ဘောဒီးယား လယ်ယာထွက်ကုန် တင်ပို့မှု မြှင့်တင်ရန် အစီအမံများကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၊ Beijing (ပေကျင်း) မြို့တွင် ကျင်းပပြုလုပ် ခဲ့သော အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ MAFF ၏ နိုင်ငံခြားရေး ၀န်

လယ်သမားများ၏ အကြောက်တရားများကို ပြေပျောက်စေရန် စိုက်ပျိုးရေး၊ သစ်တော နှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ဆန်စပါး ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ထိန်းထား နိုင်စေရန် နည်းလမ်းများ ရှာဖွေသွားမည်ဟု ၃၁-၈-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အဆင့်ဆင့်မှ စိုက်ပျိုးရေးအရာရှိများသည် ရိတ်သိမ်းခြင်း၊ စပါးသယ်ယူခြင်းနှင့် နောက်ဆုံး ရောင်းချခြင်း အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတိုင်းတွင် လယ်သမားများနှင့် တက်ကြွစွာ လုပ်ဆောင်နေကြောင်း ဝန်ကြီ

ကမ္ဘောဒီးယားနိုင်ငံ၊ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန (MME) သည် သတ္တုတွင်း သယံဇာတ ရန်ပုံငွေများကို ထိရောက်စွာ စီမံခန့်ခွဲရန် ကတိပြုပြီး သတ္တုတွင်းလုပ်ငန်းများမှ ရရှိသောငွေများသည် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံလူထုကို အကျိုးပြုကာ ကမ္ဘောဒီးယားနိုင်ငံ၏ အလုံးစုံစီးပွားရေးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေရန် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဒေသခံလူထုဖွံဖြိုးတိုးတက်ရေး အတွက် သတ္တု

ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet သည် တရုတ်နိုင်ငံ Tianjin (တီယန်ကျင်း) မြို့၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမတိုင်မီ တရုတ်သမ္မတ၊ ရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား-တရုတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ထပ်မံအတည်ပြုကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး ပိုမို နက်ရှိုင်းစေမည့် အခွင့်အလမ်းသစ်များကို ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံပူး

ဖိလစ်ပိုင်သမ္မတ Ferdinand R Marcos Jr သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှ စတင်ကာ ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် စတင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) က ဖော်ပြထားသည်။ သမ္မတ ဆက်သွယ်ရေးရုံး (PCO) လက်ထောက်အတွင်းဝန်နှင့် သတင်းပြန်ကြားရေးအရာရှိ Claire Castro က Marco သည် နိုင်ငံတော်ခရီးစဉ်အတွက် ဖနွမ်းပင်သို့ စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း၊ ဖနွမ်းပင်တွင

နိုင်ငံ၏ဆွဲဆောင်မှုအရှိဆုံးသော ခရီးသွားရှုခင်းဖြစ်သည့် Angkor Archaeological Park သည် ယခုနှစ်ပထမ (၈) လအတွင်း နိုင်ငံခြားခရီးသွား ၆၆၉,၆၁၉ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂.၇၂ ရာခိုင်နှုန်း တိုးလာသည်ဟု Angkor Entrance Pass Sales မှ ၁-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝင်ခွင့်လက်မှတ်ရောင်းချမှုမှ ဝင်ငွေဒေါ်လာ ၃၁ သန်းရရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၂.၄၂ ရာခိုင်နှုန်း တိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အန်ကေ

အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံမှုဘဏ် (AIIB) သည် ခေတ်မီပညာရေးကဏ္ဍ တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် လူမှုရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စိတ်ပါဝင်စားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ခိုင်မာသော အခြေခံအဆောက်အအုံသည် အမျိုးသားရေး ဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ကမ္ဘောဒီးယားတွင် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ရှာဖွေရန

၂၀၂၆ ခုနှစ် Hajj ဘုရားဖူးပွဲတော်တွင်လိုအပ်ချက်များဖြည့်စည်းရန် ဆော်ဒီကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိသောအသင့်စားအစားအစာများကို အင်ဒိုနီးရှားထံမှ ဝယ်ယူရန်စီစဉ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ဝန်

ဗီယက်နမ်အစိုးရက အမျိုးသားသယ်ယူပို့ဆောင်ရေးစနစ် စီမံခန့်ခွဲမှုဗဟိုဌာနတစ်ခု ထူ ထောင်ရန်အတွက် ဗီယက်နမ်ဒေါင်ငွေ ဘီလီယံ ၁၄၅၀ ကျော် (အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၅ သန်းခန့်) ကို သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် သြဂုတ်လအတွင်း ကုန်ပစ္စည်းတင်ပို့မှုသည် ယခင်နှစ်ကထက် ၁၂.၄၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလီယံအထိ ကျဆင်းခဲ့ကြောင်း တရားဝင် အချက် အလက်များက ဖော်ပြထားသည်။အဆို

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ၎င်း၏ စိုက်ပျိုးရေးတင်ပို့မှုကို မြှင့်တင်ရန် အဓိကခြေလှမ်းတစ်ရပ်ကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပီလောပီနံအခြောက် တန်ချိန် ၅၀၀,၀၀၀ တင်ပို့မှုနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာရေးထိုးပွဲ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ရုံးချုပ်တွင် ၂၁-၈-၂၀၂၅ ရက်န

ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းတင်သွင်းသည့် ဒီဇယ်လောင်စာ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့သည် ၂၀၂၅ ခုနှစ်၊ ပထမ (၇)လအတွင်း ၁၃.၁ ရာခိုင်နှုန်း လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၁-၈-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထား သည်။ ဒီဇယ်လောင်စာ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုတန်ဖိုးသည် ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံရှိ
