Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Mar 2025

          နိုင်ဂျီးရီးယားနိုင်ငံ၌ ဗဟိုအစိုးရ၏ ထောက်ပံ့မှုနှင့် ဈေးကွက်ဝင်ရောက်ထိန်းကျောင်းမှုများ ရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမှုအရ ပြည်တွင်း၌ တန်ဖိုးအားဖြင့် နိုင်ရာငွေ ၁.၄၃ ထရီလီယံ (ဒေါ်လာ ၉၅၇.၅၄ သန်း) ခန့်ရှိသော ဆန်တန်ချိန် ၂.၁၈  သန်းခန့်အထိ ပြတ်လပ်မည့် စိုးရိမ်ဖွယ်အခြေအနေရှိသည်ဟု New Telegraph နိုင်ဂျီးရီးယား သတင်းဝက်ဘ် ဆိုက်က ဖော်ပြပါသည်။

28 Feb 2025

          မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၁၀ လပတ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်းကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DDCA) က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

          ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၂ ခုကို အတည်ပြုခဲ့ကြောင်း DDCA ၏ အချက်အလက်များအရသိရသည်။

28 Feb 2025

          နယူးယောက်တွင်နိုင်ငံ၏ အကြီးဆုံးအီလက်ထရွန်နစ်စီးကရက် ဖြန့်ဖြူးရောင်းချသူ အချို့အား ကလေးများအတွက် ဆွဲဆောင်မှုရှိသော Vaping အရသာနှင့် ဒီဇိုင်းများ‌‌ ရောင်းချခြင်းအားတားမြစ် သည့်နိုင်ငံတော်ဥပဒေကိုချိုးဖောက်သည်ဟု စွပ်စွဲကာ ကုမ္ပဏီများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က တရားစွဲဆိုခဲ့သည်။ Puff Bar နှင့် Elf Bar ကဲ့သို့သော အသီးအနှံများနှင့် သကြားလုံးအရသာ အီး-စီးကရက်များကို ပြည်နယ်အနှံ့ရှိဓာတ်ဆီဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ဖြန့်ချီလျှက်ရှိသော ကြားဖြန့်ဝေသူများအား ပစ်မှတ်ထားသည့် တရားစွဲဆိုမှုကို ရှေ့နေချုပ် Letitia James က ကြေညာခဲ့ သည်။ Juul Labs ကဲ့သို့သော Vaping ထုတ်လုပ်သူ

28 Feb 2025

ဥရောပကော်မရှင်သည် ဒရက်စဒင်တွင် Infineon တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် စက်ရုံအသစ်တည်ဆောက်ရန်အတွက် ဂျာမနီနိုင်ငံအကူအညီ ယူရိုသန်း ၉၂၀ (အမေရိကန်ဒေါ်လာ ၉၆၆ သန်း) ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ကုန်ထုတ် စက်ရုံအသစ်သည် ဥရောပ သမဂ္ဂ (EU) သို့ လိုက်လျောညီထွေရှိသော ထုတ်လုပ်မှုစွမ်းရည်ကို ယူဆောင်လာမည်ဖြစ်ပြီး၊ ထို့ကြောင့် တစ်ပိုင်းလျှပ်ကူးနည်းပညာများတွင် ဥရောပ၏ ထောက်ပံ့မှု၊ ခံနိုင်ရည်နှင့် နည်းပညာဆိုင် ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ခိုင်မာစေကြောင်း ကော်မရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

28 Feb 2025

Turkiye-ကာတာ ပူးတွဲစီးပွားရေးနှင့် ဘဏ္ဍာရေးကော်မတီ အစည်းအဝေးကို နှစ်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှု အားကောင်းစေရန် ရည်ရွယ်၍ ကြာသပတေးနေ့တွင် အစ္စတန်ဘူလ်၌ ကျင်းပခဲ့သည်။ဘဏ္ဍာရေးဝန်ကြီး Mehmet Simsek နှင့် ကာတာနိုင်ငံခြားရေးဝန်ကြီး Ali bin Ahmed Al Kuwari, ပူးတွဲသဘာပတိအဖြစ် ကျင်းပ‌သောတစ်ရက်တာ အစည်းအဝေးတွင် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်များ တိုးချဲ့ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ၎င်း၏ လူမှုမီဒီယာအကောင့်တွင် တင်ထားသည့် ကြေညာချက်တွင်၊ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရ

28 Feb 2025

အင်ဒိုနီးရှားအစိုးရသည် ဝင်ငွေနည်းပြည်သူများအတွက် အိမ်ခြေ ၃ သန်း ဆောက်လုပ်ရန် စီစဉ်နေပြီး စီမံကိန်းအတွက် ပုဂ္ဂလိကကဏ္ဍနှင့် မိတ်ဖက်များ ဖွင့်လှစ်‌ဆောင်ရွက်ရန် ဂျကာတာ၌ ဖေဖော်ဝါရီ ၂၀ ရက်‌နေ့က စီစဉ်ခဲ့သည်။ နိုင်ငံ၏ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati ကဆောက်လုပ်ရေးလုပ်ငန်းအတွက် အဓိကအားဖြင့် ဘဏ္ဍာရေးထောက်ပံ့ရန် နိုင်ငံတော်လုံခြုံရေးကို ထုတ်ပေးမည်ဖြစ်ကြောင်း ကြာသပတေးနေ့ တွင် ပြောကြားခဲ့သည်။ တန်ဖိုးနည်းအိမ်ရာများအား ဆောက်လုပ်ခြင်းအားဖြင့် အောက်ခြေ လူတန်းစားများအတွက် ပံ့ပိုးကူညီပေးရာရောက်ပြီး ထိုအစီ အစဉ်သည် ပြည်သူများ၏အိမ်ဝယ်ယူနိုင်မှုနှုန်းကိုလည်း မြှင့်တင်ပေးနိုင်ရန် မျှော်မှန်း

28 Feb 2025

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ရေစီမံခန့်ခွဲမှု ခေတ်မီစေရန်၊ ရေဖူလုံမှု မြှင့်တင်ရန်နှင့် ဥဇဘက်ကစ္စတန်တွင် ဘေးကင်းစိတ်ချရသော ရေရရှိရေး တိုးမြှင့်ရန်အတွက် အမေရိကန် ဒေါ်လာ ၁၂၅ သန်း ချေးငွေကို အတည်ပြုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ သည်။

ရာသီဥတု ထက်မြက်သော ရေစီမံခန့်ခွဲမှု မြှင့်တင်ရေး စီမံကိန်းသည် နိုင်ငံ၏အမျိုးသား ရေအသုံးချမှုစွမ်းရည်ကို အားကောင်းစေပြီး ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု၊ ပေးဝေမှုရေရှည် တည်တံ့ရေးတို့ကို တိုးတက်စေမည်ဟု ADB က ပြောကြားခဲ့သည်။

28 Feb 2025

Alibaba Group သည် လာမည့်သုံးနှစ်အတွင်း cloud နှင့် AI ဟာ့ဒ်ဝဲအခြေခံအဆောက် အအုံ တည်ဆောက်ရေးတွင် ယွမ်ငွေ ၃၈၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံခန့်)ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း Alibaba ၏ စုစုပေါင်း cloud နှင့် AI အသုံး စရိတ်ထက်ကျော်လွန် နေသည်။ ထို့အပြင်၎င်းသည် cloud နှင့် AI ဟာ့ဒ်ဝဲအခြေခံ အဆောက်အအုံတည်ဆောက်မှုတွင် ပုဂ္ဂလိကပိုင်တရုတ်ကုမ္ပဏီတစ်ခုမှ ပြုလုပ်ဖူးသည့် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ဖေဖော်ဝါရီ ၁၇ ရက်က တရုတ်နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ခဲ့သည့်

28 Feb 2025

          အယ်ဂျီးရီးယားဆိုင်ရာဗီယက်နမ်ကုန်သွယ်ရေးရုံးသည် နှစ်နိုင်ငံအကြား ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် အယ်ဂျီးရီးယားနိုင်ငံ Ghardaia ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၅ ရက်နေ့ထိ အလုပ်သဘောအလည်အပတ်သွားရောက်ခဲ့ကြောင်း သိရပါသည်။ ရုံးနှင့် ပြည်တွင်းစက်မှုနှင့်စီးပွားရေးအသင်းတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများကို ရှာဖွေရန် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရပါသည်။ Ghardaia ပြည်နယ် သည် စက်မှုဇုန်နှစ်ခုနှင့် ယူနက်စကိုစာရင်းဝင်နေရာများကို ပိုင်ဆိုင်ထားသည့်အတွက် ကုန် ထုတ်လုပ်ခြင်း၊ ခရီးသွားကဏ္ဍနှင့် တင်ပို့ရန်အတွက် အလားအလားများကို ပိုင်ဆိုင်ထာ

28 Feb 2025

          ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ  Bac Ninh ပြည်နယ်သည် ယခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၂၁၀ ကျော်တန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း(FDI)သစ် ၄၈ ခု ကိုလိုင်စင်ချပေးခဲ့ကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုပြည်နယ်ဦးစီးဌာန၏ အဆိုအရ သိရပါသည်။ တစ်ချိန်တည်းမှာပင် တည်ရှိပြီး FDI စီမံကိန်း ၃၀ ခု၏ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိသော မတည်ငွေထပ်တိုးမှုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြည်နယ်အာဏာပိုင်များသည် စီးပွားရေးအဖွဲ့အစည်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများ ၏ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃.၉၁ သန်း တန်ဖိုးရှိသော မတည်ငွေပူးပေါင်းပါဝ

28 Feb 2025

          တောင်ကိုရီးယားနိုင်ငံမှ Jeli Group သည် Hai Phong ဆိပ်ကမ်းမြို့ရှိ Nam Dinh Vu စက်မှုဇုန်တွင် Jeli ထောက်ပံ့ပို့ဆောင်ရေး ၁ စီမံကိန်း စတင်ဆောက်လုပ်ခြင်း အခမ်းအနား ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ Jeli Group ကို ၁၉၇၈ တွင် စတင် တည်ထောင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ ၁၅ ခုမြောက်အကြီးမားဆုံး ဆောက်လုပ်ရေး လုပ်ငန်းဖြစ်ကြောင်း သိရပါသည်။ Jeli Group ၏ ဘဏ္ဍာရေးမှူးချုပ်ဖြစ်သူ Kim Eun-sook က Jeli ထောက်ပံ့ပို့ဆောင်ရေး ၁ စီမံကိန်းသည် ဗီယက်နမ်တွင် ထောက်ပံ့ပို့ဆောင်ရေးရုံ တစ်ခုအဖြစ်သာမက ထောက်ပံ့မှုကွင်းဆက်နှင့် ဖြန့်ဖြူးရေးကဏ္ဍတွင် ခိုင်မာသောအခြေခံ အဆောက်အအုံအဖြစ

28 Feb 2025

          ကုမ္ပဏီတစ်ချို့က ထုတ်လုပ်ရာအခြေစိုက်နေရာပြောင်းလဲရန်စီစဉ်မှုကို ဖြစ်ပေါ်စေ နိုင်သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုကို စိုးရိမ်မှုများကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် စိတ်ဝင်စားမှု ကို ပြသခဲ့ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BoI) ကပြောကြားခဲ့ပါသည်။ မော်တော်ကားနှင့် ဆီမီးကွန်ဒတ်တာများမှ အဖျော်ယမကာထိပါဝင်သော စီးပွားရေးကဏ္ဍ များသည် ရည်မှန်းထားသည့် ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ကြောင်း သိရပါသည်။ BoI က ထိုရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သတ်၍ နောက်ဆုံးအချက်အလက်ကို ဖေဖော်ဝါရီလ ၁

Pages

a