Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Oct 2024

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေကြီးမှုကြောင့် ဆန်မက်ထရစ်တန်ချိန် ၁ ဒသမ ၁ သန်းခန့် ပျက်စီးခဲ့ပြီး  စားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ရာ အဓိကစားသုံးကုန်ဖြစ်သော ဆန် တင်သွင်းမှုကို မြှင့်တင်ရန် အကြောင်းတရားဖြစ်ပေါ်လာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

28 Oct 2024

     ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ပထမ ၉ လတွင် ရော်ဘာထုတ်ကုန် ၂၄၈၅၃၅ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉၇ သန်းကျော် ရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရော်ဘာအစေးတန်ချိန် ၅၈၈၁ တန် ပိုမိုတင်ပို့လျက် ၂.၄၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ၁၈-၁၀-၂၀၂၄ ရက်နေ့၌ ရော်ဘာအထွေထွေညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့်အစီရင်ခံစာအရ သိရှိရသည်။

28 Oct 2024

       ကမ္ဘာ့ထိပ်တန်း ရော်ဘာထုတ်လုပ်သည့် ထိုင်းနိုင်ငံတွင် မိုးခေါင်ခြောက်သွေ့မှုကို ကြုံတွေ့ရပြီးနောက် မုတ်သုံမိုး အလွန်အကျွံ ရွာသွန်းခြင်းနှင့် ကမ္ဘာ့အဆင့် (၅) ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သည့် တရုတ်နိုင်ငံ၌ တိုင်ဖုန်းမုန်တိုင်းကြောင့် ထိခိုက်မှုရှိခြင်းတို့ကြောင့် တာယာထုတ်လုပ်သည့် ပစ္စည်းဖြစ်သော ရော်ဘာ အထွက်ပမာဏ လျော့နည်းခြင်း၊ ထုတ်လုပ်မှု အလားအလာ ကျဆင်းခြင်းတို့ဖြစ်ပေါ်ပြီး ၁၃ နှစ်တာကာလအတွင်း စျေးနှုန်းများ မြင့်တက်လာကြောင်း သိရှိရသည်။

28 Oct 2024

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားအခွန်ကြီးကြပ်မှုအဖွဲ့ (National Board of Revenue-NBR) သည် အရေးကြီးသော ကုန်စည်များ၏ ဈေးနှုန်းများကို သက်သက်မှုရှိအောင် ထိန်းသိမ်းနိုင်ရေးအတွက် ပဲပုပ်ဆီနှင့် စားအုန်းဆီတင်သွင်းခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းအပေါ် ကောက်ခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်အခွန် (Value-added tax- VAT) ကို ၁၇-၁၀-၂၀၂၄ ရက်နေ့တွင် လျှော့ချသတ်မှတ်ခဲ့ကြောင်း The Daily Star သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။

28 Oct 2024

မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) တစ်တန်၏ ပျမ်းမျှ စျေးနှုန်းကို ရင်းဂစ်ငွေ ၃၅၀၀ မှ ၄၀၀၀ (အမေရိကန်ဒေါ်လာ ၈၁၂ မှ ၉၂၈) အတွင်းရရှိရန် မျှော်မှန်း ထားပြီး ကမ္ဘာလုံးဆိုင်ရာ စားသုံးဆီထုတ်လုပ်မှု ပိုမိုကောင်းမွန်ခြင်းကြောင့် ယခုနှစ်အတွက် မျှော်မှန်းထားသည့် ဈေးနှုန်းထက် အနည်းငယ် လျော့နည်းမည်ဟု မလေးရှားအစိုးရက ပြောကြားကြောင်း ပါကစ္စတန်နိုင်ငံ အခြေစိုက်၊ Business Recorder သတင်းဌာနက ၁၈-၁၀-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

28 Oct 2024

     ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ သီးနှံရာသီ နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

     ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်းအဖွဲ့ (Vietnam Coffee and Cocoa Association -VICOFA) ဥက္ကဋ္ဌဖြစ်သူ Nguyen Nam Hai က ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ သီးနှံရာသီနှစ်အတွင်း ကော်ဖီတန်ချိန် ၁.၄၆ သန်းခန့်တင်ပို့ခဲ့ကြောင်း၊ ယခင်ရာသီနှစ်နှင့် နှိုင်းယှဉ်ပါက တင်ပို့မှု ၁၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

28 Oct 2024

    ဗီယက်နမ်နိုင်ငံတွင် လတ်ဆတ် ကွမ်းသီးနုများ၏ ဈေးနှုန်းများသည် တရုတ်နိုင်ငံမှ အဓိက ဝယ်လိုအားမြင့်မားမှုကြောင့် စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

     ပြည်နယ်များဖြစ်သော Quang Ngai ၊ Dak Lak ၊ Tay Ninh ၊ Tien Giang နှင့် Kien Giang တို့တွင် ကွမ်းသီးတစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀,၀၀၀ မှ ၈၅,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၂၀) ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မြောက်ပိုင်းဒေသများဖြစ်သည့် Bac Ninh နှင့် Nam Dinh တို့တွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၀၀၀၀ အထိပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

28 Oct 2024

     အိန္ဒိယနိုင်ငံ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်ချမှတ်ကျင့်သုံးခဲ့သော ဆန်တင်ပို့မှုဆိုင်ရာ တားမြစ်ကန့်သတ်ချက်များအားလုံးကို အစိုးရက အောက်တိုဘာ ၂၃ ရက်နေ့တွင် ပယ် ဖျက်ပေးခဲ့ပြီး ဆန်ကွဲတင်ပို့မှု တားမြစ်ချက်ကိုမူ ဆက်လက်ထိန်းသိမ်းထားကြောင်း၊ အစိုးရသည် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများပါဝင်သော အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၁၆ ရက်နေ့၌ ကျင်းပလျက် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ထားရှိမှုများအား ဖယ်ရှားပေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖြေလျှော့ခဲ့ခြင်းဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

24 Oct 2024

         ရုရှားနိုင်ငံသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဂျုံတန်ချိန် ၃.၈ သန်း စံချိန်တင်တင်ပို့ခဲ့ကြောင်း Dhaka ရှိ ရုရှားသံအမတ်ကြီး Alexander Mantytskiy ၏ ပြောကြားချက်အရသိရသည်။ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စံချိန်တင်တင်ပို့မှုမှာ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအရည်အသွေးစံနှုန်းများနှင့်ကိုက်ညီသည့် ရုရှားဆန်စပါးထောက်ပံ့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁.၈ ဆတိုးမြင့်လာခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရုရှားသတင်းအေဂျင်စီ Interfax ကိုကိုးကား၍ Mantytskiy က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစဉ်အလာအရ ရုရှားနိုင်ငံမှ ပဲစေ့ခြောက်နှင့် မုန့်ညှင်းစေ့များအပြင် ယခ

24 Oct 2024

        ဩစတြေးလျသည် ကမ္ဘောဒီးယားနှင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပြီး ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တိုးတက်ရန် ပူးပေါင်းပါဝင်မည်ဟု အခိုင်အမာပြောဆိုခဲ့ကြောင်းသိရပါသည်။ ထိုပြောဆိုမှုကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Derek YIP က ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Sun Chanthol နှင့် CDC ရုံးချုပ်၌ ၁၇-၁၀-၂၀၂၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ သံအမတ်ကြီးက ကမ္ဘောဒီးယား၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှ

24 Oct 2024

          ယခုနှစ်၏ ပထမ(၉)လတာကာလတွင် ကမ္ဘောဒီးယား-ဗီယက်နမ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၅.၈၁ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၁.၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့်အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။ ထိုကာလတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၂.၇၂ ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များအား ဗီယက်နမ်သို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၀၉ ဘီလီယံတန်ဖိုးရှိသော ထုတ်ကုန်များအား ပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် ကမ္ဘောဒီးယားထုတ်ကုန်များ(အထူးသဖြင့် စိုက်ပျိုးရေးထုတ်ကုန်ကြမ်းများ)တင်ပို့ရာ ဒုတိယအကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း သိရပ

24 Oct 2024

         ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) နှင့် ကမ္ဘောဒီးယား Oknha အသင်းတို့သည် ကမ္ဘောဒီးယားအစားအစာနှင့် စိုက်ပျိုးရေးထုတ်ကုန်များအား ပြင်သစ်နှင့်ဥ‌ရောပသမဂ္ဂသို့တင်ပို့ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Sun Chanthol နှင့် ပြင်သစ်နိုင်ငံမှ Smart Eden ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းနှင့် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်လာသော ကမ္ဘောဒီးယား Oknha အသင်း၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Hun Lak တို့က ပူးတွဲသဘာပတိအနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိ

Pages