ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်လူမျိုးများသည် ၂၀၂၄ခုနှစ် တတိယသုံးလပတ်တွင် အွန်းလိုင်းဈေးဝယ်၌ VND ၈၄.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ) သုံးစွဲခဲ့ပြီး ၁၈.၂% မြင့်တက်ခဲ့ကြောင်း e-commerce ဈေးကွက်သုတေသနပလပ်ဖောင်း Metric ဖော်ပြချက်အရသိရသည်။ Shopee ၊ Tiktok Shop ၊ Lazada ၊ Tiki နှင့် Sendo အပါအဝင် ဗီယက်နမ်ရှိ အဓိက Online ဈေးဝယ်ပလက်ဖောင်းငါးခုတွင် အလှကုန်ပစ္စည်း အမျိုးသားဖိနပ်၊ ကုန်မျိုးစုံနှင့် ဖက်ရှင်ပစ္စည်းများသည် အရောင်းရဆုံး အမျိုးအစားများထဲတွင်ပါဝင်သည်။ VND ၂၀၀၀၀၀ (၈ဒေါ်လာ) အောက်ဈေးဖြင့် ရောင်းချသောပစ္စည်းများသည် အွန်လိုင်းဈေးဝယ်ခြင်းမှရရှိသော ဝင်ငွေ၏ထက်ဝက်ကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉% တိုးလာခြင
ကမ္ဘောဒီးယားနိုင်ငံ၌ ပီလောပီနံအစို ဈေးကွက်သည် ပို့ကုန်တင်ပို့မှုတွင် သိသာထင်ရှားသော တိုးတက်မှုဖြစ်သည့် ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ၁၆၀ ရာခိုင်နှုန်းကျော် မြင့်တက်မှုဖြင့် ခိုင်မာအားကောင်းလာကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။
တရုတ်နိုင်ငံ၌ ကောက်ပဲသီးနှံထုတ်လုပ်မှုတည်ငြိမ်စေရေး အစဉ်တစိုက်ကြိုးပမ်းကြရန် တိုက်တွန်းထားပြီးဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် ကောက်ပဲသီးနှံ စုစုပေါင်း တန်ချိန်သန်း ၇၀၀ ကျော်ရရှိမည်ဟု မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto သည် ကိုယ်ပိုင်စွမ်းအားဖြင့် စားနပ်ရိက္ခာဖူလုံရေးကို ရှေ့လာမည့် ၄ နှစ်အတွင်း အမှန်တကယ်အကောင်အထည်ပေါ်အောင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ဆောင်ရွက်ရာ၌ နောက်ကွယ်မှ စည်းလုံးညီညွတ်စွာဖြင့် ပါဝင်လုပ်ဆောင်ရန် Red and White Cabinet ခေါ် အနီအဖြူကြား အစိုးရအဖွဲ့ရှိ ဝန်ကြီးများအား ညွှန်ကြားထားကြောင်း Antara News သတင်းဌာနက ဖော်ပြခဲ့သည်။
ဘရာဇီးနိုင်ငံ၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်သီးနှံရာသီကာလထက် ၆ ရာခိုင် နှုန်း တိုးတက်လျက် ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တန်ချိန် ၁၆၁ သန်းအထိ စံချိန်တင်ရောက်ရှိနိုင် ကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှု ဌာန (FAS) က နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြခဲ့သည်။
၂၀၂၄ခုနှစ်၏ ပထမ ၉လတွင် ကမ္ဘောဒီးယားသို့ စံချိန်တင် ပြည်ပခရီးသွား ၄.၈ သန်းလာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၂% မြင့်တက်လာကြောင်း ခရီးသွားဝန်ကြီးဌာနက ၂၃-၁၀-၂၀၂၄ ရက်နေ့၏ ထုတ်ပြန်ချက်အရသိရပါသည်။ ထိုအရေအတွက်သည် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ပထမ ၉လတာအရေအတွက်၏ ၉၉.၇% ကိုရောက်ရှိခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ယခုနှစ်ပထမ ၉လတွင် ကမ္ဘောဒီးယားသို့ ပြည်ပခရီးသွားအများဆုံး လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး ၎င်းတို့နောက်တွင် ဗီယက်နမ်၊ တရုတ်၊ လာအိုနှင့် အမေရိကန်တို့က ရပ်တည်နေကြောင်းသိရပါသည်။ ခရီးသွားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်
အောက်တိုဘာလ ၂၃ရက်နေ့တွင် ဘယ်ဂျီယမ်နိုင်ငံ၊ ဘရက်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်-ဘယ်ဂျီယမ် စီးပွားရေးဖိုရမ်သည် နှစ်နိုင်ငံလုံးမှ လုပ်ငန်းများအတွက် အခွင့်အလမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများရှာဖွေစေနိုင်ခဲ့ကြောင်းသိရပါသည်။ ဖိုရမ်တွင် ဘယ်ဂျီယမ်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Andries Goyffay က ဗီယက်နမ်သည် အနာဂတ်စီးပွားရေးကြီးထွားမှုကိုမြှင့်တင်ရာတွင် အဓိကနေရာတွင် ရှိနေခြင်းနှင့်အတူ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသောနိုင်ငံထဲမှ တစ်ခုဖြစ်လာကြောင်း၊ စီးပွားရေးတည်ငြိမ်မှု၊ မဟာဗျူဟာမြောက်တည်နေရာ၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသို့ အားကောင်းစွ
ကင်ညာနိုင်ငံသည် ဈေးကွက်အတွင်းသို့ မလိုလားအပ်သော ထုတ်ကုန်များဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ထောပတ်သီးနှင့် မကာဒမီးယားအစေ့အဆန်များတင်ပို့မှုကို ဆိုင်းငံ့ထားကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အတွင်းဝန် Andrew Karanja က ကင်ညားနိုင်ငံမြို့တော် နိုင်ရိုဘီတွင် မာကာဒေမီးယားတင်ပို့မှုနှင့် ရိတ်သိမ်းမှုတားမြစ်ချက်ကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့မှ ၂၀၂၅ခုနှစ်၊ မတ်လ ၁ရက်နေ့အထိ စတင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ကုန်သည်များသည် စစ်ဆေးခြင်း၊ အတည်ပြုခြင်းနှင့် ရှင်းလင်းခြင်းအတွက် ၎င်းတို့၏လက်ရှိစတော့ရှယ်ယ
ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (The Cambodia Chamber Of Commerce) (CCC) သည် မြို့တော်ရှိကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာ စီးပွားရေးအသင်းအဖွဲ့များအား ၎င်းတို့၏ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် ထိရောက်သော ဖြေရှင်းနည်းများရှာဖွေရန်အဆိုပြုချက်များကို CCC သို့တင်ပြရန် တောင်းဆိုထားသည်။ ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းသည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုပြီး တော်ဝင်အစိုးရနှင့် လက်တွဲလုပ်ဆောင်ရမည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် အဖွဲ့ဝင်အဖြစ် နှစ်၂၀ပြည့်အခမ်းအနားတွင် ဝန်ကြီးချုပ် Hun Manet ကပြောကြားခဲ့သည်။ CCC မှ တ
ဂျပန်နိုင်ငံ၏ ရိတ်သိမ်းပြီးခါစ စပါးဈေးနှုန်းသည် ယခင်နှစ်ထက် ၄၈% မြင့်တက်ခဲ့ပြီး ၃၁နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ၏ လယ်ယာဝန်ကြီးဌာန၏ သောကြာနေ့တွင်ထုတ်ပြန်သော အချက်အလက်များအရသိရသည်။ အမျိုးသားလယ်ယာသမဝါယမအသင်းချုပ်နှင့် အခြားလက်ကားရောင်းချသူများထံရောင်းချသော ပျမ်းမျှဈေးမှာ ၆၀ကီလိုဂရမ်လျှင် ယန်း၂၂၇၀၀ (၁၅၁ဒေါ်လာ) ရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက စက်တင်ဘာလတွင် သတင်းထုတ်ပြန်ခဲ့သည်။ နှစ်စဉ်ရိတ်သိမ်းထားသော စပါးများအား စက်တင်ဘာလဝန်းကျင်တွင် ဂျပန်နိုင်ငံရှိ စတိုးဆိုင်များတွင် စတင်ရောင်းချလျက်ရှိကြောင်းသိရသည်။ အမျိုးသားဆန
ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား-တရုတ်ကြားကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁.၁၄ ဘီလီယံထိရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် (၂၀၂၃) ၏ တူညီသည့်ကာလထက် ၂၂.၅% မြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထို ၉လတာကာလတွင် ကမ္ဘောဒီးယားသည် တရုတ်သို့ အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉.၈၆ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ တရုတ်သို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆန်၊ ငှက်ပျောသီးများ၊ သရက်သီးများ၊ ပီလောပီနံ၊ ရေထွက်ကုန်နှင့် အဝတ်အထည်တို့ဖြစ်ပြီး အ
ဗီယက်နမ်သည် ကားတာယာထုတ်လုပ်ရာ ကမ္ဘာ့အချက်အခြာနေရာဖြစ်လာနေပြီး ၂၀၂၄ခုနှစ်တွင် နည်းပညာသုံးရေ်ဘာထုတ်ကုန်များတင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၄ဘီလီယံရောက်ရှိရန်မျှော်မှန်းရကြောင်း ဟိုချီမင်းမြို့တော် ရေ်ဘာနှင့် ပလတ်စတစ်ထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Nguyen Quoc Anh ကပြောကြားခဲ့ပါသည်။ ဗီယက်နမ်ရေ်ဘာနှင့် ပလတ်စတစ်ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုများအရှိန်မြှင့်တင်နေပြီး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရန် ပြန်လည်အသုံးပြုနိုင်သော (recycle) ပစ္စည်းများကို ပေါင်းစပ်အသုံးပြုနေကြောင်းသိရပါသည်။ များစွာသော ဗီယက်နမ်ကုမ္ပဏီများသည် နိုင်ငံတကာမိတ်ဖက်