Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Sep 2025

     အိန္ဒိယနိုင်ငံ အနေဖြင့် ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုတိုးမြှင့်နိုင်ရန် ပြင်ဆင်နေပြီး ထိပ်တန်း ဆန်တင်ပို့သူများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ကမ္ဘာ့ဆန်စပါး အများဆုံး တင်သွင်း သည့် အဆိုပါ အရှေ့တောင်အာရှနိုင်ငံသို့ လာမည့်လတွင် သွားရောက်ရန် စီစဉ်ထားကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။

08 Sep 2025

      အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် ၂၀၂၅ ခုနှစ် သြဂုတ်လတွင် ၁၃ လအတွင်း အမြင့် ဆုံးသို့ ရောက်ရှိခဲ့ပြီး ပဲပုပ်ဆီနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအရယှဉ်ပြိုင်နိုင်မှုရှိခြင်းကြောင့် ပွဲတော် ရာသီမတိုင်မီ ဝယ်ယူမှုပိုမို များပြားလာသည်ဟု စားသုံးဆီလုပ်ငန်းရှင် ၅ ဦး ထံမှသိရကြောင်း The Edge Malaysia သတင်းဌာနက စက်တင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြထားပါသည်။

08 Sep 2025

     ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်ရောက်မှုရှိမည့် ၂၀၂၅-၂၆ ရာသီနှစ် အတွက် ပြောင်းသီးနှံ တရားဝင်ဝယ်ယူရမည့် ဈေးနှုန်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြိုတင်ဝယ်ယူမှုစနစ်သည် တောင်သူများအား သင့်တင်မျှတမှုမရှိသော စျေးနှုန်းသတ်မှတ်ခြင်း များမှ ကာကွယ်ပေးရန်နှင့် တိရစ္ဆာန်အစာစပ် စက်ရုံများနှင့် ပြောင်းသီးနှံ စုဆောင်းဝယ်ယူရောင်း ချသူများ အပါအဝင် တိရစ္ဆာန်မွေးမြူရေးအစာ လုပ်ငန်းနယ်ပယ်ရှိ ဝယ်ယူသူများအတွက် စံ

08 Sep 2025

      ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ထံမှ တင်သွင်းလာသည့် လယ်ယာထွက်ကုန်များအပေါ် အကောက်ခွန်နှုန်းထား လျှော့ချပေးမည့် အစီအစဉ်မရှိကြောင်းနှင့် အမေရိကန်ဆန်များအား ၎င်း၏ တည်ဆဲ အကောက်ခွန်လွတ် တင်သွင်းခွင့်ခွဲတမ်း ကန့်သတ်ချက်ဘောင်အတွင်းမှသာ ဝယ်ယူခြင်းဖြင့် အမေရိကန်နိုင်ငံ၏ တောင်းဆိုချက်ကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

08 Sep 2025

         ဂျပန်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားနို်ငငံတွင် အထူးသဖြင့် ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်ပစ္စည်းများထုတ်လုပ်မှု၊ ဗိသုကာကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍများတွင် အခွင့်အလမ်းများကို ရှာဖွေနေကြသည်။ ၂၀.၈.၂၀၂၅ ရက်နေ့က ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် Nut Unvoanra သည် BARIKI Institute

08 Sep 2025

     အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခြင်းက ယခုနှစ် ဘာစမာတီဆန် ထုတ်လုပ်မှုကို ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျစေဖွယ်ရှိပြီး ကမ္ဘာ့ ဘာစမာတီဆန် ရောင်းလိုအားကို ကန့်သတ်မှုဖြစ်ပေါ်စေလျက် ပို့ကုန်လုပ်ငန်းရှင်များအား ဈေးနှုန်း ပိုမိုမြှင့်တင်ရောင်းချလာစေမည့် အလားအလာရှိနေကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

08 Sep 2025

          ကမ္ဘောဒီးယားအမျိုးသားဘဏ် (NBC) သည် ဒေသတွင်း ချောမွေ့သော ငွေပေးချေသူများအတွက် QR ကုဒ်အခြေခံ ငွေပေးချေမှုများကို ချဲ့ထွင်ရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖိလစ်ပိုင်နှင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို စတင်ရန် စီစဉ်နေကြောင်း NBC က ၁၉-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ NBC အုပ်ချုပ်ရေးမှူး Chea Serey သည် ၁၈-၈-၂၀၂၅ ရက်နေ့က ဖိလစ်ပို

08 Sep 2025

   အမေရိကန်နိုင်ငံရှိ ထိုင်းအကြီးတန်းစီးပွားလုပ်ငန်းရှင်သည် အမေရိကန်နိုင်ငံမှ နောက်ဆုံး ထုတ်ပြန်ထားသည် အကောက်ခွံစည်းကြပ်မှုကြောင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ကုန်စည်များ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း သတိပေးခဲ့ပြီး အဆိုပါကိစ္စကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ရနေကြောင်း ပြောကြား ခဲ့ပါသည်။

08 Sep 2025

    စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန(MISTI) ဝန်ကြီး Hem Vanndy က စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ တိုးတက်လာစေရေး ရည်မှန်းချက်အောင်မြင်ရန် ဘေးအန္တရာယ်များကို စီမံခန့်ခွဲရန်နှင့် လျှော့ချရန် လုပ်ငန်း

08 Sep 2025

   ကမ္ဘောဒီးယားနိုင်ငံ၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီး Hem Vanndy က ကမ္ဘောဒီးယား ဆန်စပါးလုပ်ငန်း ခိုင်မာစေရေးအတွက် ဆန်းသစ်တီထွင်မှုနှင့် စံချိန်စံညွှန်းများကို ၂၆-၈-၂၀၂၅ ရက်နေ့က အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးက ဆန် ထုတ်လုပ်နိုင်မှု၊ တီထွင်ဆန်းသစ်မှုနည်းပညာအသစ်များကို အသုံးပြု၍ ကြိတ်ခွဲကာ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်မှု၊  အခြားပြိုင်ဆိုင်မှုဆိုင

08 Sep 2025

ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် ၂၆-၈-၂၀၂၅ ရက်နေ့တွင် Preah Sihanouk ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ဒေါ်လာ ၂၅၇ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်း ၁၇ ခု အတွက် အထူးမက်လုံးများ ပေးခဲ့သည်။ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး၏ အကြံပေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Hean Sahib က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး စီမံကိန်းများအတွက် အငြင်းပွားမှု ဖြေရှင်းရေး အဆိုပြုချက်များ အား ပြန်လည်သုံးသပ်ရန် အစည်းအဝေးကို ဦးဆောင်ကျင်

08 Sep 2025

    ကမ္ဘောဒီးယားနိုင်ငံ၊ သီဟိုဠ်စေ့အသင်း (CAC) သည် ကမ္ဘောဒီးယား အမျိုးသားဘဏ် (NBC) နှင့် မကြာသေးမီက တွေ့ဆုံခဲ့ပြီး Green Digital ဘဏ္ဍာရေးကဏ္ဍတွင် နိုင်ငံ၏တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကြားတွင် အာရုံစိုက်မှု ကြီးထွားလာနေမှုကို ဆွေးနွေးခဲ့ ကြသည်။ NBC သည် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေး

Pages