Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Nov 2024

       ယခုနှစ်တွင် ဆန်တင်ပို့မှုသည် တန်ချိန် ၉သန်းအထိတိုးမြင့်လာမည်ဖြစ်ပြီး နိုင်ငံအတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ဒသမ ၄ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ဘီလီယံရရှိမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယခုနှစ် ပထမကိုးလတာကာလအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇ဒသမ ၄၅သန်းတင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂ဒသမ ၁၃ရာခိုင်နှုန်းတိုးမြင့်လာကြောင်း Pichai က ပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဆန်တင်ပို့မှုမှ ဘတ်ငွေ ၁၇၂.၀၁၉ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၄.၈၄၃ ဘီလီယံရရှိခဲ့သည်။ ပထမကိုးလတာကာလအတွင

18 Nov 2024

                အိန္ဒိယအစိုးရသည် ဆန်တင်းသွင်းခွန်များအား မကြာ‌သေးမီကရုတ်သိမ်းပြီးနောက် ၁၁-၁၁-၂၀၂၄ ရက်နေ့ (တနင်္လာနေ့) ကအိန္ဒိယနိုင်ငံမှ ထရပ်ကားသုံးစီးဖြင့် ဆန်တန်ချိန် ၁၃၁ တန်အား ဟီလီဆိပ်ကမ်းမှတဆင့်ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းသို့ တင်းသွင်းခဲ့ကြောင်းသိရသည်။ ၎င်းသည် အစိုးရ၏သွင်းကုန်ခွန်ကို ဖယ်ရှားရန်ဆုံးဖြတ်ပြီးနောက် လွန်ခဲ့သည့် ၂၀ လအတွင်း ပထမဆုံးဆန်တင်ပို့မှုလည်းဖြစ်သည်။ ဟီလီကုန်းတွင်းဆိပ်ကမ်း အခြေစိုက်တင်သွင်းသူ Md Mostafizur Rahman ကအစိုးရသည်ဆန်ဈေးတည်ငြိမ်စေရန်နှင့် ပြည်တွင်းစတော့များမြှင့်တင်ရန် အောက်တိုဘာလ ၃၁ ရက်က အခွန်ရုတ်သိမ်းကြောင်းပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြ

18 Nov 2024

               ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လတွင် ကုန်ပစ္စည်းများတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁.၅၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလက ၁၈.၅၉ ဘီလီယံ ရှိခဲ့ပြီး  ၁၆ ရာခိုင်နှုန်းတိုးလာကြောင်း ၁၁-၁၁-၂၀၂၄ ရက်နေ့က တရားဝင်ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယား၏ ပို့ကုန်များတွင်အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ စက်ဘီး၊ ကားတာယာ၊ ဆန်၊ ရာဘာ၊ ပီလောပီနံ၊ ငှက်ပျောသီး၊ သရက်သီးနှင့်ပဲများစသည်တို့ပါဝင်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အထွေထွေအစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတော်သည် ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စုစုပေါင်းသွင်းကုန် အမေရိ

18 Nov 2024

                 ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လအတွင်း အမေရိကန်ဒေါ်လာ ၁၂.၃၇ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်းတိုးလာကြောင်း အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ်ဆက်လက်ရပ်တည်နေပြီး အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့လည်းပါဝင်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံသို့  ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄၂ ဘီလီယံတင်ပို့ခဲ့ပြီး  တစ်နှစ်ထက်တစ်နှစ်

18 Nov 2024

                တရုတ်နိုင်ငံ Chongqing မြို့တော်တွင် လတ်တလောကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ဗီယက်နမ် နှင့်တရုတ်လုပ်ငန်းများသည် ကုန်သွယ်ရေး-စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် မီဒီယာတို့တွင် လွှမ်းခြုံထားသည့်နားလည်မှုသဝဏ်လွှာ (MOU) ၇ ခုကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါသည်။ ထိုပွဲကို ဗီယက်နမ်ဝန်ကြီးချုပ်  Pham Minh Chinh တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် Chongqing ၏ အာဆီယံတွင်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ်ရပ်တည်လျှက်ရှိပြီး နှစ်ဖက်ကုန်သွယ်မှုမှာ ၂၀၁၅ ခုနှစ်မှစ၍ ကြီးထွားလာကြောင်းသိရပါသည်။ ယခုနှစ်သည် ဗီယက်နမ်နိုင်ငံစက်မှုနှင

18 Nov 2024

               ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုများ၊ ကြီးမား‌သောအခြေခံအဆောက်အအုံစီမံကိန်းများနှင့်သင့်လျော်ကောင်းမွန်သော ဥပဒေဝန်းကျင်တို့ကြောင့် ဗီယက်နမ်နိုင်ငံ၏စက်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများသည် အားကောင်းစွာကြီးထွားလာကြောင်း ဗီယက်နမ်အိမ်ခြံမြေအေဂျင်စီ Savills Vietnam ၏ပြောကြားချက်အရ သိရပါသည်။ ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များနှင့် အချက်အလက်စင်တာများတိုးချဲ့လာခြင်းနှင့်အတူ ဗီယက်နမ်နိုင်ငံ၏ တန်ဖိုးမြင့်ကုန်ထုတ်လုပ်ခြင်းသို့ အသွင်ကူးပြောင်းလာခြင်းသည် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင် ၎င်းတို့၏နေရာအဆင့် ကိုမြှင့်တင်ပေးလျှက်ရှိကြောင်း အေဂျင်စီက နိုဝင်ဘာလ ၈ ရက်နေ့ကပြော

18 Nov 2024

        လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစားသောက်ထုတ်ကုန်များအားလုံး  စားသုံးသူများဘေးကင်းလုံခြုံစေရေးအလို့ငှာ လာအိုဘာသာဖြင့် ကုန်အမှတ်တံဆိပ်များ ကပ်ရန်နှင့်  အစားအသောက်နှင့်ဆေးဝါးမှတ်ပုံတင်ဌာနတွင် လာမည့် ၂၀၂၅၊ ဇန်နဝါရီ ၁ရက်နေ့မှစ၍  သတ်မှတ်ထားသည့် လိုအပ်သောစည်းမျဉ်းနည်းလမ်းများအတိုင်းမှတ်ပုံတင်ရန် ထုတ်ပြန်ကြေညာခဲ့သည်။

18 Nov 2024

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၅.၁ သန်းအထိ တင်သွင်း ရဖွယ်ရှိပြီး အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက် ဆန်တန်ချိန် ၄.၉ သန်းထက် ၀.၂ သန်း ပိုမိုလိမ့်မည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေး ဝန်ဆောင်မှုဌာန (FAS) က ပြောကြားခဲ့ကြောင်း သိရပါသည်။

18 Nov 2024

    ထိုင်းနိုင်ငံ၏ ယခုနှစ် ဆန်တင်ပို့မှုမှာ တန်ချိန် ၉ သန်းအထိ တိုးတက်လျက် နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ ဘီလီယံခန့် ဝင်ငွေရရှိနိုင်မည်ဟု ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

18 Nov 2024

     မလေးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်ထောက်ပံ့မှု လျော့ကျလာပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊  ‌ဖေဖော်ဝါရီလအထိ ၃ လအတွက် ဘာဆာမလေးရှားဈေးကွက်၌ စားအုန်းဆီကြမ်း ကြိုတင်အရောင်းစာချုပ်များကို အနည်းဆုံး ၅% ခန့် ဈေးနှုန်းမြှင့်တင် ချုပ်ဆိုမှု များရှိကြောင်း နိုင်ငံတကာစီးပွားရေး စောင့်ကြည့်လေ့လာရေးသုတေသနအဖွဲ့ (Business Monitor International-BMI) ၏ ‌ရေးသား ဖော်ပြချက်ကို ကိုးကားလျက် မလေးရှား New Straits Times သတင်းဌာနက ၁၁-၁၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြထားပါသည်။

18 Nov 2024

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဩစတေးလျစက်မှုလုပ်ငန်းများနှင့် စားသုံးသူများ၏ ဈေးကွက်လိုအပ်ချက် ကြီးထွားနေမှုကို ဖြည့်ဆည်းရန်အလို့ငှာ ဩစတေးလျနိုင်ငံသို့ အရည်အသွေးမြင့် အုန်းဆီ မက်ထရစ်တန်ချိန် ၃၀၀၀၀ ကို ထပ်ဆောင်း၍ နှစ်စဉ်တိုးမြှင့်တင်ပို့နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

18 Nov 2024

     ထိုင်းနိုင်ငံ၌ အမျိုးသားဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီသည် ဆန်စပါးဝယ်လိုအားနှင့် ရောင်းလိုအားအကြား ဟန်ချက်ညီစေရန်အတွက် အစီအမံ (၃) ရပ်ကို အတည်ပြုခဲ့ရာ ရိတ်သိမ်းချိန် ကာလအတွင်း ရောင်းလိုအားများခြင်းကြောင့် ယခုနှစ် သီးနှံရာသီတွင် စပါးဆန်ဈေးများ ရုတ်တရက် ကျဆင်းသွားမည် မဟုတ်ကြောင်း သေချာသည်ဟု လေ့လာသူများ၏ ပြောကြားချက် အရ သိရှိရသည်။

Pages