Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Nov 2024

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမ ၉လတာကာလတွင် သီဟိုဠ်စေ့ ၂သန်းကျော်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၆၂.၅၃% မြင့်တက်ခဲ့ကြောင်း အထွေထွေ စိုက်ပျိုးရေးဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထိုသို့မြင့်တက်လာခြင်းသည် လတ်ဆတ်သော သီဟိုဠ်စေ့အတွက် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်မှ ဝယ်လိုအား အားကောင်းလာမှုကို ညွှန်ပြနေကြောင်းသိရပါသည်။ သို့သော် သီဟိုဠ်စေ့ခြောက်တင်ပို့မှုမှာ တန်ချိန်၈၆၀၀၀၀ဖြင့် ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၂.၅၄% ကျဆင်းခဲ့ကြောင်းသိရပါသည်။ လတ်တလောတွင် ကမ္ဘောဒီးယားတွင် သီဟိုဠ်စိုက်ခင်းဟတ်တာ ၇၀၀၀၀၀ နီးပါးရှိကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စိုက်ပျိုးသူများအသင်း၏ ဥက္

04 Nov 2024

    ဆွီဒင်နိုင်ငံတွင် အရည်အသွေး မပြည့်မီသဖြင့် အာဏာပိုင်များက သိမ်းဆည်းရမိထားသော ဆန်စာရင်းတွင် ဗီယက်နမ်ဆန်အမည်အား ဖော်ပြထားခြင်းမရှိကြောင်း ယင်းနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်မှုရုံး၏ ပြောကြားချက်အရ သိရသည်။

04 Nov 2024

   အင်ဒိုနီးရှားအစိုးရသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် လူဦးရေ တိုးပွားလာမှုတို့ကြားတွင် နိုင်ငံ၏ စားနပ်ရိက္ခာ လုံလောက်မှု ခိုင်မာတောင့်တင်းစေရန် စပါးဧရိယာ ဟက်တာ ၃ သန်း အသစ်တိုးချဲ့ စိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။

04 Nov 2024

ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား၏ ဥရောပသမဂ္ဂ (EU) သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၂၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၀% နီးပါးမြင့်တက်ခဲ့ကာ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၇၄၃သန်းတန်ဖိုးရှိခဲ့ပြီး ၁.၆% ကျဆင်းခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ စပိန်နှင့် ဂျာမနီသည် EV တွင် ကမ္ဘောဒီးယား၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၂၂သန်းနှင့် အမေရိကန်ဒေါ်လာ ၇၈၄သန်း အသီးသီးရှိကြောင်းသိရပါသည်။ EU ရှိ အခြားကုန်သွယ်ဖက်နိုင်ငံများမှာ ပြင်သစ်၊ ဘယ်ဂျီယမ်နှင့် နယ်သာလန်တို့ဖြစ်ကြောင

04 Nov 2024

ပြည်တွင်းရောင်းချမှုနှင့် တင်ပို့မှုထိုးကျခဲ့သောကြောင့် ၂၀၂၄ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းကားထုတ်လုပ်မှုသည် ရည်မှန်းချက်ဖြစ်သည့် အစီးရေ ၁.၇ သန်းရရှိရန်မဖြစ်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) အနေဖြင့် ယခုနှစ်တွင် ရည်မှန်းချက်ကို ဒုတိယအကြိမ်အဖြစ် ပြန်လည်စိစစ်သတ်မှတ်ရန် ယူဆရကြောင်းသိရပါသည်။ ထိုကျဆင်းမှုနှင့်ပတ်သက်၍ အောက်တိုဘာလကုန်ပိုင်းတွင် FTI ၏ မော်တော်ကားလုပ်ငန်းအသင်းမှ အဖွဲ့ဝင်များက ဆွေးနွေးကြမည်ဖြစ်ပြီး ရည်မှန်းချက်အသစ်ကို နိုဝင်ဘာလတွင်ကြေညာရန် မျှော်လင့်ရကြောင်း အသင်း၏ ဒုတိယဥက္ကဋ္ဌနှင့် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Surapong Paisitpatanapong ကပြောကြ

04 Nov 2024

‌   စားအုန်းဆီကြမ်း (Crude Palm Oil-CPO) စျေးနှုန်းများသည် လတ်တလောကာလတွင် အားကောင်းနေသော်လည်း၊ ၎င်းအခြေအနေသည် ၂၀၂၄ ခုနှစ်အကုန်တွင် ပျောက်ကွယ်သွားဖွယ်ရှိသည်ဟု Fitch Solutions ကုမ္ပဏီမှ နိုင်ငံတကာ စီးပွားရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Business Monitor International-BMI) က ပြောကြားခဲ့ကြောင်း The Edge Malaysia  သတင်း ဌာနက ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

04 Nov 2024

အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက နိုင်ငံသည် ၂၀၁၈-၂၀၂၃ ကာလအတွင်း ငါးလုပ်ငန်းထုတ်ကုန်တင်ပို့မှုမှ ပိုငွေရခဲ့ကြောင်းနှင့် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၀.၆၅ ဘီလီယံမှ ၀.၇ ဘီလီယံသာရှိသောကြောင့် ယခုလိုပိုငွေရခဲ့ခြင်းဖြစ်ကြောင်း ၂၄-၁၀-၂၀၂၄ ရက်နေ့ကပြောကြားခဲ့ပါသည်။ ငါးလုပ်ငန်းထုတ်ကုန်နှင့်ပတ်သက်၍ သွင်းကုန်များမှာ နိုင်ငံတွင် မရရှိသော်လည်း ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များက လိုအပ်သော ငါးအရင်းမြစ်များဖြစ်ကြောင်းသိရပါသည်။ အင်ဒိုနီးရှား၏ ငါးလုပ်ငန်းထုတ်ကုန်များတင်ပို့မှုသည် ၂၀၁၈ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံရှိရာမှ ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒ

04 Nov 2024

   ထိုင်းနိုင်ငံ၌ အရေးပေါ်အခြေအနေဆိုင်ရာ စားသုံးဆီအရန်သိုလှောင်ထားရှိမှုကို မြှင့်တင်နိုင်ရန်အတွက် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကို အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပြီး လက်လီ အရောင်းဆိုင်များ အနေဖြင့်လည်း ဘူးသွင်းစားအုန်းဆီများ၏ ဈေးနှုန်းကို ထိန်းသိမ်းရာတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

04 Nov 2024

အမေရိကန်သို့ နှမ်းစေ့တင်ပို့မှု မူဝါဒအခြေအနေများကို ၂၃-၁၀-၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် အစိုးရမှ အသိပေးခဲ့သည်။ နည်းဥပဒေအသစ်သည် ယခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန (DGFT)မှ အိန္ဒိယဆီထွက်ကုန်နှင့် ထုတ်ကုန်ပို့ကုန်မြှင့်တင်ရေးကောင်စီအား ပို့ကုန်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရန် အခွင့်အာဏာအဖြစ် သတ်မှတ်ထားကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။ သီးခြားသတိပေးချက်တစ်ခုတွင် DGFT သည် ပို့ကုန်ထုတ်ကုန်များဆိုင်ရာအခွန်အများ (RoDTEP) ပြန်လည်အပ်နှံခြင်းဆိုင်ရာ အနှစ်ချုပ်တာဝန်များနှင့် အခွန်များတင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကိုအသိပ

04 Nov 2024

ဗီယက်နမ်လူမျိုးများသည် ၂၀၂၄ခုနှစ် တတိယသုံးလပတ်တွင် အွန်းလိုင်းဈေးဝယ်၌ VND ၈၄.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ) သုံးစွဲခဲ့ပြီး ၁၈.၂% မြင့်တက်ခဲ့ကြောင်း e-commerce ဈေးကွက်သုတေသနပလပ်ဖောင်း Metric ဖော်ပြချက်အရသိရသည်။ Shopee ၊ Tiktok Shop ၊ Lazada ၊ Tiki နှင့် Sendo အပါအဝင် ဗီယက်နမ်ရှိ အဓိက Online ဈေးဝယ်ပလက်ဖောင်းငါးခုတွင် အလှကုန်ပစ္စည်း အမျိုးသားဖိနပ်၊ ကုန်မျိုးစုံနှင့် ဖက်ရှင်ပစ္စည်းများသည် အရောင်းရဆုံး အမျိုးအစားများထဲတွင်ပါဝင်သည်။ VND ၂၀၀၀၀၀ (၈ဒေါ်လာ) အောက်ဈေးဖြင့် ရောင်းချသောပစ္စည်းများသည် အွန်လိုင်းဈေးဝယ်ခြင်းမှရရှိသော ဝင်ငွေ၏ထက်ဝက်ကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉% တိုးလာခြင

04 Nov 2024

     ကမ္ဘောဒီးယားနိုင်ငံ၌ ပီလောပီနံအစို ဈေးကွက်သည် ပို့ကုန်တင်ပို့မှုတွင် သိသာထင်ရှားသော တိုးတက်မှုဖြစ်သည့် ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ၁၆၀ ရာခိုင်နှုန်းကျော် မြင့်တက်မှုဖြင့် ခိုင်မာအားကောင်းလာကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

04 Nov 2024

      တရုတ်နိုင်ငံ၌ ကောက်ပဲသီးနှံထုတ်လုပ်မှုတည်ငြိမ်စေရေး အစဉ်တစိုက်ကြိုးပမ်းကြရန် တိုက်တွန်းထားပြီးဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် ကောက်ပဲသီးနှံ စုစုပေါင်း တန်ချိန်သန်း ၇၀၀ ကျော်ရရှိမည်ဟု မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

Pages