ပြည်ပကုန်သွယ်မှုသတင်းများ
သီရိလင်္ကာနိုင်ငံတွင် စားသုံးသူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ဆန်ထုတ်လုပ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အစိုးရ၏ ကြိုးပမ်းမှုများအနက် တစ်ခုအနေဖြင့် Nadu အမျိုးအစား ဆန်တန်ချိန် ၇၀၀၀၀ ကို တင်သွင်းသွားမည်ဟု ကူးသန်းရောင်းဝယ်မှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Wasantha Samarasinghe က ကြေညာခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံတွင် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း စိုက်ပျိုးထားရှိမှုမှ ထွက်ရှိသည့် ပဲစင်းငုံအသစ်များသည် ပမာဏအားဖြင့် နည်းပါးနေသေးသော်လည်း မဟာရဋ္ဌ၊ ကာနာတကာနှင့် တဲလန် ဂါနာ ပြည်နယ်များ၌ စတင်ဈေးကွက်ဝင်ရောက်လာပြီဖြစ်ပြီး စိုက်ပျိုးရာနယ်မြေဒေသ အသီးသီးတွင် ရင့်မှည့်မှုအခြေအနေ ကွဲပြားခြားနားချက်အရ ရှေ့လာမည့် ရက်သတ္တပတ် ၂ ပတ်ခန့်မှသာ အင်အားအပြည့်အဝဖြင့် ရိတ်သိမ်းထွက်ရှိမည်ဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
ကမ္ဘောဒီးယားအစိုးရသည် စီးပွားရေးကဏ္ဍကို ပြောင်းလဲသွားစေမည့်ရည်မှန်းချက်ဖြင့် လုပ်သားအင်အားသုံးထုတ်လုပ်မှုဗဟိုချက်မှ နည်းပညာမြင့်ရင်းနှီးမြှုပ်နှံမှု အချက်အချာသို့ကူးပြောင်းရန် အစီအစဉ်တစ်ရပ်ကိုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က၂၁-၁၁-၂၀၂၄ ရက်နေ့တွင်ပြောကြားခဲ့သည်။ လျှပ်စစ်ပစ္စည်းနှင့် မော်တော်ကားထုတ်လုပ်ရေးကဲ့သို့သောကဏ္ဍများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကိုဆွဲဆောင်ရန်ရည်ရွယ်ထားကြောင်း ဖနွမ်းပင်တော်ဝင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ နိုင်ငံတကာဈေးကွက်တွင် အပြိုင်အဆိုင်ဖြစ်လာစေရန် အစိုးရကလုပ်သားအင်းအားသုံး ထုတ်ကု
အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto က နိုင်ငံ၏အဓိကကဏ္ဍများတွင် ဖွံ့ဖြိုး တိုးတက်ရေးအတွက်အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုအာမခံချက်များကို ဗြိတိန်ကုမ္ပဏီများထံမှနိုဝင်ဘာ ၂၁ ရက်နေ့ကကျင်းပခဲ့သော CEO Roundtable Forum တွင် ရရှိခဲ့ကြောင်းသိရပါသည်။ သမ္မတသည် ဗြိတိန်လုပ်ငန်းများထံမှရရှိခဲ့သော ထိုရင်းနှီးမြှုပ်နှံမှုအာမခံချက်များသည် ဗြိတိန်လုပ်ငန်းများက အင်ဒိုနီးရှား၏စီးပွားရေးကို ယုံကြည်မှုရှိနေသည်ကိုပြသနေကြောင်းနှင့် အင်ဒိုနီးရှားအစိုးရ၏ သန့်စင်စွမ်းအင်နှင့် ထိရောက်သောအုပ်ချုပ်မှုအမူအကျင့်သို့ သွားရောက်နေသည့်အချက်ကလည်း ယခုကဲ့သို့ရရ
ဗီယက်နမ်နိုင်ငံသည် ဆယ်စုနှစ်များစွာတိုင်အောင် အဓိကလုပ်ငန်းများအတွက် တံခါးဖွင့်ထားခဲ့ပြီး ထရမ့်၏ဒုတိယသမ္မတသက်တမ်းကာလတွင်လည်း ကြီးမားသောစီးပွားရေးအခွင့်အလမ်းများကို ရရှိရန်မျှော်လင့်ရကြောင်း အမေရိကန်အခြေစိုက် Forbes ၏ဖော်ပြချက်အရ သိရပါသည်။ ၎င်း၏မဲဆွယ်စည်းရုံးရေးအစီအစဉ်များအတွင်း ဒေါ်နယ်ထရမ့်က စက်မှုလုပ်ငန်းများအားလုံးကို အမေရိကန်သို့ပြန်ခေါ်မည်ဟုကတိပြုခဲ့ပါသည်။ သို့သော်ထိုအချက်သည်ဖြစ်လာနိုင်ချေမရှိပဲ အကယ်၍ထိုသို့ပြုလုပ်ခဲ့ပါက ထရမ့်မျှော်မှန်းထားသကဲ့သို့ မြန်ဆန်စွာဖြစ်လာနိုင်ချေမရှိကြောင်းသိရပါသည်။ ထိုအချက်အစားဖြစ်လာနိုင်ချေရှိသည်မှာ ဗီယက်နမ်သည် ထိုမူဝါဒမှအဓိက
၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏အင်တာနက်စီးပွားရေးသည် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ ရောက်ရှိနိုင်ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၆ ရာခိုင်နှုန်းမြင့်တက်လာနိုင်သောကြောင့် နိုင်ငံ၏ e- commerce နှင့် ဒစ်ဂျစ်တယ်စီးပွားရေးသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကနေရာ၌ ဆက်လက်ရှိနေကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့က ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ တွင် စက်မှုနှင့်ကုန်သွယ်ရေး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဖိုရမ်တွင် ပြောကြားခဲ့ကြောင်းသိရပါသည်။ ဖိုရမ်တွင် ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေး ဒုတိယဝန်ကြီးဖြစ်သူ Truong Thanh Hoai က နိုင်ငံတကာအဖွဲ့အစည်းအများစုသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလုံး
ဘိလပ်မြေတင်သွင်းမှုဆက်လက်မြင့်တက်လာသောကြောင့် ဖိလစ်ပိုင်နိုင်ငံဘိလပ်မြေထုတ်လုပ်သူများက လုံခြုံရေးစီမံချက်များချမှတ်ရန် တွန်းအားပေးဆောင်ရွက်နေကြောင်း သိရပါသည်။ ဖိလစ်ပိုင်ဘိလပ်မြေထုတ်လုပ်သူများအသင်း(CeMAP)၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Renato Baja ကအသင်းနှင့် Eagle cement Corp.
ဖိလစ်ပိုင်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ (PEZA) ကပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကုန်ထုတ်လုပ်ခြင်းနှင့် သတင်းအချက်အလက်နည်းပညာတို့တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ပီဆို (ဖိလစ်ပိုင်သုံးငွေကြေး) ၉၈.၄ သန်းရှိသည့် စီမံကိန်း ၃ ခုကိုခွင့်ပြုခဲ့ကြောင်းသိရပါသည်။ PEZA ၏ညွှန်ကြားရေးမှူးဖြစ်သူ Tereso Panga က စီးပွားရေးလုပ်ငန်းသစ်သုံးခုနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီက ပြောကြားခဲ့ပါသည်။ ထိုခွင့်ပြုခဲ့သည့်စီမံကိန်းထဲမှ ပီဆို ၆၁.၀၆ သန်းတန်ဖိုးရှိသည့် Tsuneishi Green Energy စီမံကိန်းသည် နိုင်
စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဝန်ကြီး Vanndy Hem က ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့၏စက်ရုံသို့ အာဆီယံနှင့် အခြားနိုင်ငံများသို့တင်ပို့ရောင်းချရန် အချက်အချာအဖြစ် တရုတ်ကုမ္ပဏီတစ်ခုအားတိုက်တွန်းထားသည်။ Kandal ပြည်နယ်၊ Ang Snuol ခရိုင်ရှိနိုင်ငံစုံ China Lesso Group ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Lesso (Cambodia) Trading Co.,Ltd သို့ ၎င်း၏ခရီးစဉ်အတွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ Vanndy သည် ပိုမိုကောင်းမွန်သောရေအရင်းမြစ်နှင့် အဆောက်အအုံများလိုအပ်ကြောင်း၊ ပြည်နယ်များတစ်လျောက် စံနှုန်းများကွာခြားချက်များကိုပြောကြားခဲ့သည်။ ကမ္ဘောဒီးယားတွင် ပုဂ္ဂလိကရေလုပ်ငန်းလုပ
ထိုင်းနိုင်ငံ၏ စားနပ်ရိက္ခာကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် ဘတ်ငွေ ၇၀၀ ဘီလီယံကျော်အထိ ရောက်ရှိရန်မျှော်မှန်းထားပြီး ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာ ဗဟိုချက်ဖြစ်လာရန် ထိုင်းနိုင်ငံအား ပုဂ္ဂလိကကဏ္ဍများမှ တွန်းအားပေးရန်စီစဉ်ထားကြောင်းသိရသည်။ ထိုင်းစားသောက်ဆိုင်များအသင်းဥက္ကဋ္ဌ Taniwan Konnmongkon ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံ၏စားသောက်ကုန် ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် ထိုင်းဘတ်ငွေ ၆၉၀ ဘီလီယံအထိ ရှိလာမည်ဟုခန့်မှန်းထားပြီး တိုးတက်မှုနှုန်း ၅% ဖြင့် လာမည့်နှစ်တွင် ဘတ်ငွေ ၇၀၀ ဘီလီယံ ကျော်လွန်နိုင်သည်ဟုဆိုသည်။ နိုင်ငံတော်ဝင်ငွေ၏ အရေးပါသောကဏ္ဍတစ်ခုအဖ
ဗီယက်နမ်နိုင်ငံသည် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆၄၀.၇၂ သန်းတန်ဖိုးရှိ ဒူးရင်းသီးတန်ချိန် ၁၇၇၀၀၀ တင်ပို့ခဲ့ပြီး ယင်းဈေးကွက်သို့ သစ်သီးတင်သွင်းသူအဖြစ် ထိုင်းနိုင်ငံသို့ကျော်လွန်ခဲ့သည်။ တရုတ်နိုင်ငံသည် စက်တင်ဘာတွင် ဒူးရင်းသီးတန်ချိန် ၂၂၈၀၀၀ တင်သွင်းရန် ဒေါ်လာ ၈၉၄.၅၈ သန်းသုံးစွဲခဲ့ပြီး ၎င်းတွင် ဗီယက်နမ်မှ ၇၇.၆% တင်သွင်း ခဲ့ကြောင်းသိရသည်။ သို့သော် ထိုင်းနိုင်ငံသည် ပထမ ကိုးလအတွင်း ဒူးရင်းသီးတင်ပို့မှု၌ ဦးဆောင်နေခဲ့ပြီး ကန်ဒေါ်လာ ၃.၇၃ ဘီလီယံ တန်ဖိုးရှိသစ်သီးတန်ချိန် ၇၅၅၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ပမာဏ ၅၄.၇% ရှိခဲ့သည်။ သို့သော်ကိန်းဂဏန်းများသည် တစ်နှစ
တိုင်ဖွန်းမုန်တိုင်း ဆက်တိုက်တိုက်ခတ်မှုကြောင့် ငါးဖမ်းလုပ်ငန်းကဏ္ဍတွင် ပီဆို ၁ ဘီလီယံနီးပါး ထိခိုက်ပျက်စီးမှုနှင့်အတူ ငါးဖမ်းရာသီပိတ်သိမ်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အစိုးရမှ ငါးမတ်ထရစ်တန်ချိန် ၈၀၀၀ အား ထပ်မံတင်သွင်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ အရာရှိတစ်ဦးက (၁၉.၁၁.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့က ပြောကြားခဲ့သည်။ စိုက်ပျိုးရေးလက်ထောက်အတွင်းတန်ဖြစ်သော An Arnel de Mesa က ၁၈.၁၁.၂၀၂၄ ရက်နေ့၊ တနင်္လာနေ့တွင် စိုက်ပျိုးမွေးမြူရေးဌာနအရာရှိများ အစည်းအဝေးတွင် နောက်ထပ်ငါးမတ်ထရစ်တန်ချိန် ၈၀၀၀ ကို တင်သွင်းရန်ဆွေးနွေးခဲ့ကြောင်း သတင်းစာရှင်း