ပြည်ပကုန်သွယ်မှုသတင်းများ
ထုတ်လုပ်မှုနာလံထူလာမှုနှင့် ဆက်လက်ကြီးထွားလာမှုတို့ကြောင့် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် တင်ပို့ရန် ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၆၀ဘီလီယံကိုကျော်နိုင်ရန် အလားအလာရှိကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန(MARD) ၏ အဆိုအရသိရပါသည်။ ယခုနှစ်၏ ပထမ ၉လတာကာလတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၆.၂၈ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကဏ္ဍသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၇၁.၂% မြင့်တက်ခဲ့ကာ နိုင့်စုစုပေါင်းကုန်သွယ်ရ
စင်္ကာပူအခြေစိုက် CSNC ၏ အမေရိကန်ဒေါ်လာ ၁၂သန်းတန်ကြေးရှိသည့် ကမ္ဘောဒီးယား၏ အကြီးမားဆုံး သီဟိုဠ်စက်ရုံသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် တည်ဆောက်မှုပြီးစီးမည်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ မတ်လတွင် စတင်လည်ပတ်မည်ဟုသိရပါသည်။ ထိုစက်ရုံသည် နှစ်စဉ်တင်ပို့ရန်အတွက် တစ်ရက်ကို သီဟိုဠ်စေ့ တန်၄၀နှင့် တစ်နှစ်ကို တန်၁၂၀၀၀ကျော်ထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရပါသည်။ သီဟိုဠ်ထုတ်ကုန်များသည် အဓိကဈေးကွက် ၄ခုဖြစ်သည့် တရုတ်၊ ဥရောပ၊ UAE နှင့် အမေရိကန်တို့တွင် အားကောင်းသည့်အလားအလာကို ပြသနေကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသီဟိုဠ်စေ့အသင်း(CAC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Suy Kokthean က စက်ရုံမှပြုပြင်ထုလုပ်ထားသော သီဟိုဠ်စေ့ ပထ
ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် နော်ဝေနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုတိုးချဲ့ဆောင်ရွက်ကြရန် ကမ္ဘောဒီးယားပို့ကုန်များကို နော်ဝေအထွေထွေဦးစားပေးစနစ် (GSP) မှ အကျိုးကျေးဇူးများစွာရရှိစေမည် ပို့ကုန်များကို အကောက်ခွန်မဲ့သုံးစွဲခွင့်ပေးထားသည်။ “Norwegin Generalized System of Preferences (GSP)” နှီးနှောဖလှယ်ပွဲတွင် Cham Nimul ကဆွေးနွေးပွဲအတွက် အစပြုမှုနှင့် ပံ့ပိုးကူညီမှုတို့အတွက် နော်ဝေသံအမတ်ကြီးအား ကျေးဇူးတင်ကြောင်းနှင့် နှစ်နိုင်ငံအစိုးရများက ကုန်သွယ်မှုကိုတိုးမြှင့်လုပ်ဆောင်ကြရန် စိတ်အားထက်သန်နေသောကြောင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် အရေးပါသည့
ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဒီဇင်ဘာလတွင် ပထမဆုံးဒီဂျစ်တယ်ကုန်သွယ်မှုဖိုရမ်နှင့် အွန်လိုင်းကုန်စည်ပြပွဲကို လက်ခံကျင်းပမည်ဖြစ်သည်။ ထိုပွဲသည် ကမ္ဘောဒီးယားတွင် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကိုမြှင့်တင်ရန်နှင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံခြားဈေးကွက်သို့ထိုးဖောက်နိုင်ရန် ပံ့ပိုးမှုတစ်ခုဖြစ်မည်ဟုယုံကြည်ထားသည်။ ကမ္ဘောဒီးယားဒစ်ဂျစ်တယ်ကုန်သွယ်မှုဖိုရမ်နှင့် အွန်လိုင်းကုန်စည်ပြပွဲသည် နိုင်ငံအတွင်း ပထမဆုံးအကြိမ်ကျင်းပသည့်ပွဲဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့မှ ၁၆ရက်နေ့အထိ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဖိုရမ်နှင့်ပြပွဲသည် ကမ္ဘောဒီးယားတ
အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာတင်ပို့မှုမှာ ၁% ကျဆင်းခဲ့ပြီး ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၁၂.၁၃ ဘီလီယံရောက်ရှိခဲ့သည်။ ယင်းသို့ကျဆင်းမှုသည် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှု ၁၇% သိသိသာသာကျဆင်းသွားခြင်းကြောင့်ဟု Financial Express ၏ အစီရင်ခံစာအရသိရသည်။ ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုကျဆင်းနေချိန်တွင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်၊ ကျွဲသားနှင့် သစ်သီးဝလံတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ခုနှစ် အလားတူကာလတွင် သိသိသာသာတိုးတက်ခဲ့သည်။ ဘာစမာတီဆန်တင်ပို့မှုမှာ ၁၁% သိသိသာသာမြင့်တက်လာပြီး ကန်ဒေါ်လာ ၂.၈၇ ဘီလီယံအထိရောက်ရှိခဲ့သည
ယခုနှစ်၏ ပထမ ၉လတာကာလတွင် ဗီယက်နမ်သည် စင်္ကာပူ၏ ၅ခုမြောက်အကြီးဆုံး ရေထွက်ကုန်တင်ပို့သူအဖြစ်ရပ်တည်ခဲ့ကြောင်း စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးကပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း စင်္ကာပူသည် အမေရိကန်ဒေါ်လာ ၆၃၅.၂၄ သန်းတန်ဖိုးရှိသည့် ရေထွက်ကုန်များအား နိုင်ငံနှင့် ဒေသ၁၀၀နီးပါးမှတင်သွင်းခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၄.၅၁% ကျဆင်းခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း စင်္ကာပူသို့ ရေထုတ်ကုန်များတင်ပို့သည့် ထိပ်တန်းနိုင်ငံများမှာ မလေးရှားက ဈေးကွက်ဝေစု၏ ၁၃.၄၂%၊ အင်ဒိုနီးရှား ၁၀.၉၈%၊ နော်ဝေ ၁၀.၃၄%၊ တရုတ် ၉.၈၁%၊ ဗီယက်နမ် ၉.၂၂% နှင့် ဂျပန် ၈.၄၂% တို့ဖြစ်ကြောင်းသိရပါသည်။ စင်္ကာပူရှိ ဗီယ
နိုင်ငံတော်စာရင်းအင်းကော်မတီ၏ မကြာသေးမီက အပ်ဒိတ်သတင်းများအရ အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတင်ပို့သည့် ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ တင်ပို့မှုများမြင့်တက်ခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတန်ချိန်၄၃၀၀၀တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၈.၃ သန်းရရှိခဲ့သည်။ ထိုပန်းသီးတန်ချိန်၄၃၀၀၀မှ တန်ချိန်၃၆၉၀၀အား ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသောတန်ချိန်၄၀၀၀အား ဆော်ဒီအာရေဗျဈေးကွက်သို့တင်ပို့ခဲ့သည်။
ကမ္ဘောဒီးယားတော်ဝင်အစိုးရ ( RGC ) နှင့်ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များပိုမို လာရောက်ရင်းနှီးမြှုပ်နှံကြရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယား-တောင်ကိုရီးယားတို့၏ အစိုးရ-ပုဂ္ဂလိက ကဏ္ဍဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကောင်စီ ( CDC ) ၏ ဒုတိယဝန်ကြီးချုပ် Sun Chanthol ကိုရီးယားသံအမတ် Park Jung Wook တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။ ယခုဆွေးနွေးပွဲသည်နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု အားကောင်း
အီကွေဒေါသည် ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်၍ တင်ပို့ခဲ့သည်။ အီကွေဒေါနိုင်ငံမှ ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများအား တစ်ပတ်လျှင် ၁၅၀၀ ကီလိုဂရမ်တင်ပို့မည်ဖြစ်ပြီး ရာသီကုန်လာသည်နှင့်အမျှ ထုထည်အားဖြင့် နှစ်ဆ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ထိုဘလူးဘယ်ရီသီးများသည် အီကွေဒေါနိုင်ငံမှ တင်ပို့ သော အဝါရောင် နဂါးမောက်သီး၊ သလဲသီးတို့နှင့်အတူ နိုင်ငံတကာ ဈေးကွက်သို့ စတင်ဝင်ရောက် လာခဲ့သည်။ Nobis Fruit ကုမ္ပဏီသည် ဟောင်ကောင်တွင် AtlasBlue ဘလူးဘယ်ရီသီးမျိုးစိတ်များကို မိတ်ဆက်ရာတွင် ဦးဆောင် ဆောင်ရွက်ခဲ့သည်။ Nobis Fruit ကုမ္ပဏ
နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် အမျိုးသမီးများ၏ပါဝင်မှုကို မြှင့်တင်သင့်ကြောင်း G20 ၏ အကြီးဆုံးသော စီးပွားရေးအုပ်စုမှ ဝန်ကြီးများက ကြာသပတေးနေ့တွင် သဘောတူညီခဲ့ကြသည်။ ပဋိပက္ခဖြေရှင်းရေးစနစ်တွင် “ပိုမိုမြန်ဆန်၊ ပိုမိုသွက်လက်ပြီး ထိရောက်မှု” ရရှိရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးကို အရှိန်မြှင့်ရန်လိုအပ်ကြောင်းတို့ကို သဘောတူညီခဲ့ကြောင်း ဘရာဇီးဒုတိယသမ္မတနှင့် ကုန်သွယ်ရေးဝန်ကြီး Geraldo Alckmin က သတင်းထောက်များအား ပြောကြားခဲ့သည်။ Brasilia တွင် G20 ကုန်သွယ်ရေးဝ
အိန္ဒိယသည် အဓိကပို့ကုန်ခွန်ကိုဖျက်သိမ်းကာ စျေးကွက်တွင် ထောက်ပံ့မှုလွန်ကဲလာမည်ကို စိုးရိမ်မှုများမြင့်တက်လာပြီးနောက် ထိပ်တန်းဆန်တင်ပို့သူနှင့် ဗီယက်နမ်နိုင်ငံတို့၏ နှုန်းထားများကို တစ်နှစ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်သို့တွန်းပို့ခဲ့ပြီး ယခုသီတင်းပတ်အတွင်း အာရှ၏ အဓိကအချက်အချာနေရာများတွင် ဆန်တင်ပို့မှုနှုန်းကျဆင်းသွားခဲ့ကြောင်းသိရသည်။ အိန္ဒိယသည် ပို့ကုန်ခွန်မြှင့်တင်ရန် အင်္ဂါနေ့နှောင်းပိုင်းတွင် ဆန်ဖြူအပေါ် ပို့ကုန်ခွန်ကိုဖယ်ရှားခဲ့ပြီး ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအတွက် ကြမ်းခင်းဈေး တစ်တန် ကန်ဒေါ်လာ၄၉၀ကိုဖယ်ရှားခဲ့သည်။ အိန္ဒိယ၏ ဆန်ဖြူဆန်ကွဲ ၅ရာခိုင်နှုန်းကို ယခုသီတင်းပတ်တွင် တစ်တန်
အိန္ဒိယအစိုးရသည် အောက်တိုဘာလ ၂၂ရက်နေ့မှစ၍ လတ်တလောဆုံးဖြတ်ချက် (၂) ခုဖြင့် ၂၀၂၂ စက်တင်ဘာလကတည်းက စတင်အသက်ဝင်ခဲ့သော ဆန်တင်ပို့မှုဆိုင်ရာ အတားအဆီးများ အားလုံးကိုဖယ်ရှားခဲ့သည်။ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုတွင် အိန္ဒိယဆန်တင်ပို့မှုအနေဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၉၀ (MEP) ဖြင့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကိုရုပ်သိမ်းခဲ့သည်။ ယခုကဲ့သို့သော ရုတ်သိမ်းမှုသည် ဆန်ဖြူတင်ပို့မှုအပေါ် အခွန်ရုပ်သိမ်းပြီး တစ်ရက်အကြာတွင် ကြော်ငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ “ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအတွက် MEP ၏ လိုအပ်ချက်သည် ချက်ချင်းအကျိုးသက်ရောက်မှုရှိသည်” ဟု အိန္ဒိယနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဌ