ပြည်ပကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော World Rice Conferenci 2024 တွင် ကမ္ဘောဒီးယားအရည်အသွေးနှင့် အမွှေးကြိုင်ဆန်အတွက် အမှတ်အသားဖြစ်သည့် Malis Angkor ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် (၆) ကြိမ်မြောက်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာကုန်စည်ဒိုင် (ICI) နှင့် United States Of Rice Traders တို့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) မှ တောင်သူလယ်သမားများမှာ ကောင်းမွန်စွာစိုက်ပျိုးပြီး ဆန်စက်ပိုင်ရှင်များ၏ ကောင်းမွန်စွာကြိတ်ခွဲလုပ်ကိုင်ပေးခြင်းတို့ကြောင့် မိမိတို့နိုင်ငံအတွက် အကောင်းဆုံးဆန်ဆုကိုရရှိခဲ့ခြင်းဖြစ်
အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် ၂၀၂၄-၂၀၂၅ ရာသီတွင် မတ်ထရစ်တန်ချိန် ၁၀၂သန်းအထိ ထပ်မံကျဆင်းနိုင်သည်ဟုခန့်မှန်းထားပြီး ရာသီဥတုကောင်းမွန်ပါက ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီတင်သွင်းသော အိန္ဒိယနိုင်ငံသည် အောက်တိုဘာလတွင် ကုန်ဆုံးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် တန်ချိန် ၁၆သန်းတင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း The Solvent Extractors Association of India ၏ အမှုဆောင်ဒါရိုက်တာ BV Mehta ကပြောကြားခဲ့သည်။ ပြီးခဲ့သော နှစ်တွင် အိန္ဒိယနိုင်ငံသည် တန်ချိန် ၁၆.၅ သန်းတင်သွင်းခဲ့သည်။ ယခုနှစ်တွင် အိန
တရုတ်နိုင်ငံစိုက်ပျိုးရေးကုမ္ပဏီဖြစ်သည့် Zhengzhou Chen’s Sun သည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့် တရုတ်သို့တင်ပို့ရန်အတွက် ဒူးရင်းသီးပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်းသိရပါသည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Xuemei Chen က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်သူ Hun Manet နှင့် နိုဝင်ဘာလ ၆ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌တွေ့ဆုံစဉ် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့်သစ်သီးလုပ်ငန်းတွင် ကြီးမားသောအလားအလာရှိမှုကို အသိအမှတ်ပြုကြောင်းနှင့် တရုတ်နှင့် အခြားနိုင်ငံများသို့တင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် အထူးသဖြင့် ဒူးရင်းပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရာတ
အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Jerry Sambuaga က ဌာနသည် အင်ဒိုနီးရှားထုတ်ကုန်များအား ပြည်ပသို့ဈေးကွက်တိုးချဲ့မှုအရှိန်မြှင့်တင်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ Sambuaga က တင်ပို့ကုန်များသည် အင်ဒိုနီးရှားစီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာပါဝင်နေကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်မည့်ကိစ္စနှင့်ပတ်သက်၍ အကောင်းမြင်သင့်ကြောင်း ၁-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာတစ်လွှားတွင် ကုန်သွယ်ရေး ကိုယ်စားလှယ် ၄၆ဦးရှိကြောင်းသိရပါသည်။ ၁၉ဦးမှာ အင်ဒိုနီးရှားကုန်သွယ်မှုမြှ
Cherry အင်ဒိုနီးရှားက Omoda C5 အမျိုးအစား မော်တော်ယာဉ်များအား ဗီယက်နမ်သို့ ပထမဆုံးတင်ပို့လိုက်ကြောင်း Omoda & Jaecoo ဗီယက်နမ်က နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဈေးနှုန်းများကို ပြည်တွင်းတပ်ဆင်မှုမတိုင်မီ ယခုလနှောင်းပိုင်းတွင် ဖော်ပြရန် မျှော်လင့်ရကြောင်းသိရပါသည်။ အင်ဒိုနီးရှားနှင့် မလေးရှားမှ ယာဉ်များတင်သွင်းမှုအပြင် Omoda & Jaecoo ဗီယက်နမ်သည် တစ်နှစ်လျှင် မော်တော်ယာဉ်အစီး ၂၀၀၀၀၀ ထုတ်လုပ်နိုင်သည့်စက်ရုံကို Thai Binh ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိကြောင်းသိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း၈၀၀ရှိသည့် ထိုစက်ရုံသည် ၂၀၂၆ခုနှစ်တွင် စတင်လည်ပတ်နိ
Srinagar တွင် လက်ရှိတင်ပို့နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ နီပေါနှင့်ဘူတန်သို့ပါ ကက်ရှ်မီးယားမှ ပန်းသီးများအား တင်ပို့မှုတိုးချဲ့မှုသည် ကက်ရှ်မီးယားပြည်တွင်း သစ်သီးဝလံစိုက်ပျိုးသူများအပေါ် အကောင်းမြင်လာစေသည်။ Sopore Fruit Mandi သည် ကျန်နိုင်ငံများသို့ ပန်းသီးတင်သော ထရပ်ကားများကို နေ့စဉ်ပို့ဆောင်ပေးခြင်းဖြင့် ကျန်ကုန်သွယ်မှုအတွက် ဗဟိုအချက်အချာအဖြစ် ပေါ်ပေါက်လာခဲ့သည်။ Sopore Fruit Mandi ၏ ဥက္ကဋ္ဌ Fayaz Ahmad Malik ၏ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့မှုပမာဏထက်နည်းသော်လည်း ဘူတန်နှင့် နီပေါတို့မှ တင်သွင်းသူများအနေဖြင့် ကက်ရှ်မီးယားပန်းသီးမျိုးကွဲများကို စိတ်ဝင်စာ
ယခုနှစ် ပထမ ၁၀လတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိသော ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၄၆ခုကိုခွင့်ပြုခဲ့ပြီး အလုပ်အကိုင် ၂၆၆၀၀၀ ဖန်တီးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က ၅-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ စီမံကိန်းအသစ်များသည် အဓိကအားဖြင့် အဝတ်အထည်၊ ခရီးသွားအသုံးအဆောင်နှင့် ဖိနပ်ကဏ္ဍ၊ ဟိုတယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုက်ဒရိုလျှပ်စစ်ပါဝါရုံများ၊ ရေချိုဆိပ်ကမ်းများ၊ ဆိုလာပါဝါစက်ရုံများ၊ စိုက်ပျိုးရေး၊ ဖျော်ဖြေရေးပန်းခြံများ၊ ကားတာယာစက်ရုံးများ၊ SEZ များနှင့် အခြေခံအဆောက်အအုံတို့တွင်ဖြစ်ကြောင်းသိရပါသည်။ အောက်တိုဘာလတစ်လတည်းတ
ကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးက ဗီယက်နမ်လုပ်ငန်းများသည် အာရှသို့ တင်ပို့မှုအရှိန်မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှုပြုလုပ်ရေးအားထုတ်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်နှင့် ထောက်ပံ့မှုကွင်းဆက်အသစ်တွင် ပါဝင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ နိုဝင်ဘာလ ၅ရက်နေ့တွင် ကျင်းပခဲ့သော အာရှဈေးကွက်များသို့ ကုန်သွယ်မှုမြှင့်တင်ရေးကွန်းဖရန့်တွင် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဘက်ပေါင်းစုံကုန်သွယ်ရေးမူဝါဒဦးစီးဌာန၏ အာဆီယံဒေသ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Quyen Anh Ngoc က စီးပွားရေးလုပ်ငန်းများအား အခွင့်အရေးများကိုဆုပ်ကိုင်နိုင်ရန်အတွက် သင့်လျော်သောထုတ်လုပ်ခြင်းနှင့် စီးပွားရေးမဟာဗျူဟာဖွံ့ဖြိုးတ
အောက်တိုဘာလတစ်လတည်းတွင် ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် အမေရိကန်ဒေါ်လာ ၂၂၆သန်းတန်ကြေးရှိသည့် စီမံကိန်း ၃၁ခုကိုအတည်ပြုခဲ့ပြီး ပြည်တွင်းမှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၆၀၀၀ ဖန်တီးပေးနိုင်မည်ဟုသိရပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀ခုသည် အထူးစီးပွားရေးဇုန်များ (SEZs) တွင်တည်ရှိပြီး ကျန် ၂၁ခုမှာ SEZs ပြင်ပတွင်ရှိကြောင်း CDC က ၅-၁၁-၂၀၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် အခြေခံအဆောက်အအုံနှင့် အဝတ်အထည်၊ ဖိနပ်၊ အိတ်များ၊ အိမ်သုံးပစ္စည်းများ၊ ခရီးသွားအသုံးအဆောင်များ၊ ပရိဘောဂနှင့် အလှဆင်ပစ္စည်း စသည
ဘရာဇီးနိုင်ငံ၏ ပုံမှန်မဟုတ်သော ခြောက်သွေ့သောအခြေအနေများကြောင့် နိုင်ငံ့ကော်ဖီထုတ်လုပ်မှုရပ်တန့်သွားမည်ကို စိုးရိမ်မှုများကြောင့် အင်္ဂါနေ့တွင် ကော်ဖီဈေးနှုန်းများ အတန်အသင့်မြင့်တက်ခဲ့သည်။ Somar Meteorologia ၏ တနင်္လာနေ့ဖော်ပြချက်အရ ဘရာဇီးနိုင်ငံ၏ အကြီးဆုံးအာရေဗီကာကော်ဖီစိုက်ပျိုးသော Minas Gerais တွင် မိုးရေချိန် ၂၇.၄ မီလီမီတာသာရွာသွန်းခဲ့ကြောင်းသိရသည်။ Minas Gerais သည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးအာရေဗီကာ ကော်ဖီထုတ်လုပ်သည့် နေရာဖြစ်ပြီး မိုးခေါင်မှုများကြောင့် ၂၀၂၅-၂၀၂၆ အာရေဗီကာကော်ဖ သီးနှံများအတွက် အလားအလာများကိုလျော့ကျစေသည်။ ဘရာဇီးနိုင်ငံသည် ၁၉၈၁ခုနှစ်မှစ၍ အခြောက်သွေ့ဆုံးရာသီဥတုနှင့
အိန္ဒိယ JSW Steel နှင့် Posco တို့သည် လာမည့်နှစ်များအတွင်း အိန္ဒိယနိုင်ငံရှိ ၎င်းတို့၏အဆိုပြုစက်ရုံတွင် ရူပီးဘီလီယံ ၆၅၀ (ဒေါ်လာ ၇.၇၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သတင်းအရင်းအမြစ်များကပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်က JSW Steel နှင့် Posco တို့သည် တစ်နှစ်လျှင် ကနဦး မတ်ထရစ်တန်ချိန် ၅သန်းထုတ်လုပ်နိုင်သည့် ပေါင်းဖက်သံမဏိစက်ရုံတည်ထောင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစက်ရုံသည် သံသတ္ထုရိုင်းများအထွက်များသော အရှေ့ပိုင်း Odisha ပြည်နယ်တွင် တည်ရှိမည်ဖြစ်သည်။ သဘောတူညီချက်အရ ဘဏ္ဍာရေးအသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိသော်လည်း အဆိုပါစက်ရုံတွင် ကနဦးရင်းနှီးမြှုပ်နှံမှုအန
ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ပံ့ပိုးကူညီမှုသည် ၂၀၁၃ခုနှစ်တွင် ဒေါ်လာ ၂၅ဘီလီယံမှ ၈၅ရာခိုင်နှုန်းလျော့ကျသွားခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ဒေါ်လာ ၃.၅ ဘီလီယံအထိလျော့ကျသွားခဲ့ကြောင်း တနင်္လာနေ့တွင် တရားဝင်မှတ်ချက်တစ်ခုအရသိရသည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏အစီရင်ခံစာအရ လက်လီဈေးနှုန်းများ၊ အခွန်ဈေးနှုန်းများနှင့် ရွေးချယ်ထားသော ရေနံထွက်ကုန်များအတွက် ထောက်ပံ့မှုများအပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဘဏ္ဍာရေးထောက်ပံ့မှုများကို ၈၅ရာခိုင်နှုန်းအထိလျှော့ချခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ ၂၀၁၄ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း ကမ္ဘာ့ရေနံ ဈေးနိမ့်သောကာလတွင် ဓာတ်ဆီနှင့် ဒီဇယ်အပေါ် စည်းကြပ်ခွန်များတိုးမ