ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် သစ်နှင့် သစ်ထုတ်ကုန်များ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါသည်။ ထိုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၂၈၀ နှင့်ညီမျှသော ၁၂.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သည် ထိုကာလအတွင်း ဗီယက်နမ်၏ သစ်နှင့်သစ်ထုတ်ကုန်တင်ပို့ရာအကြီးမားဆုံးဈေးကွက် ဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၅၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုဈေးကွက်ထံမှ တင်သွင်းရန်မှာယူမှုများ

၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်နှင့်တရုတ်ကြား အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံကျော်ရောက်ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အမျိုးသားစာရင်းအင်းရုံး၏ အချက်အလက်များအရ သိရပါသည်။ ထိုနှစ်လအတွင် ဗီယက်နမ်၏ တရုတ်နိုင်ငံထံမှ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃.၃ ဘီလီယံ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ သို့သော် တရုတ်နိုင်ငံထံသို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် ဖေဖော်

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ (၂) လအတွင်း အမေရိကန်ဒေါ်လာ ၉.၄၄ ဘီလီယံမှ ၁၆.၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်ကြီးကြပ်မှုဦးစီးဌာန(GDCE) မှ ၁၀-၃-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပသို့ ကုန်စည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ သွင်းကုန်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၄.၉၈ ဘီလီယံရှိခဲ့ပြီး ၂၀.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံနှင့် ဗီယက

အိန္ဒိယနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနေမှုအရ မတ်ပဲအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့် သွင်းကုန်မူဝါဒကို အစိုးရက နောက်ထပ် ၁ နှစ် တိုးမြှင့်ခွင့်ပြုခဲ့သည်ဟု The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁၀ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာတွင် မတ်ပဲအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုသောကုန်စည်အဖြစ် သတ်မှတ် သည့် သွင်းကုန်မူဝါဒကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကျင့်သုံးမည်ဟု ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် ဆန်ကွဲတင်ပို့ခွင့်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ကတည်းက တားမြစ် ပိတ်ပင်ထားခဲ့ရာမှ ယခုအခါ ၁၀၀ ရာခိုင်နှုန်းပြည့် လွတ်လပ်စွာတင်ပို့ခွင့်ရှိသော ကုန်စည်အဖြစ် မူဝါဒ ပြင်ဆင်လိုက်သည်ဟု အိန္ဒိယ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက မတ်လ ၇ ရက်နေ့ ညနေပိုင်း၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ပဲတင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အခွန်ဦးစီးဌာနသည် မတ်လ ၇ ရက်နေ့တွင် အမိန့်ကြော်ငြာစာ နှစ်စောင်ကို ထုတ် ပြန်ခဲ့ရာ ပဲနီလေးအား အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုထားရာမှ မတ်လ ၈ ရက်နေ့မှစတင်၍ အခြေခံအကောက်ခွန်နှုန်းထား ၅ ရာခိုင်နှုန်းနှင့် ထိုကဲ့သို့ စည်းကြပ်သည့်အခွန်အပေါ် လယ်ယာ စိုက်ပျိုးရေး အခြေခံအဆောက်အအုံ ရန်ပုံငွေ ခိုင်ကြေး (Agriculture Infrastructure and Development Cess - AIDC) ၅ ရာခိုင်နှုန်းတို့ကို ကောက်ခံမည်ဖြစ်ကြောင်းနှင့် စားတော်ပဲအား အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုထားခြင်းကို နောက်ထပ် သက်တမ်း ၃
၁၀ ကြိမ်မြောက် နိုင်ငံတကာ သင်္ဘောတည်ဆောက်ခြင်းနှင့် ကမ်းလွန်နည်းပညာ ပြပွဲ (Vietship 2025 ) ကို မတ်လ ၅ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အမျိုးသား ကွန်းဖရန့်စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သုံးရက်ကြာကျင်းပပြုလုပ်သည့် ထိုပွဲတွင် ပြည်တွင်းနှင့်ပြည်ပမှ လုပ်ငန်း ၁၀၃ ခုက ပြခန်း ၂၀၀ ကျော်ဖွင့်လှစ်၍ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ သင်္ဘောတည်ဆောက်ခြင်းနှင့် ကမ်းလွန်နည်းပညာကိုရည်ရွယ်သည့် ထိုပြပွဲ တွင် နော်ဝေ၊ နယ်သာလန်၊ တရုတ်၊ ဖင်လန်၊ တောင်ကိုရီးယားနှင့် စင်ကာပူတို့မှ ကုမ္ပဏီကြီး များ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ ပြသသူများသည် သင်္ဘောတည်ဆောက်ခြင်းနှင့် ပြင်ဆင

2025 Mobile World Congress (MWC) သည် သောကြာနေ့တွင် ပြီးဆုံးခဲ့ပြီး တရုတ် ဆက်သွယ်ရေးကုမ္ပဏီများသည် စက်မှုလုပ်ငန်းဆိုင်ရာ ဆုများစွာကို ဆွတ်ခူးကာ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုကဏ္ဍတွင် ၎င်းတို့၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကို အလေးပေးဖော်ပြ ခဲ့သည်။ ယခုနှစ် အခမ်းအနားတွင် နိုင်ငံနှင့် ဒေသပေါင်း ၂၀၅ ခုမှ တက်ရောက်သူ ၁၀၉၀၀၀ ကို ပြပွဲပြသသူ၊ စပွန်ဆာများနှင့် လုပ်ဖော်ကိုင်ဖက် ၂၉၀၀ ကျော်တို့နှင့်အတူ ဆွဲဆောင်ခဲ့ကြောင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော ကမ္ဘာ့စက်မှုလုပ်ငန်းအဖွဲ့ အစည်းဖြစ်သည့် GSMA ၏ထုတ်ပြန်ချက်အရ သိရသည်။ "MWC သည် စက်မှုလုပ်ငန်းများ ဆုံဆည်းရာနေရာဖြစ်ပြီး ယခုနှစ် အခမ်းအနားတွင် န

မက္ကဆီကိုသမ္မတ Claudia Sheinbaum နှင့် အမေရိကန်သမ္မတ Donald Trump တို့သည် အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် (USMCA) ၏ မူလဇစ်မြစ်စည်းမျဉ်းများကို လိုက်နာသော မက္ကဆီကို ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ကောက်ခံ မှုအား တစ်လကြာ ရပ်နားထားရန် သဘောတူညီခဲ့ကြောင်း Shein က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ Sheinbaum မှသူမ၏ကြာသပတေးနေ့ နံနက်က Trump နှင့်တယ်လီဖုန်း ပြောဆိုမှုအတွင်းသူမသည် ဧပြီလ ၂ ရက်နေ့အထိ အကောက်ခွန်မှကင်းလွတ်ခွင့်ပေးရန် သဘောတူကြောင်း Sheinbaum မှပြောကြားခဲ့သည်။ အမေရိကန်သို့ fentanyl စီးဆင်းမှုကို ရပ်တန့်ရန်နှင့် မက္ကဆီကိုသို့ လက်နက်များ မှောင

Apple သည် M3 ချစ်ပ်ထည့်သွင်းပြုလုပ်ထားသော ၁၁ လက်မနှင့် ၁၃ လက်မ အရွယ်နှစ် မျိုးရှိသော iPad Air မော်ဒယ်သစ်များကို ဖေဖော်ဝါရီလ ၄ ရက်နေ့က မိတ်ဆက်ခဲ့သည်။ iPad Air အသစ် သည် Apple Intelligence ကို ပံ့ပိုးပေးပြီး M3 ချစ်ပ်အသုံးပြုထားသည့် iPad Air သည် M1 ချစ်ပ် အသုံးပြုထားသည့် iPad Air နှင့် နှိုင်းယှဉ်ပါက ၂ ဆနီးပါး ပိုမြန်ပြီး A14 Bionic ရှိသော iPad Air ထက် 3.5 ဆ ပိုမြန်သည်ဟု Apple မှ ပြောကြားခဲ့သည်။ ထို့အပြင် Apple မှ M3 ရှိ Neural Engine သည် M1 နှင့် နှိုင်းယှဉ်ပါက AI-based workloads အတွက် ၆၀ ရာခိုင်နှုန်းအထိ ပိုမြန်သည်ဟုဆို သည်။ ကုမ္ပဏီသည် iPad ကို သိုလှောင်မှု နှစ်ဆနှင့် A16

ဗီယက်နမ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) သည် ဖေဖော်ဝါရီလတွင် တစ်နှစ် ထက်တစ်နှစ် ၂.၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗီယက်နမ် အထွေထွေစာရင်းအင်းရုံးက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၏ ပထမ ၂ လတွင် ဗီယက်နမ်၏ငရုတ်ကောင်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၉.၄ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း၏ အဆိုအရ နိုင်ငံသည် ထို ၂ လတာကာလအတွင်း ငရုတ်ကောင်း တန်ချိန် ၂၈၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၈.၇ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏စိုက်ခင်းဧရိယာသည် ကော်ဖီ၊ ရာဘာ၊ လက်ဖက်နှင့် သီဟိုဠ်ကဲ့သို့သော အခြား အဓိက သီးနှံများထက် နည်းပါးသော်လည်း ငရုတ်ကောင်းသည် တန်ဖိုးမြင့်ကုန်ပစ္စည်းအဖြစ် ဆက်လက် ရပ်တည်
