Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Jan 2024

   တရုတ်နိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်သည့် ရှောင်းမီကုမ္ပဏီသည် Xiaomi SU7 ဟုအမည်ပေးထားသည့် ၎င်းတို့၏ ပထမဆုံးသောလျှပ်စစ်ကားကို စတင်ပွဲထုတ်ပြသခဲ့ပြီး မော်တော်ကားလုပ်ငန်းကဏ္ဍသို့ ချဲ့ထွင်ဝင်ရောက်လာခဲ့ကြောင်းသိရပါသည်။

    ကုမ္ပဏီ၏ အလုပ်အမှုဆောင်အဖွဲ့အကြီးအကဲ လိုင်ဂျွန်သည် လာမည့်ဆယ်စုနှစ် ၂ခုအတွင်း ကမ္ဘာ့ထိပ်တန်း ၅ခုစာရင်းဝင် ကားထုတ်လုပ်သည့်လုပ်ငန်းဖြစ်လာပြီး တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းကဏ္ဍကို ပိုမိုမြင့်တက်လာစေရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

09 Jan 2024

  တိုင်းပြည်၏စီးပွားရေးကိုပံ့ပိုးပေးပြီး ကုန်သွယ်မှုပိုမိုတိုးတက်လာစေရန်အတွက် သွင်းကုန်အကောက်ခွန်မူဝါဒများကို ပြင်ဆင်ညှိနှိုင်းမှုတချို့ပြုလုပ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ သွင်းကုန်အကောက်ခွန်ကော်မရှင်က ပြောကြားခဲ့ပါသည်။ ပြုပြင်ပြောင်းလဲမှုများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး ကုန်ပစ္စည်းတချို့၏ သွင်းကုန်နှင့် ပို့ကုန်ဆိုင်ရာအခွန်အခများကို ညှိနှိုင်းပေးခြင်းတို့ပါဝင်ကြောင်းသိရှိရပါသည်။

09 Jan 2024

   ရုရှားနိုင်ငံအစိုးရသည် ပြောင်းလဲလာသည့် ကမ္ဘာ့စီးပွားရေးအခြေအနေကို တုံပြန်သည့်အနေဖြင့် ဆန်တင်ပို့မှုပိတ်ပင်ထားခြင်းအား ၂၀၂၄ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်တွင်းဈေး ကွက်တည်ငြိမ်ရေးတို့အတွက် အစိုးရ၏ကတိကဝတ်ကို အလေးပေးဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

09 Jan 2024

    တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၄ ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲ တမ်းကော်မတီ၏ (၇) ခုမြောက်အစည်းအဝေး၌ ၂ဝ၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အကျိုး သက်ရောက်မည့် အစားအသောက်ဖူလုံမှုဥပဒေကို ပြဌာန်းခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အစား အသောက်ရောင်းချမှုကွင်းဆက်တစ်လျှောက် စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံ၌ အစားအသောက်ဖူလုံမှုဥပဒေကို ပြဌာန်းလိုက်ခြင်းမှာ နိုင်ငံ၏အစားအသောက်ဖူလုံမှုကို တိုးတက်စေခြင်း၊ စွန့်စားမှုအန္တရာယ်များကို ကာကွယ်နိုင်ခြင်း၊ အရေးပေါ်စီမံကွပ်ကဲနိုင်ခြင်းနှင့် စီးပွား ရေးကြံ့ကြံ့ခံနိုင်ရန် အခြေခံအုတ်မြစ်တည်ဆောက်နိုင်ခြင်းစသည်တို့ကို ဆောင်

09 Jan 2024

    အိန္ဒိယနိုင်ငံတွင် ၂ဝ၂၃-၂၄ ရာသီကာလ ပထမ (၃) လအတွင်း သကြားအဓိကထွက်ရှိသည့် ပြည်နယ်များတွင် သကြားအထွက်နှုန်းလျော့နည်းခဲ့ခြင်းကြောင့် သကြားအထွက်ပမာဏမှာ ၇.၇ ရာခိုင်နှုန်းလျော့နည်းကျဆင်းပြီး တန်ချိန် ၁၁၂ သိန်းသို့ လျော့နည်းထွက်ရှိခဲ့ကြောင်း The National Federation of Cooperative Sugar Factories Limited (NFCSF) က ပြောကြားခဲ့ပါသည်။ ၂ဝ၂၂-၂၃ ရာသီကာလ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း သကြားထုတ်လုပ်မှုမှာ တန်ချိန် ၁၂၁.၃၅ သိန်းရှိခဲ့ကြောင်း သိရှိရပါသည်။ NFCSF က အိန္ဒိယနိုင်ငံတွင် သကြားရာသီ ကာလမှာ အောက်တိုဘာလမှ စက်တင်ဘာလအထိဖြစ်ပြီး အိန္ဒိယနိုင်ငံ၏သကြားထွက်ရှိမှုမှာ ၂ဝ၂၂-၂၃ ရာသီကာလတွင် တန်

09 Jan 2024

      အင်ဒိုနီးရှားနိုင်ငံသည် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စားအုန်းဆီရည်ညွှန်း ဈေးနှုန်းအား တစ်တန်လျှင် ဒေါ်လာ ၇၆၇.၅၁ ရှိရာမှ ဒေါ်လာ ၇၄၆.၆၉ သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနအရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။ အဆိုပါရည်ညွှန်း ဈေးကြောင့် စားအုန်းဆီပို့ကုန်ခွန်မှာ တစ်တန်လျှင် ၁၈ ဒေါ်လာနှင့် ပို့ကုန်ခွန်စည်းကြပ်နှုန်းမှာ တစ်တန်လျှင် ၇၅ ဒေါ်လာအသီးသီး ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရည်ညွှန်းဈေးဖော်ပြသည့် တရားဝင်အမိန့်ကိုမူ ပြည်သူများသို့ ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရှိရပါသည်။

09 Jan 2024

    ကမ္ဘောဒီးယားနိုင်ငံ၌ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးမြှင့်တင်ရန်နှင့် ပြည်ပဝယ်လိုအားနည်းပါးမှုအရ ရော်ဘာဈေးနှုန်းများကျဆင်းမှုနှင့် ရင်ဆိုင်နေရသော ပို့ကုန်လုပ်ငန်းရှင် များနှင့် စိုက်ပျိုးထုတ်လုပ်သူများကို အထောက်အပံ့ပြုရန် ရည်ရွယ်လျက် ရော်ဘာတင်ပို့မှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုခြင်းကို ၁-၁-၂၀၂၄ ရက်နေ့မှ စတင်၍ နောက်ထပ် ၂ နှစ်အထိ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

09 Jan 2024

   အိန္ဒိယနိုင်ငံတွင် လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ အဓိကစိုက်ပျိုးရာဒေသများ၌ မိုးရေချိန်လျော့နည်းစွာ ရရှိခဲ့ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှုကျဆင်းခဲ့ရာ ပြည်ပမှ ပဲမျိုးစုံ တင်သွင်းမှုမှာ ၆ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ ယခင် ဘဏ္ဍာနှစ်၌ ပဲမျိုးစုံတင်သွင်းခဲ့မှုပမာဏ တန်ချိန် ၂.၂၉ သန်းအပေါ် ၃၁% ခန့် ပိုမိုလျက် ယခုနှစ်တွင် တန်ချိန် ၃ သန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြသည်။

02 Jan 2024

    အိန္ဒိယပြည်တွင်း၌ ဝယ်လိုအား ဆက်လက်မြင့်မားနိုင်မှုနှင့် ဈေးနှုန်းများ ထိန်းသိမ်းရန် လိုအပ်သည့် အခြေအနေများအရ ၃၁-၃-၂၀၂၄ နေ့တွင် သက်တမ်းပြည့်မြောက်မည်ဖြစ်သော ပဲစင်းငုံနှင့် မတ်ပဲအား အရေအတွက်ကန့်သတ်ချက်မရှိပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့်  မူဝါဒကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း အိန္ဒိယအစိုးရက ၂၈-၁၂-၂၀၂၃ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

02 Jan 2024

   ရေနံဈေးနှုန်းများ ကျဆင်းမှုမရှိစေရေးအတွက် လွန်ခဲ့သောလများမှ စတင်၍ ထုတ်လုပ်မှု ထပ်မံလျှော့ချရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော ရေနံတင်ပို့သည့်နိုင်ငံများ အဖွဲ့အစည်း (Organization for Petroleum Exporting Countries-OPEC) မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း အင်ဂိုလာနိုင်ငံအစိုးရက ၂၁-၁၂-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

02 Jan 2024

    အိန္ဒိယနိုင်ငံ၌ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်ရန်ရည်ရွယ်လျက် စားသုံးဆီများဖြစ်သော သန့်စင်ပြီး ပဲပုပ်ဆီနှင့် နေကြာဆီများ တင်သွင်းမှုအပေါ် အခွန်လျှော့ချ သတ်မှတ် ထားရှိမှုအား ၂၀၂၅ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်သည့် အမိန့်ကြော်ငြာစာကို အစိုးရက ၂၂-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

Pages