Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Nov 2024

         ကုန်စည်နှင့် အခြားထုတ်ကုန်များစွာအတွက် ပို့ကုန်အခွန်ပြန်အမ်းပေးမှုကိုလျှော့ချမည် သို့မဟုတ် ပယ်ဖျက်မည်ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သောကြာနေ့တွင် ဖြေကြားခဲ့သည်။ တရုတ်နိုင်ငံသည် သန့်စင်ပြီး ရေနံထွက်ကုန်တချို့၊ ဓာတ်ရောင်ခြည်သုံးပစ္စည်းများဘတ်ထရီနှင့် သတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းတချို့တို့အတွက် ပို့ကုန်အခွန်ပြန်အမ်းနှုန်းကို ၁၃% မှ ၉% အထိလျှော့ချမည်ဖြစ်သည်။ အလူမီနီယမ်နှင့် ကြေးနီထုတ်ကုန်များ၊ ဓာတုဗေဒနည်းဖြင့် ပြုပြင်ထားသောတိရိစ္ဆာန်၊ အပင် သို့မဟုတ် အဏုဇီဝဆီများနှင့် အဆီများအတွက် ပြန်အမ်းငွေကိုလည်းပယ်ဖျက်သွားမည်ဖြစ်သည်။ ကုန်သည်များသည် နိုင်ငံခြား သို့မဟုတ် တ

21 Nov 2024

         အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမလေးလအတွင်း ၁၀.၄၄% တိုးလာကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရိုမှ ၁၆-၁၁-၂၀၂၄ ရက်နေ့ (စနေနေ့) ကထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။ ကဏ္ဍနှစ်ခုမှ ပို့ကုန်များသည် ဘဏ္ဍာနှစ်သစ်၏ ပထမလဖြစ်သော ဇူလိုင်လတွင် အနုတ်လက္ခဏာ ၃.၀၉% ရှိခဲ့သော်လည်း ဩဂုတ်လတွင် ၁၃% ကျော်၊ စက်တင်ဘာလတွင် ၁၇.၉၂% နှင့် အောက်တိုဘာလတွင် ၁၃.၁၁% ဖြင့် ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့သည်။ လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြင်းထန်သောအခွန်ကောက်ခံမှုအစီအမံများကို အကောင်အထည်ဖော်ခြင်းကြောင့် ကဏ္ဍများသည် ဒေသတွင်းပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ရန် ရုန်းကန်ရနိုင်သည်ဟု ကျွမ်း

19 Nov 2024

                  တောင်အာရှသည် ဗီယက်နမ်၏အဓိကပို့ကုန်များအတွက် သင့်လျှော်သည့်တည်ငြိမ်မှုရှိသော စားသုံးသူဝယ်လိုအားနှင့် ကျယ်ပြန့်သည့်စျေးကွက်ဖြစ်သော်လည်း ထိုဒေသတွင် ကုန်သွယ်ရေးအလားအလာသည် အပြည့်အဝရောက်ရှိရန်ဆက်လက်ကျန်ရှိနေသေးကြောင်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုဝင်ဘာလ၁၃ ရက်နေ့ကကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကျွမ်းကျင်သူများကပြောကြားခဲ့ကြောင်းသိရပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲကို International Integration Support အတွက်ဟိုချီမင်းမြို့တော်စင်တာ (CIIS)၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အာရှ-အာဖရိကစျေးကွက်ဦးစီးဌာနကပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်သိသာထင်ရှားသေ

19 Nov 2024

                ဗီယက်နမ်နိုင်ငံအခြေစိုက် Vingroup ၏ကုမ္ပဏီခွဲဖြစ်သည့် VinFast သည် အောက်တိုဘာလတွင် EV အစင်း ၁၁၀၀၀ရောင်းချခဲ့ပြီး ၂၀၂၄ ၏ ပထမဆယ်လတာကာလအတွက် စုစုပေါင်းအစင်းရေ ၅၁၀၀၀ရောင်းချခဲ့ရသည့်အတွက် ဗီယက်နမ်တွင်အရောင်းရဆုံးကားအမှတ်တံဆိပ်အဖြစ် ရပ်တည်ခဲ့ကြောင်းသိရပါသည်။ VF 3 နှင့် VF 5 တို့မှာအ‌ရောင်းရဆုံးမော်ဒယ်များဖြစ်ပြီး အစင်းရေ ၅၀၀၀ နီးပါးနှင့် ၂၆၀၀ ကျော်အသီးသီးရောင်းချခဲ့ရကြောင်းသိရပါသည်။ VF 6၊ VF 7၊  VF 8၊ VF 9နှင့် VF e34 တို့ပါဝင်သော အခြားမော်ဒယ်များမှာလည်း အထင်ကြီးဖွယ်‌ရောင်းချရမှုပမာဏရှိခဲ့ပြီး စားသုံးသူများ၏ လျှပ်စစ်မော်တော်ယာဥ်များနှင့် အစိမ်းရောင်အရွေ့ဆီသို့ ဦး

19 Nov 2024

               အိန္ဒိယနိုင်ငံသို့ အမေရိကန်မှ ကြက်ဆင်ထုတ်ကုန်များပထမဆုံးအကြိမ်တင်ပို့မှုသည် ၁၁.၁၂.၂၀၂၄ (အင်္ဂါနေ့) ကစတင်ခဲ့ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုဆက်ဆံရေးတွင် ခြေလှမ်းအသစ်တစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ အမေရိကန်ကြက်ဆင်ထုတ်ကုန်များအပေါ် အခွန်မြင့်မားစွာလျော့ချရန် အမေရိကန်တောင်းဆိုချက်ကို အိန္ဒိယမှသဘောတူပြီးတစ်နှစ်ကျော်အကြာတွင် အဆိုပါတင်ပို့မှုစတင်ခဲ့ခြင်းဖြစ်သည်။ ဆီးနိတ် India Cacus ၏ ပူးတွဲ ဥက္ကဋ္ဌလည်းဖြစ်သည့် -Virginia မှ အမေရိကန်အထက်လွှတ်တော်အမတ် Mark Worner မှ ၎င်းသည် နိုင်ငံတကာကုန်သွယ်မှုသမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ကြက်ဆင်ထုတ်ကုန်မ

19 Nov 2024

              ရုရှားနှင့် ယူကရိန်းတို့မှပြိုင်ဆိုင်မှုပြင်းထန်သဖြင့် ဥရောပဂျုံဈေးသည် ၁၃.၁၁.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) တွင် ကျဆင်းခဲ့ပြီး ဥရောပသမဂ္ဂတင်ပို့ရောင်းချမှုအလားအလာမှာ ကျဆင်းခဲ့ပါသည်။ ပဲရစ်အခြေစိုက် Euronext တွင် ဒီဇင်ဘာဂျုံကြိတ်ခွဲမှုသည် ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး  ယူရို၂၁၁.၀၀ သို့ကျဆင်းသွားခဲ့သည်။ ရုရှား ၁၂.၅ ရာခိုင်နှုန်း ပရိုတိန်းဈေးနှုန်းများသည် FOB တစ်တန်လျှင် ၂၃၀ ဒေါ်လာအောက်နှင့် ၁၁.၅ ရာခိုင်နှုန်းလျှင် ၂၂၀ ဒေါ်လာအောက်ရှိပြီး အနောက်ဥရောပသမဂ္ဂသည် အဓိကအာရပ်နှင့် အာဖရိကတင်သွင်းသူများကြားတွင် လက်တွေ့ကျကျယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ဂျာမနီကုန်သည်တစ်ဦးမှ ပြ

19 Nov 2024

                အင်ဒိုနီးရှားသမ္မတ Prabowo Subianto နှင့် အမေရိကန်သမ္မတ Joe Biden တို့သည် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်မှုအခွင့်အလမ်းများကိုမြှင့်တင်ခြင်းအားဖြင့် စီးပွားရေးဆက်ဆံမှုနက်ရှိုင်းစေရန် သဘောတူညီခဲ့ကြကြောင်းသိရပါသည်။ ထိုသဘောတူညီချက်သည် အမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်ရှိ သမ္မတအိမ်ဖြူ‌တော်တွင်ပြုလုပ်သည့်  ၎င်းတို့၏အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း whitehouse.gov website တွင်ထုတ်ပြန်ချက်အရသိရပါသည်။ ပူးတွဲထုတ်ပြန်ချက်အရ  ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံစလုံးမှပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန်ရန် တည်ငြိမ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတ

19 Nov 2024

              ယခုနှစ်တွင် ဗီယက်နမ်၏အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန်ခန့်မှန်းရကြောင်း ဗီယက်နမ်နိုင်ငံအဝတ်အထည်နှင့် အထည်အလိပ်အသင်း( VUTAS) ၏ ဥက္ကဌဖြစ်သူ Vu Duc Giang ကပြောကြားခဲ့ပါသည်။ VITAS ၏အဆိုအရ အောက်တိုဘာလတွင် အဝတ်အထည်နှင့်အထည်အလိပ်စုစုပေါင်းတင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၈၆ ဘီလီယံရရှိခဲ့ပြီး စက်တင်ဘာလထက် ၁၀.၇% မြင့်တက်ခဲ့ကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထက် ၂၄.၂၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ပထမ ၁၀လတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ၃၆.၁၁ ဘီလီယံရရှိခဲ့ပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၉.၈၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက

19 Nov 2024

                 အိန္ဒိယနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယားနှင့်ထိုင်းနိုင်ငံတို့မှ ကော်စက်ရုံများတွင် အဓိကအသုံးပြုသည့် ဓာတုဗေဒပစ္စည်းတစ်တန်လျှင် ဒေါ်လာ ၅၅၇ အထိကြွေးမြုပ်တိုက်ဖျက်ရေး အခွန်ကိုငါးနှစ်သတ်မှတ်ခဲ့ပြီး ဈေးပေါသောသွင်းကုန်များမှပြည်တွင်းထုတ်လုပ်သူများအား အကာအကွယ်ပေးနိုင်ရန်အတွက်ချမှတ်ခြင်းဖြစ်ကြောင်းသိရသည်။ အမိန့်ကြော်ငြာစာအရ ချမှတ်ထားသောမြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်အား (ပြန်လည်ရုတ်သိမ်းခြင်းအစားထိုးခြင်း သို့မဟုတ် ပြင်ဆင်ခြင်းမပြုပါက) ငါးနှစ်အထိစည်းကြပ်သွားမည်ဖြစ်ကြောင်း အခွန်ဦးစီးဌာန၏အမိန့်ကြေငြာစာတွင်ဖော်ပြထားသည်။ ထိုအခွန်အား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စမ်းစစ

19 Nov 2024

               ကမ္ဘောဒီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၀ လအတွင်းအမေရိကန်ဒေါ်လာ ၈.၄၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉.၇ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန၏ ပို့ကုန်သွင်းကုန်အချက်အလက်များအရ သိရသည်။ (GDCE)  ၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၈.၂၃ ဘီလီယံရှိပြီး အမေရိကန်မှတင်သွင်းမှုသည် ဒေါ်လာ ၂၁၇ သန်းတန်ဖိုးရှိကြောင်းသိရသည်။ ကမ္ဘောဒီးယားမှအမေရိက

19 Nov 2024

                ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်သော ပတ်ဝန်းကျင်ကိုပံ့ပိုးပေးသောကြောင့်၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် ဘေးကင်းကြောင်း ၁၂-၁၁-၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်သူများနှင့် ညစာစားပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ ထိုပွဲတွင် လုပ်ငန်လည်ပတ်ပြီးတိုးတက်ရန်အတွက် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုလိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုပိုမိုနှစ်သက်ပြီး ကမ္ဘောဒီးယားက ထိုအရာများကိုဖန်တီးပေးနိုင်ကြောင်းပြောကြားခဲ့သည်။ စဉ်ဆက်မပြတ်

19 Nov 2024

               ကမ္ဘောဒီးယား-ဗြိတိန် စီးပွားရေးဆိုင်ရာအစည်းအဝေးတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမြင်များဆွေးနွေးဖလှယ်ခြင်း၊ ကမ္ဘောဒီးယားတွင်ရင်းနှီးမြှုပ်နှံမှုအခြေအနေများမြှင့်တင်ရန်နှင့် ဗြိတိန်ရင်းနှီးမြှုပ်နှံသူးများအတွက် အခွင့်အလမ်းများကိုလေ့လာရန်ဆွေးနွေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဝန်ကြီးချုပ် Sun Chanthol အား ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေးအား ဗြိတိန်အစိုးရကိုယ်စားလှယ်များကဖိတ်ကြားခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမှပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှ

Pages