ပြည်ပကုန်သွယ်မှုသတင်းများ
၂၀၂၆ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အိန္ဒိယအစိုးရက ဂျုံသီးနှံသည် လက်ရှိသိုလှောင် စာရင်း အခြေအနေအရ ကောင်းမွန်နေပြီး ထပ်မံရိတ်သိမ်းမှုများလည်း ကောင်းမွန်မည်ဟု မျှော်မှန်းထား
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၅၈ သန်းကျော် ဝင်ငွေရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းကျော် တိုးမြင့်လာကြောင်း၊ ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း သီဟိုဠ်စေ့ တင်ပို့မှုသည် ယခင်နှစ် ကာလတူ၌ အမေရိကန်ဒေါ်လာ ၂၉၂ သန်း နီးပါးရှိရာမှ အမေရိကန်ဒေါ်လာ ၆၆ သန်း နီးပါး (၂၂.၅၄%) တိုးလာကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ အစီရင်ခံစာအရ သိရှိရသည်။
အီရန်စစ်ပွဲကြောင့် မြေသြဇာရှားပါးမှုနှင့် စက်သုံးဆီစျေးနှုန်း အဆမတန် မြင့်တက် လာခြင်းတို့ ဖြစ်ပေါ်လျက်ရှိပြီး အာရှတစ်လွှားရှိ တောင်သူများမှာ စိုက်ပျိုးဧရိယာများကို လျှော့ချနေကြသည်။ ထို့အပြင် အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်လာခြင်းကြောင့်လည်း ကမ္ဘာပေါ် တွင် စားသုံးမှု အများဆုံးဖြစ်သည့် ဆန်စပါးထွက်ရှိမှုကို ထိခိုက်စေနိုင်ပြီး ယခုနှစ်အတွင်း ဆန် ရိက္ခာ ထောက်ပံ့မှု ကျဆင်းလာဖွယ်ရှိသည်။
ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုမှာ ဆက်လက်အားကောင်းနေဆဲဖြစ်သော် လည်း ကုန်သွယ်ရေးလိုငွေပြနေမှုသည် ဆက်လက်ကျယ်ပြန့်လျက်ရှိသဖြင့် အလုံးစုံလွှမ်းခြုံရှုမြင် ပါက ကုန်သွယ်ရေး ဖွဲ့စည်းတည်ဆောက်ပုံအရ ထိလွယ်ရှလွယ်သည့် အခြေအနေရှိကြောင်း ညွှန်ပြလျက်ရှိသည်။

ဓာတ်မြေဩဇာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိမှုနှင့်အတူ အယ်လ်နီညို (El Niño) ရာသီဥတု ဖြစ်စဉ်ကြောင့် ယခုနှစ် စပါးထွက်ရှိမှု လျော့နည်းနိုင်ခြေရှိခြင်းအရ နိုင်ငံ၏ ဆန် တင်သွင်းမှုပမာဏသည် စံချိန်တင်မြင့်တက်ဖွယ်ရှိကြောင်း ဖိလစ်ပိုင်

ဗီယက်နမ်နိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍသည် တစ်နှစ်လျှင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်အထိ ရရှိနေပြီး ပို့ကုန်တန်ဖိုးအရ ကမ္ဘာ့အဆင့် (၃) နေရာတွင် ရပ်တည်လျက်ရှိသည်။ သို့သော်လည်း မျိုးကောင်းမျိုးသန့်ရရှိမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများရှိနေသဖြင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်မှာ အရေးကြီးသော လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့

ဗီယက်နမ်နိုင်ငံ၊ ထိုင်းငုယင်ပြည်နယ်သည် ၎င်း၏လက်ဖက်စိုက်ပျိုးရေးကဏ္ဍကို မဟာဗျူဟာမြောက် ဦးတည်ချက်များ၊ ခေတ်မီထုတ်လုပ်မှုပုံစံများဖြင့် အဆင့်မြှင့်တင်ကာ ၂၀၃၀ ပြည့်နှစ်တွင် “ဒေါ်လာဘီလီယံတန် သီးနှံ” (Billion-dollar crop) ဖြစ်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသ

စင်္ကာပူနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် မတ်လတွင် ယခင်နှစ် အလားတူကာလထက် ၁၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ်၏ စုစုပေါင်းတိုးတက်မှုမှာ ၇.၉ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက် များအရ သိရှိရသည်။

ဆန်သည် မြန်မာတို့၏ အစားအစာစနစ်တွင် နေ့စဉ်အခြေခံလိုအပ်ချက်ဖြစ်နေပြီး မြန်မာ ပြည်သူလူထုအတွက် အရေးပါသော အဓိကစားသောက်ကုန်စည်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့်

အိန္ဒိယဗဟိုအစိုးရသည် ပြည်နယ်အနှံအပြားရှိ အာလူးစိုက်တောင်သူများကို ကာကွယ်ပေး သည့်အနေဖြင့် တစ်တန်လျှင် ၆၅၀၀.၉၀ ရူပီး ဈေးကွက်ပေါက်ဈေးရှိ Uttar Pradesh ပြည်နယ်မှ အာလူးများအား သန်း ၂၀၃.၁၅ အထိ ဝယ်ယူရန် အတည်ပြုလိုက်ကြောင်းသိရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ရော်ဘာကဏ္ဍသည် ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ဇန်နဝါရီမှ မတ်လအထိ ရော်ဘာနှင့် ရော်ဘာအခြေခံထုတ်ကုန်များ တင်ပို့မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၄၉ သန်း ရရှိခဲ့ကြောင်း အကောက်ခွန်နှင့် ယစ်မျိုးခွန်ဦးစီးဌာန (GDCE) မှ ထုတ်ပြန်သော ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ သိရသည်။

အင်ဒိုနီးရှားအစိုးရ၏ အရန်ဆန်လက်ကျန်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ တန်ချိန် ၅,၀၀၀,၁၉၈ သန်း သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ နိုင်ငံ၏သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင် ပမာဏဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ကြေညာခဲ့သည်။

