Main menu

ကမ္ဘောဒီးယား-မလေးရှား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ဆွေးနွေး

Powered by Drupal

                                   ကမ္ဘောဒီးယား ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CCC) ဥက္ကဋ္ဌ Kith Meng နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Shaharuddin Onn တို့ ၁၄-၉-၂၀၂၆ ရက်နေ့ကတွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။  Kith Meng က မလေးရှားစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘောဒီးယား၏ အလားအလာကောင်းသည့် ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံရန်တိုက်တွန်းခဲ့ပြီး ကမ္ဘောဒီးယားတွင်ရင်းနှီးမြှုပ်နှံမှုအတွက် အဆင်ပြေသည့် ပတ်ဝန်းကျင် ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် CCC နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန (ACU) တို့အကြား လက်မှတ်ရေးထိုးထားသည့် MoU သည် ပုဂ္ဂလိကကဏ္ဍ ပွင့်လင်းမြင်သာမှုနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းမွန်မှုကို ပြသကြောင်း ၎င်းက ဆိုသည်။ သံအမတ်ကြီးကကမ္ဘောဒီးယား၏ပုဂ္ဂလိကကဏ္ဍတိုးတက်လာမှုသည်မလေးရှားရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၁၇ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၂၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၂၀၂၄ ခုနှစ်အထိ ကမ္ဘောဒီးယားတွင် မလေးရှား၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံခန့် ရှိခဲ့သည်။ ထို့အပြင် Kith Meng က ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အရေးအခင်းအတွင်း မလေးရှား၏ ကြားဝင်ညှိနှိုင်းပေးမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။  

DOCA (ရန်ကုန်)